Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကို ထောက်ခံဆွေးနွေးစဉ် ကန့်ကွက်သူများအား ဝေဖန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် သတိပေးခံရ”

$
0
0
ရန်ကုန်၊ ဇန်နဝါရီ ၂၈။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကို ထောက်ခံဆွေးနွေးစဉ် ယင်းဥပဒေကြမ်းများအား ကန့်ကွက်သည့် အဖွဲ့များကို ဝေဖန်ပြောဆိုခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သတိပေးတားမြစ်ပြောကြားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၈ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်သည် အမျိုးစောင့်ဥပဒေကြမ်းလေးခုထဲမှ တစ်ခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးစဉ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ သိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က “အခု ပြဋ္ဌာန်းထားတဲ့ ဥပဒေကြမ်းထဲက လူ့အခွင့်အရေးထဲက ဘယ်အပိုဒ်က ချိုးဖောက်တာလဲဆိုတာ တိတိကျကျ ပြောစေချင်တယ်။ ဒါ လူ့အခွင့် အရေးနဲ့ပတ်သက်လို့ သူတို့ပြောထားတာပါ။ နောက်တစ်ခုကတော့ ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တပ်သက်လို့ကတော့ အင်မတန်သေးသိမ်ပြီးတော့ နိုင်ငံရေးရေချိန်လည်း နိမ့်ပြီးတော့မှ ပညာမျက်စိမရှိတဲ့သူတွေရဲ့ စွပ်စွဲချက်လို့ ကျွန်မ အဲလိုပဲ ပြောချင်ပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းဆွေးနွေးချက်နှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဒေါ်ခင်ဝိုင်းကြည် ပုတ်ခတ်ပြီးမပြောပါနဲ့။ မိမိရဲ့ တင်ပြချင်တာကိုပဲပြောပါ” ဟု သတိပေးတားမြစ်ခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုလ ၂၃ ရက်နေ့လွှတ်တော်အစည်းအဝေးတွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းသည် ဘာသာရေးကိစ္စဖြစ်သောကြောင့် ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သိမ်သိမ်မွေ့မွေ့ဆွေးနွေးကြရန် တိုက်တွန်းပြောကြားပြီး ဇန်နဝါရီ ၂၆ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် ယင်းဥပဒေကို ပြဋ္ဌာန်းသည့် နိုင်ငံများသည် ဘာသာရေး အစွန်းရောက်နိုင်ငံများဖြစ်သည်ဟု ဆွေးနွေးသည့်အခါတွင် မည်သူ့ကိုမျှမထိခိုက်ရန် သတိပေးပြော ကြားခဲ့ကြောင်း သိရသည်။
ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ယင်းဥပဒေကြမ်း သည် ဘာသာရေးပြဿနာများကို ပြေလည်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် လိုအပ်သည် ထက် ပိုမိုကန့်ကွက်နှောင့်ယှက်ခြင်းမပြုကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်ချက်များ တားမြစ်ချက်များ၊ နိုင်ငံတကာမှ ဝေဖန်ထောက်ပြမှုများကို လွှတ်တော်တွင်း တင်ပြဆွေး နွေးခဲ့သည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပါဝင်ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ယခုလ ၁၉ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
SYMZ



Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း