Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရန်သူဝေးမှ ခွေးဟောင်သော့နှယ်”

$
0
0
မြင်ယောင်မိသေးတယ်။
၂၀၀၃ ခုနှစ်ကပေါ့။
ဒေါ်အောင်ဆန်းစုကြည် ခရီးတစ်လျှောက် လိုက်လံနှောက်ယှက်ကြသူများ၊
ဆိုင်းဘုတ်ကိုင်သူကကိုင်၊ ဆန္ဒပြသူကပြ၊ သံပုံးတီးသူကတီး၊ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ၊ အမူးသမားတွေ၊ လူရမ်းကားတွေဖြစ်ကြတယ်။
သူတို့တတွေကတော့ သူတို့ဆန့်ကျင်ကြောင်း ပေါ်ပေါ်လွင်လွင်ပြသနိုင်ခဲ့ကြတယ်။
ဆန့်ကျင်ခံရသူကလည်း ထင်ထင်ရှားရှား တွေ့မြင်ခွင့်ရခဲ့တယ်။
အခုဟာက သံပုံးတီး၍ တောထုတ်ဆန့်ကျင်တယ်ဆိုထားပေမယ့် ဆန့်ကျင်သူတွေကလည်း မထင်ရှား၊ ဆန့်ကျင်ခံသူကလည်းမသိရ၊ ဒါလည်း သတင်းတစ်ပုဒ်လုပ်ပြီး ရေးသူကရေး၊ သတင်းထည့်ခွင့်ပေးတဲ့သူက လည်းပေး။
စာနယ်ဇင်းလောက အတော့်ကိုပျက်စီးနေပြီပဲ။
သတ္တိရှိရှိ ဆန့်ကျင်ပေးကြပါဗျာ။
အဲဒီအရသာမျိုး ခံစားချင်လို့ပါ။
မိမိက ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက် အလုပ်လုပ်နေတာကို သံပုံးတီးတောထုတ်ကြသူတွေကို မြင်လည်းမြင်ဖူးချင်လို့ပါ။ ဆန့်ကျင်ရခြင်းအကြောင်းအရင်းကိုလည်း သိချင်လွန်းလို့ပါ။
အတိအလင်းဆန့်ကျင်ခံရတဲ့ အရှက်တကွဲ အကျိုးနည်းအရသာကိုလည်း မြည်းစမ်းချင်လွန်းလို့ပါ။
၁။ တစ်ခုတော့ ရှိတာပေါ့ဗျာ။
ကြံ့ဖွံ့လုပ်သလို လိုက်လုပ်နေရင် ကြံ့ဖွံ့လိုပဲ မြောင်းထဲကျသွားမှာပဲ ဆိုတာလေးကိုတော့ တွေးစေချင်တာပေါ့ ဗျာ။
၂။ ရေနံချောင်း မဘသ အခမ်းအနား ဘယ်လောက်အောင်မြင်တယ်၊ ဘယ်လိုအားပေးကြတယ်ဆိုတာ မှတ်တမ်းတွေအပြည့်အစုံရှိပါတယ်။
ဘုရားတောင် ဆန္ဒပြခံခဲ့ရတယ်နော……….။
(20.1.2015 7 Day Daily သတင်းစာကို ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================
“ဆရာတော်ဦးဝီရသူပြန်ကြွအပြီး ရေနံချောင်းဒေသခံအချို့ သံပုံးများတီး၍ ဆန့်ကျင်”
အောင်သစ်လွင်၊ ရန်ကုန်။
ရေနံချောင်းမြို့၌ ဇန်နဝါရီ ၁၉ ရက်တွင် မျိုးစောင့်ဥပဒေအကြောင်းလာရောက်ဟောသည့် ဆရာတော်ဦးဝီရသူ ပြန်ကြွပြီးနောက် ဒေသခံအချို့က သံပုံးများတီး၍ တောထုတ်ဆန့်ကျင်ခဲ့ကြောင်း သတင်းရရှိသည်။
ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်လည်ပေါ်တန်ဆောင်းတွင် ဦးဝီရသူဦးဆောင်သည့် မဘသ ဆရာတော်များ မျိုးစောင့်တရားဟောပြီး မြို့မှ ညနေ ၅ နာရီခန့် ပြန်ကြွသွားပြီးနောက် ည ၇ နာရီတွင် လက်မခံသော ဒေသခံအချို့က သံပုံးများသံပြိုင်တီးကာ အညာရိုးရာဓလေ့အတိုင်း တောထုတ်ဆန့်ကျင်ခဲ့ကြောင်း ရေနံချောင်း မြို့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးကျော်ဆန်းဦးကပြောသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles