Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“Facebook တစ်ခွင်”

$
0
0
ဇန်နဝါရီ ၂၉ ရက်အတွက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသို့ ရောက်ရှိလာသည့် အကြောင်းအရာများ အနက် ဝီရသူ-မစိုးရိမ် အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးဝီရသူ ထောင်ကျစဉ်ရေးစပ်ခဲ့ပြီး ၂၀၁၂ တွင် အသံသွင်းခဲ့သည်ဟုဆိုသော ဟစ်ဟော့ပ်အမျိုးအစားဆန်ဆန် သီချင်းတစ်ပုဒ်အကြောင်းနှင့် ကျောင်းသား သပိတ်အကြောင်းတို့ကို ဖော်ပြလိုက်ပါတယ်။
ဝီရသူ-မစိုးရိမ်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာက သီချင်းဗီဒီယိုဖိုင်တစ်ခုဖော်ပြလာခဲ့သည်။ “ထောင်ထဲမှာ ရေးစပ်ခဲ့တဲ့ သီချင်းလေးပါ။ ၂၀၁၂ ခုနှစ်မှာ အသံသွင်းခဲ့တာပါ။ ဒီနေ့ ၂၇-၁-၂၀၁၅ ရက်မှာ စာရေးသူထံ ရောက်လာတဲ့ အမေရိကန်အမျိုးသမီးကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဖြစ်ပါတယ်။ စာရေးသူကို လူတွေက ချစ်ကြတယ်။ စာရေးသူစည်းရုံးဟောပြောရင် ရနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဟောပေးပါလို့ပြောလာတဲ့အခါ စာရေးသူက ကမ္ဘာကြီးရဲ့နှလုံးသား သီချင်းကို ပြောပြတဲ့အခါ ဝမ်းသာအားရ ကူးယူပါရစေပြောလာပါတယ်။ ဗမာသီချင်းဖြစ်နေလို့ ဘာသာပြန်အခက်အခဲရှိတာကြောင့် ကုန်ဆုံးအောင် ရှင်းမပြလိုက်ရပါဘူး။ သဘာဝရဲ့ အလှတရားဟာ ကမ္ဘာကြီးရဲ့နှလုံးသားပါ။ ကမ္ဘာကြီးရဲ့ နှလုံးသားကို ကာကွယ်ကြ၊ သဘာဝရဲ့ အလှတရားကို မြတ်နိုးကြ။ ဒီသီချင်းလေးကို နားဆင်ကြည့်ပါဦး နော်…..။ ဝီရသူ(မစိုးရိမ်)၂၇-၁-၂၀၁၅” ဟုလည်း သီချင်းဖိုင်အကြောင်းရေးသားထားသည်။
ယင်းသီချင်း ရက်ပ်စာသားများအနက် “မုန်တိုင်းတားနည်းပညာတွေတီထွင်ကြ၊ မုန်းတိုင်းတား ကရိယာတွေ ဖန်တီးကြ၊ ငလျင်တားနည်းပညာတွေ တီထွင်ကြ၊ ငလျင်တားကိရိယာတွေကို ဖန်တီးကြ၊ အပူလှိုင်းတား နည်းပညာတွေ တီထွင်ကြ အာဟာ၊ အပူလှိုင်းတားကိရိယာတွေ ဖန်တီးကြ၊ အအေးလှိုင်းတား နည်းပညာတွေ တီထွင်ကြ ခမ်းမွန်၊ အအေးလှိုင်းတားကိရိယာတွေ ဖန်တီးကြ၊ အိတ်ခ်ျအိုင်ဗီပိုးသတ်ဆေးပညာ တီထွင်ကြ၊ အိတ်ခ်ျအိုင်ဗီပိုးသတ်ဆေးဝါးတွေ ဖော်စပ်ကြ” အစရှိသည်တို့ ပါဝင်သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...