ပါကစ္စတန်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးက လူရွယ်တစ်ဦးကို လက်ထပ်ရန် ငြင်းဆန်ခဲ့ပြီး နောက်တွင် ၄င်းလူငယ်က မိန်းကလေးအား ဓာတ်ဆီဖြင့်ပက်၍ မီးရှို့သတ်ခဲ့ကြောင်း ရဲများက ထုတ်ဖော်ပြော ဆိုခဲ့သည်။
၎င်းမှာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်း ရပ်ကိုင်းအတွင်း ဒုတိယအကြိမ်ဖြစ်ပွားသော ရက်စက်သည့် လူသတ်မှုဖြစ်ပြီး မကြာသေမီကလည်း အသက် ၁၇ နှစ်အရွယ်မိန်းကလေးနှင့် ၄င်း၏ ခင်ပွန်းသည်ကို သဘောမတူသည့်ဆွေးမျိုးများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ အသက် ၁၈ နှစ်အရွယ် ဆီဒရာရှာအူခတ်သည် မိဘများမရှိဘဲ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ်တွင် အသက် ၂၂ အရွယ် ဖေးယာ့ဇ်အစ္စလာမ်က အိမ်ထဲဝင်လာကာ ၄င်းအားမီးရှို့သတ်ခဲ့ခြင်းဖြစ်သည်။ ဆီဒရာကို ဒေသခံဆေးရုံသို့ ခေါ်ဆောင်သွားသော်လည်း ဆေးရုံကြီးသို့ လွှဲပြောင်းပေးမှုကြောင့်သွားရောက်စဉ် လမ်းတွင်ပင် သေဆုံးခဲ့သည်။ ဖေးယာ့ဇ်ကိုဖမ်းဆီးထားပြီး စွဲချက်တင်သွားမည်ဖြစ်သည်။ ဆီဒရာ၏ဖခင်က သမီးဖြစ်သူ အသတ်ခံရခြင်းကို အတည်ပြုခဲ့ပြီး သမီးဖြစ်သူကို နှောက်ရှက်စော်ကားမှုဖြင့်လည်း တရားစွဲဆိုရန်ဆိုထား သည်။ “ကျွန်တော်သမီးကို အမြဲနှောင့်ယှက်ပါတယ်။ နေ့လယ်ကတည်း အိမ်လာပြီးခြိမ်းခြောက်နေတာပါ။ ကျွန်တော်တို့ သူ့ကို မောင်းထုတ်ခဲ့ရပါသေးတယ်” ဟု ဖခင်ဖြစ်သူက ဆိုခဲ့သည်။
(AP.28.1.2015)မေဇွန်