Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သီဟနာဒ-၉၆၉”

$
0
0


29.4.2014 ရက်နေ့ မနက် 10:00 ခန့်မှာ ဖြစ်သည်။
စာရေးသူ ဟုမ္မလင်းလေဆိပ်ရောက်သည့်အခါ ဟိတဓရ ဆရာတော်လေး ဦးဝိမလတို့အဖွဲ့ရောက်နှင့်နေသည် ကို တွေ့ရ၏။
မော်လမြိုင်၊ ဟိတဓရဆရာတော်လေး ဦးဝိမလနှင့်အတူ ဟုမ္မလင်းမြို့၊ ပရိယတ္တိစာသင်တိုက်မှာ ဆွမ်းစာကြ၏။
ဟိတဓရဆရာတော်လေး ဦးဝိမလသည် မော်လမြိုင်မြို့ ဂဏဝါစကသံဃာ့ကွန်ရက်၏ ဥက္ကဋ္ဌဆရာတော် ဖြစ်လေသည်။
မော်လမြိုင်ဂဏဝါစက သံဃာ့ကွန်ရက်သည် ချစ်သူချဉ်သူ ပေါသော ကမ္ဘာကျော်အမှတ်တံဆိတ် ၉၆၉ လိုဂိုကို တီထွင်ခဲ့သော အဖွဲ့ဖြစ်လေသည်။
လူငယ်ခြေတက် မျိုးဆက်သစ်လေးများဖြစ်ကြ၏။
ကြုံတုန်းကြုံခိုက် ၉၆၉ သံသယများကိုမေးမြန်းဖြစ်လိုက်၏။
ဝီ-ညီတော်မောင်တို့ လိုဂိုထဲက တိရစ္ဆာန်ရုပ်တွေအကြောင်း ပြောပါဦး။
ဝိ-အသောကကျောက်စာတိုင်ပါ။ ဆင်-မြင်း-နွား-ခြင်္သေ့ တွေပါ။
ဝီ-အဓိပ္ပါယ်က
ဝိ-ဆင်လိုခွန်းအားကြီးရမယ်။
 မြင်းလို လျင်မြန်ရမယ်။
နွားလို ရိုးသားရမယ်။
 ခြင်္သေ့လို ရဲရင့်ရမယ်။
ဝီ-တိုင်ထိပ်က ခြင်္သေ့ကြီးတွေက ပြောစရာဖြစ်နေတယ်။
ဝိ-သီဟနာဒမှန်းသိအောင် ညွှန်းထားတာပါ။
ဝီ-အသောက ကျောက်တိုင်ကို ဘာလို့ ရွေးချယ်ရတာလဲ
ဝိ-အသောကဟာ သာသနာနှင့် ပတ်သက်ပြီး ပေးဆပ်မှု အများဆုံး၊ အားအကိုးရဆုံးမင်းဖြစ်လို့။ အသောကလို ကျင့်စေချင်လို့ပါ။
ဝီ-ကြံ့ဖွံ့တံဆိပ်ကိုကော သိရဲ့လား?
ဝိ-သိတယ်လေ။
မနှိုင်းယှဉ်နဲ့လေ။
အသောကရဲ့ ခြင်္သေ့တွေက သီဟနာဒ အစစ်တွေ။
ကြံ့ဖွံ့ခြင်္သေ့နဲ့ မတူဘူး။
ဝီ-ခြင်္သေ့ကို အထွဋ်တပ်ထားတယ်ဆိုပြီး ကြံ့ဖွံ့အဖွဲ့လို့ ပြောနေကြတာကိုရော။
ဝိ-မတူဘူးလေ။
အသောကခြင်္သေ့က သီဟနာဒအစစ်။
ကြံ့ဖွံ့ခြသေ့င်္က သီဟနာဒမှ မဟုတ်တာ။
ဝီ-ညီတော်မောင်တို့တံဆိပ်က သာသနာ့အလံတော်နဲ့ ဓမ္မစကြာစက်ဝိုင်းကို တိရစ္ဆာန်ရုပ်တွေ ဖိထားတာ မကြိုက်ကြဘူး။
ဝိ-ရှေ့တည့်တည့်ကကြည့်ရင် သာသနာ့အရိပ်ကို ခိုလှုံတယ်။ နောက်ကနေ ကြည့်ရင် သာသနာ့ တိုက်စစ် မှူးကြီးတွေဖြစ်တယ်။
သာသနာအတွက် ဆင်၊ မြင်း၊ နွား၊ ခြင်္သေ့တွေလို ကျင့်ရမယ်။
အမြဲတန်း ရဲရင့်နေရမယ် ဆိုတဲ့ သဘောပါ။
ရုပ်ပုံဖြစ်လို့ ဖိထားတယ်လို့ထင်ရတာ။
နောက်ခံပန်းချီကားနဲ့ ဓာတ်ရုံရိုက်ခံရသူနဲ့ တစ်ခြားစီဖြစ်သလိုပါ။
ဝီ-လူတွေသံသယကင်းအောင် ညီတောင်မောင်တို့ ထည့်ဟောသင့်တယ်။
ဝိ-ဟောပါ့မယ် နောင်တော်ကြီးဘုရား။
ဟိတဓရဆရာတော်လေးပြောတဲ့ သီဟနာဒဆိုတာ ခြင်္သေ့သံကို ဆိုလိုတာပါ။
သီဟနာဒ=ခြင်္သေ့မင်းရဲ့ ကြုံးဝါးသံ
သေဋ္ဌနာဒ=မြင့်မြတ်သောအသံ
အဘီနတနာဒ=မကြောက်မရွံ့ ရဲဝံ့သောအသံ
အပ္ပဋိဝတ္တိယနာဒ=မရွံ့မကြောက် နောက်မတွန့်သောအသံ
ပရဝါဒဘန္ဒန သကဝါဒသမုဿာပနနာဒ=မိစ္ဆာဒိဋ္ဌိတွေကို အမြစ်ပြတ် ချေမှုန်ပြီး သမ္မာဒိဋ္ဌထွန်းကားအောင် ပြုသောအသံ
အပ္ပဋိနာဒ=အတုမရှိသောအသံ။
ခြင်္သေ့မင်းဟာ ဂူထဲမှ ထွက်လာပြီး လောကကြီးကို ဟန်အပြည့် မာန်အပြည့်နဲ့ အရပ်လေးမျက်နှာကို လှည့်ပတ် ကြည့်ရှုပါတယ်။
အဲဒါကို သီဟနာဒလို့ ဆိုပါတယ်။
အသောကမင်းဟာ တစ်ချိန်က လူသတ်သမားကြီးပါ။
ညီနောင်အချင်းချင်းရော၊ ပြည်သူတွေကိုပါ သတ်လို့ စဏ္ဍာသောက(ကြမ်းကြုတ်သော အသောက)လို့ အမည်ရခဲ့သူဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ စေတီပေါင်း ရှစ်သောင်းလေးထောင် စသည်တို့ကြောင့် သီရိဓမ္မာသောကမင်း အမည် ပြန်ရခဲ့သူဖြစ်ပါတယ်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...