4.2.2015 ည 8:00 စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာ၊ ရွှေဘုံသာရေလယ်ကျောင်း တိုက်မှာ ကျင်းပတာပါ။
ရွာလေးက အိမ်ခြေ ၁၀၀ တောင် မပြည့်ပါဘူး။
နိုင်ကျဉ်းဟောင်း ကိုရင်ကြီး စစ်ရန်နိုင်တို့ စီစဉ်တဲ့ပွဲပါ။
အမျိုးသားခေါင်းဆောင်ကြီး အထိမ်းအမှတ်ပွဲမှာ အမျိုးသားရေးတရား ဟောခွင့်ရတာ ဂုဏ်ယူစရာတစ်ခုပါ။
ကိုရင်ကြီး စစ်ရန်နိုင်ရော၊ နိုင်ငံရေးအင်အားစု၊ အမျိုးသားရေးအင်အားစုတွေပါ မေးခွန်းတွေမေးကြလို့ ဖြေခဲ့ရပါသေးတယ်။
ရွာငယ်လေးဆိုပေမယ့် မေးခွန်းတွေက အဆင့်မြင့်သား။