Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝှိုက်ကတ်ကိစ္စ ရဟန်းရှင်လူ ပြည်သူလူထု ထောင်နှင့်ချီ၍ ကန့်ကွက်ဆန္ဒပြမည်”

$
0
0
ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့က အတည်ပြုခဲ့သည့် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းပြည်သူ ထောင်နှင့်ချီ၍ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆရာတော်ဦးပါမောက္ခက News Watch ဂျာနယ်သို့ မိန့်ကြားသည်။
“ဆရာတော်တို့ ဒီနေ့ပဲ အစည်းအဝေးတိုင်ပြီး ဆုံးဖြတ်လိုက်တာ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ တဲ့ ဝှိုက်ကတ်ကိစ္စကို ကန့်ကွက်ဆန္ဒထုတ်ဖော်မယ်ဆိုပြီး လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ကြေးသွန်း ဘုရားကနေ တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦးရှေ့ထိကို လမ်းလျှောက်ဆန္ဒထုတ်ဖော်မယ်။ အဲဒီအဆောက်အဦးရှေ့မှာပဲ (၇)ရက်ကြာထိ ဆန္ဒထုတ်ဖော်မယ်။ ၈ ရက်မြောက်လို့ လွှတ်တော်က ထူးခြားမှုမရှိရင် နေပြည်တော်ကိုလမ်းလျှောက်မယ်။ နေပြည်တော်ရောက်လို့ လွှတ်တော်က ဘာမှမလုပ်ပေး ဘူးဆိုရင် ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်သွားမယ်” ဟု ဆရာတော်က မိန့်ကြားသည်။
မြောက်ဥက္ကလာမြို့နယ် ဘုန်းကြီးလမ်းအတွင်းရှိ ပဏ္ဍိစ္စာရာမပရိယတ္တိကျောင်းတိုက်အတွင်း မျိုးချစ် သံဃာတော်များနှင့်မျိုးချစ်ပြည်သူများ အစည်းအဝေးထိုင်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဝှိုက် ကတ်နှင့်ပတ်သက်၍ မျိုးချစ်သံဃာတော်များ၊ မျိုးချစ်ပြည်သူများ ထောင်နှင့်ချီပါဝင်မည်ဖြစ်ပြီး အနည်းဆုံး နှစ်ထောင်ကျော်နှင့်သုံးထောင်ကြားတွင် ရှိမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁ နာရီတွင် ကြေးသွန်းဘုရားမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရလွှတ်တော်ရှေ့သို့ လမ်းလျှောက်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့် အား ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့က ထောက်ခံမဲ ၃၂၄မဲ၊ ကန့်ကွက်မဲ ၇၈ မဲ၊ ကြားမဲ ၁၉ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...