မြန်အောင်၊ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက် (၃.၂.၂၀၁၅)ရက်နေ့၊ ည (၁၀း၀၀)နာရီခန့်တွင် နေစိုး(ခ) ပူစူး၊ (ခ) အွတ်စမန် မှတ်ပုံတင်အမှတ်(၁၄/မအန(နိုင်)၀၄၄၇၂၉၊ အသက် (၅၂)နှစ်၊ (ဘ) ဦးအေးစိုး(ခ)အီဘရာဟင် ဆိုသူ မွတ်ကုလားတစ်ယောက်သည် အရက်သေစာသောက်စားမူယစ်ပြီး “မင်းတို့ဗမာတွေ (၁၀)ခေါင်းဖြတ်ပြီးမှ ငါ့ တစ်ခေါင်းအဖြတ်ခံမယ်”စသည်ဖြင့် ရပ်ကွက်အတွင်း ဆဲဆိုရမ်းကားခြင်း၊ ဘာသာရေး လူမျိုးရေးဆိုင်ရာ ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများတိုင်ကြားချက်ဖြင့် မြန်အောင်မြို့နယ် ရဲစခန်းမှ လာရောက်ဖမ်းဆီးကာ ပ/၃၅ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
မွတ်ကုလား အွတ်စမန်သည် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စိန်ဝတ်မှုံ(၄)လမ်းတွင်နေထိုင်ပြီး ပဲပြားလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါသည်။ ၎င်းဆဲဆိုရမ်းကားခြင်း၊ ရန်စကားပြောခြင်းနဲ့ပတ်သက်၍ ပြင်ပတွင်ဆက်လက်လွတ်ထားပါက လူမျိုးရေး၊ ဘာသာရေးအရ မလိုလားအပ်သောပြဿနာများ ဖြစ်ပွားလာနိုင်သဖြင့် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှ (၄.၂.၂၀၁၅)ရက်နေ့၊ မနက် (၁၀း၀၀)နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးမှ အွတ်စမန်အား ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ပြီး ၎င်းနေ့မှာပင် မွတ်ကုလား အွတ်စမန်အား ရဲအက် (၄၇)ဖြင့် ထောင်ဒဏ် (၇)ရက် ချမှတ်ခဲ့ကြောင်း သိရသည်။
မွတ်ကုလား အွတ်စမန်အား ပုဒ်မ (၂၉၄)နှင့် (၅၀၆)တို့ဖြင့် အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးကာ အမှတ်(၁)ရပ်ကွက်၊ စိန်ဝတ်မှုံ(၄)လမ်း ဆယ်အိမ်ခေါင်းမှ တရားလိုပြုလုပ်၍ (၆.၂.၂၀၁၅)ရက်နေ့တွင် ရုံးထုတ်ပြီး သက်သေများအား စစ်ဆေးခဲ့ကြောင်း၊ (၁၈.၂.၂၀၁၅)ရက်နေ့တွင် ရုံးပြန်ချိန်းထားကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီသတင်းထောက်)