Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝှိုက်ကတ်ကိစ္စဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ အရေးပေါ်အစည်းအဝေးခေါ်မည်”

$
0
0

ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)ကိုင်ဆောင် သူများအား မဲပေးခွင့်ပြုရေးကို အတည်ပြုခဲ့သောကြောင့် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်မည့်ကိစ္စရပ်များဆွေးနွေးရန် ရခိုင်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးတခု ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အရေးပေါ်အစည်းအဝေး ခေါ်ယူမည့်နေ့ရက်အတိအကျကို မသတ်မှတ်ရသေးသော်လည်း တပတ်အတွင်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦးက Rakhine News Agency သို့ပြောသည်။
“ဗဟိုကော်မတီအစည်းအဝေးအရေးပေါ်ခေါ်မယ်လို့ စဉ်းစားနေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ အရေးပေါ်ခေါ်မယ်ဆိုရင်တော့ တပတ်အတွင်းဖြစ်မယ်” ဟု ဦးကျော်ဇောဦးက ပြောသည်။
ရခိုင်အမျိုးသားပါတီသည် အဖြူရောင်ကတ်(ဝှိုက်ကတ်)ကိုင်ဆောင်သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့် မရရှိရေး နှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ထားသည်။
ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုး၏ ရေရှည်အကျိုးကိုမကြည့်ဘဲ ရွေးကောက်ပွဲတပွဲ အနိုင်ရရှိရေးကိုသာ ရှေးရှုလုပ်ဆောင်သောညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမားအမည်ခံများ၏ ကိုယ်ကျိုးကြည့်လုပ်ဆောင်မှုများ ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများအရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ အချက် ၄ ချက်ပါကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)ကိုင်ဆောင်ထားသူများအား ဆန္ဒမဲပေးခွင့်ပြုသင့် ကြောင်း သဘော ထားမှတ်ချက်ပေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် သမ္မတ၏ သဘောထားမှတ်ချက်ကို ထောက်ခံသူများသည့်အတွက် အတည်ဖြစ်ခဲ့သည်။
ယင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းနီးပါးရှိနေပြီး ၄င်းတို့အား နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသေးသော အခြေအနေတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံသားမဟုတ်သူများအား နိုင်ငံသားဖြစ်ခွင့် ရရှိစေရန်အတွက် မရိုးသားသောလုပ်ရပ်များပြုလုပ်လာနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားများက သုံးသပ်ပြောဆို ကြသည်။

RNA

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...