ဖေဖော်ဝါရီလ(၁၂-၁၃-၁၄)(၃)ရက်အတွင်း လောက်ကိုင်စစ်ဘေးရှောင်တိုင်းရင်းသားညီအစ်ကိုမောင်နှမ ဒုက္ခသည်များအတွက် ရှမ်း/မြောက်(မ.ဘ.သ)ကို လာရောက်လှူဒါန်းကြတဲ့ အလှူငွေပေါင်း ကျပ်သိန်း(၈၀)ကျပ် ၀န်းကျင်လောက်ရှိတယ်လို့ သိရပြီး လောက်ကိုင်စစ်ဘေးရှောင် မိမိတို့တိုင်းရင်းသား ဒုက္ခသည်(၆၀၀၀) ၀န်းကျင်လောက်ကို ကားကြီး ကားငယ် စုစုပေါင်း(၁၀၀)စီးလောက်ဖြင့် မန္တလေးသို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် (မ.ဘ.သ)ကို ဗမာလူမျိုးတစ်ခုတည်းအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဆိုပြီး သွေးခွဲသပ်သျှိုနေတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကို ယခု ရှမ်း/မြောက်(မ.ဘ.သ) လုပ်ဆောင်ချက်နဲ့အတူ (မ.ဘ.သ)ဆိုတာ တိုင်းရင်းသားအားလုံးတို့ ဒုက္ခကြုံတွေ့ ခံစားနေရပြီဆိုရင် မည်သူမှ မကူညီလည်းဘဲ မိမိတို့တိုင်းရင်းသား တစ်မျိုးသားလုံးနဲ့အတူတကွ အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက် ဆင်းရဲချမ်းသာ၊ အေးအတူပူအမျှ ရှိနေပါကြောင်းကို တင်ပြလိုက်ရပါတယ်။
အညွန့်(လားရှိုး)