Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ ပုလိပ်စက်ရုံ အလုပ်သမားများအား နှစ်သိမ့်အားပေး”

$
0
0
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ချည်မျှင်စက်ရုံ အလုပ်သမားအရေးတော်ပုံ ပေါ်ပေါက်နေသည်မှာ တစ်လ တင်းတင်းပြည့်ခဲ့ပါပြီ။
အလုပ်သမား ရှစ်ရာနီးပါးမှ သုံးရာကျော်ဟာ စားနပ်ရိက္ခာတောင် ပြတ်လပ်လို့နေပါပြီ။
ရန်ကုန် ခရီးစဉ်ကအပြန် အလုပ်သမားတွေဆီရောက်အောင်သွားဖြစ်လိုက်ပါတယ်။
စက်ရုံအလုပ်သမား သမဂ္ဂနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ၊ လိုလားမှုများ၊ အခက်အခဲများကို စိတ်ဝင်တစားနား ထောင်ခဲ့ပါတယ်။
အကြမ်းမဖက်ဘဲ ကိုယ့်လိုအပ်ချက်ကို ငြိမ်းချမ်းတဲ့နည်းနှင့်တောင်းဆိုကြဖို့၊ အကြမ်းဖက်မိလျှင် ရပ်တည်ပေးခက်ခဲလို့ ပယောဂတွေ ဝင်မပူးအောင် သတိဝီရိယထားဖို့ တိုက်တွန်းကာ ငွေဆယ်သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။
အလုပ်သမားတစ်ဦးလျှင် တစ်ထောင်ကျပ်နှုံးစီနှင့် အလုပ်သမားသမဂ္ဂအလုပ်သမားအရေးမှာသုံးစွဲဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ချည်မျှင်စက်ရုံရှေ့မှာ စုပေါင်းထိုင်နေကြသော အလုပ်သမားများက သြကာသကန်တော့ချိုးနှင့် ရှိခိုးကန်တော့ ကြပါတယ်။
စာရေးသူက သြဝါဒပေးရာမှာ လိုအင်ဆန္ဒပြည့်ဝစေဖို့ ဗုဒ္ဓနုဿတိပွားများဖို့ တိုက်တွန်းခဲ့ပါတယ်။
အလုပ်ရှင်၊ အစိုးရ၊ အလုပ်သမား အားလုံးကို အာရုံယူပြီး ဂုဏ်တော်ပွားကာ ဆုတောင်းကြဖို့ နည်းလမ်းညွှန်ပြခဲ့ တာပဲဖြစ်ပါတယ်။
လက်ကိုင်ဟွန်းတိုတောင် မပါလို့ အကုန်လုံးတော့ ကြားရမှာမဟုတ်ပါဘူး။
စာရေးသူ ငွေလှူခဲ့ကြောင်း သမဂ္ဂကကြေညာတော့ သာဓုခေါ်သံ အကျယ်ကြီးကြားလိုက်ရပါတယ်။
စာရေးသူပြန်ကြွတော့ စာရေးသူက အလုပ်သမားတွေက ပြန်လည်ပြီး ဆုတောင်းမေတ္တာပို့သကြပါတယ်။
ဆရာတော် ဘေးရန်ကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ဆရာတော် သက်တော်ရှာကျော်ရှည်ပါစေ။
တရားပွဲတွေမှာ ပလ္လင်တက် ပလ္လင်ဆင်း မေတ္တာပို့သတဲ့ တရားနာပရိသတ်တွေလိုပါပဲ တစ်ညီတစ်ညွတ်တည်း သံပြိုင်ရွတ်ဆိုကြတာတွေ့ရပါတယ်။
ကလေးတွဲလောင်းနှင့် သားသည်မိခင်များကိုလည်း တွေ့ရပြီး၊ အလုပ်သမားရှစ်ရာကျော်ရဲ့ မိသားစု အားလုံး လူဦးရေ လေးထောင်ခန့် စားဝတ်နေရေး အခက်အခဲတွေ့ကြမည့်အရေးမှာ Ilo ဝန်ကြီးချုပ်နှင့် အလုပ်သမားရေးရာဌာနတို့ ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ လာမည့်စနေ(24.1.2015) ရက်နေ့မှာ အလုပ် သမား၊ စက်မှု ပြည်ထောင်စု ဒုဝန်ကြီးနှစ်ယောက်လုံး လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရပါတယ်။
၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဖိုးသားက အနီးကပ်ကြည့်ရှုစောင့်ရှောက်နေတာတွေ့ရပြီး အခြားအဖွဲ့အစည်း များလည်း လာရောက်အားပေးကြတယ်လို့ ဆိုပါတယ်။
အင်း ကုလားဒဏ်ခံရတော့လည်း ငါ့လူမျိုး။
တရုတ်ဒဏ်ခံရတော့လည်း ငါ့လူမျိုး။
ဒုက္ခရောက်သူမှန်သမျှ ငါ့လူမျိုးတွေချည်းဖြစ်နေပါလားနော်……။
ဝီရသူ(မစိုးရိမ်)
22.1.2015

PM 12:36











Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...