Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးသားရေးတိုက်စစ်မှူးများ ကြေညာချက်”

$
0
0
တရားကို နတ်စောင့်နေပါတယ်။
ပြည်တွင်းပြည်ပ အင်အားကြီးမီဒီယာတွေ ဘယ်လိုပဲ အနိုင်ကျင့်နေပါစေ၊ ပြည်သူတွေကတော့ ဓမ္မဘက်မှာပဲ ရပ်တည်နေလျက်ပါ။
ဒူးဝါး ခွန်မန်းနောင်နှင့် ဥပဒေလုပ်ဖော်ကိုင်ဖက်များအဖွဲ့ဆိုတာကို အရင်က ကြားတောင် မကြားဖူးခဲ့ပါ။ ရှေ့နေများအဖွဲ့ဆိုတာတော့ သိထားပါတယ်။ သန္တိသုခကျောင်းတော်ကြီးအရေး ခုခံကာကွယ်နေတဲ့ ရှေ့နေများကအဲဒီအဖွဲ့ထဲကပါ။ ဝီရသူရဲ့ ရှေ့တန်းတိုက်စ်မှူးတွေလို့ ခံယူထားတဲ့ရှေ့နေတွေပါ။
အံ့ကျော်က သရုပ်ဆောင်ကောင်းလေ ကျော်ဟိန်းကို ပြည်သူကချစ်လေပေါ့နော်……။
ဝီရသူ(မစိုးရိမ်)
PM 12:56
==========================================================
“DU WAAR KHUN MUNN NAING AND LAW ASSOCIATES”
“သဘောထားကြေညာချက်-၁၅/၀၀၁”
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်
ခရစ်နှစ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်။
၁။ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၏ မိန့်ကြားချက်နှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပသို့ ပျံ့နှံ့လျှက် တုံ့ပြန်သံများ သောသောညံနေသဖြင့် ကျွန်ုပ်တို့၏ သဘောထားကိုလည်း ထုတ်ပြန်ရန်လိုအပ်လာပါသည်။ ထို့ကြောင့် (၂၃-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပသော အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ အတိုင်း သဘောထားကြေညာချက်ထုတ်ပြန်ပါသည်။
၂။ ရှောင်ကြဉ်အပ်သော ဝစီကံ(၄)ပါး၌ အကျုံးဝင်ငြိစွန်းသည့် စကားရပ်များမှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အလွှာနှင့်မျှ မတင့်တယ်သည်ကို ဓမ္မအနေဖြင့် ရိုသေလေးစားစွာ လက်ခံပါသည်။
၃။ ဤကိစ္စတွင် ဆရာတော်ဦးဝီရသူသည် အမျိုးသားရေးအမြင်နှင့် လေးနက်စွဲမြဲစေရန် လောကအနေဖြင့် မိန့်ကြားခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။
၎။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ အထွေထွေအရပ်ရပ်ကိစ္စများကို ယနေ့ ပစ္စက္ခအခြေအနေ၌ ပြည်သူတို့သည် အမျိုးသားရေးအမြင်၊ အမျိုးသားရေးအခြေခံ၍ စဉ်းစားခြင်းမှ ကင်းပြီး အခြားအခြေခံမရှိနိုင်ဟု ကျွန်ုပ်တို့က မမှိတ်မသုန်စွဲမြဲစွာ ခံယူထားကြသည်။
၅။ သို့ဖြစ်ပါ၍ ဆရာတော်ဦးဝီရသူကို မည်သူ မည်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းက ပြစ်တင်ဝေဖန် သည်ဖြစ်စေ၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ကြည်ညိုမှီခိုနေကြသူ ဒကာ၊ ဒကာမများဖြစ်ကြပြီး အမျိုးသားရေးဝါဒီများလည်းဖြစ်ကြကုန်သော ကျွနုပ်တို့သည် ဤကိစ္စရပ်တွင် မိမိတို့ကိုယ် မိမိတို့ ဆရာတော်ဦးဝီရသူ၏ ရှေ့တန်းတိုက်စ်မှူးများအဖြစ် ခံယူရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ဦးသန်းထွန်းအောင်(မြို့မ)

(တရားလွှတ်တော်ရှေ့နေ)

Viewing all articles
Browse latest Browse all 2129

Trending Articles