Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အရှေ့တံခါးမှ ဆုံးပါးစစ်သည်များအတွက် မျိုးချစ်ရဟန်းရှင်လူ ပြည်သူများ၏ ဆုတောင်းသံ”

$
0
0
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်မြို့ပေါ်ရှိ မျိုးချစ်အင်အားစုများဖြစ်ကြသည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ မျိုးချစ်လူငယ်များကွန်ယက်နှင့် မြန်မာအမျိုးသားရေးကွန်ယက်တို့မှ လောက်ကိုင်တိုက်ပွဲတွင် ကျဆုံးစစ်သည်များအတွက် ဆုတောင်းပွဲနှင့် အမျှအတန်းပေးဝေပွဲကို ယနေ့ (၁၅.၂.၂၀၁၅)ရက်နေ့၊ မနက် (၉း၀၀)နာရီတွင် ရွှေတိဂုဘုရားအရှေ့မုဒ် ကြေးသွားဘုရားမှ စတင်ချီတက်ကာ ရွှေတိဂုံဘုရားအောင်မြေကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေကျောင်းဆရာတော်ဦးပါမောက္ခအပါအဝင် မျိုးချစ်အဖွဲ့ အသီးသီးမှ စုစုပေါင်းအင်အား (၂၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းနားကို အစီအစဉ် (၈)ရပ်ဖြင့် ကျင်းပခဲ့ရာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဉာဏဓမ္မမှ ငါးပါးသီလပေးခြင်း၊ ကျဆုံးစစ်သည်များ ကောင်းရာသုဂတိလားစေရန် ရည်သန်၍ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁)မိနစ် ငြိမ်သက်စွာနေခြင်း၊ ဤပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆရာတော်ဦးပါမောက္ခမှ ရှင်းလင်းမိန့်ကြားခြင်း၊ ကျဆုံးစစ်သည်များအတွက် မျိုးချစ်အဖွဲ့အသီးသီးမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခြင်း၊ အမျှအတန်းပေးဝေခြင်း တို့ဖြင့်ကျင်းပပြီး ဗုဒ္ဓသာသနံ စိရိတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီသတင်းထောက်)
















































Viewing all articles
Browse latest Browse all 2129

Trending Articles