16.1.2015 ရက်နေ့ ည 8:15 နာရီ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမိသားစု၊ ဒုတိယအကြိမ်၊ နှလုံးသားဝယ်ဘုရားတည် ဓမ္မပူဇာတရားအလှူတော်မင်္ဂလာ ဓမ္မသဘင်။
ရန်ကုန်ခရီးစဉ် နောက်ဆုံးည တရားပွဲပါ။ တစ်ရပ်ကွက်လုံး နိုးကြားကြတာမြင်ရတော့ အဆဲခံရတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး။
ဖယောင်းတိုင်မီးကိုယ်စီနှင့် ကြိုဆို၊ မေတ္တာသံပေါက်လေးတွေ ရွတ်ဖတ်ကလေးငယ်လေးတွေကအစ တက်ကြွနိုးကြားနေတာ တွေ့ရပါတယ်။
ဓမ္မပဒ၊ စူဠသုဘဒ္ဒါဝတ္ထုဟောကြားခဲ့ပါတယ်။
“သုဘဒ္ဒါလို မိန်းကလေး တရားတော်”
အတွင်းမီးကို အပြင်မထုတ်နဲ့
ဗုဒ္ဓမြတ်စွာ မိန့်မှာတယ်။
အတွင်းမီးကို အပြင်ထုတ်တော့
အတွင်းမီးတွေ ကူးစက်မယ်။
အပြင်မီးကို အတွင်းမသွင်းနဲ့
ဗုဒ္ဓမြတ်စွာ မိန့်မှာတယ်။
အပြင်မီးကို အတွင်းသွင်းတော့
အပြင်မီးတွေ ကူးစက်မယ်။