Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သူခိုးက လူပြန်ဟစ်နေကြ”

$
0
0
အရင်ရန်စကျူးကျော်ပြီး ဦးအောင်တိုင်ကြားတတ်ကြတာဟာ မွတ်ကုလားတွေရဲ့ အကျင့်ပါ။
အခုတော့ ဖွတ်ကျားတွေလည်း လုပ်တတ်လာပါပြီ။
ဆရာထင်လင်းဦး ရုံးချိန်းတွမှာ အင်အားများတာက သူတို့၊ ရန်စတာလည်းသူတို့၊ ပြဿနာတွေရှာတာ လည်းသူတို့၊ မီဒီယာကို ဦးအောင်တိုင်တာလည်း သူတို့၊ အွန်လိုင်းမှာ ဦးအောင်တင်တာလည်း သူတို့ပါပဲ။
ဒီဘက်က သူတို့လောက်လည်း အင်အားများတာမဟုတ်၊ ဘယ်သူမှလည်း ဟစ်အော်ရန်စတာလည်းမရှိ၊ ပြဿနာရှာဘို့နေနေသာသာ၊ ပြဿနာအရှာခံရမှာတောင် စိုးရိမ်နေရချိန်မှာ သူတို့ကို အကြမ်းပတမ်း မတုံ့ပြန်ဖို့ ဆုံးမထားလို့ ရုံးမှာစစ်ဆေးလို့ပြီးသွားမှ အမျိုးဘာသာ သာသနာ အောင်ရမည် ကြွေးကြော်တာကိုပဲ ရုံးချိန်အတွင်းမှာ ကြွေးကြော်သလို လုပ်ကြံရေးသားနေကြတာပါ။
ချောင်းဦးမြို့မှ ပေးပို့လာသော စာတစ်စောင်ကို ပူးတွဲတင်ပြလိုက်ပါတယ်။
==========================================================
ချောင်းဦးမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၃၄၆/၂၀၁၄ တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က/၂၉၈ ဖြင့် တရားစွဲဆိုခံထားရသူ ဦးထင်းလင်းဦး၏ အမှုအား ချောင်းဦးမြို့နယ်တရားရုံးမှ မုံရွာခရိုင်၊ မုံရွာမြို့နယ်တရားရုံး ၌ ရုံးပြောင်းစစ်ဆေးခွင့်လျှောက်ထားလွှာတွင် မမှန်ကန်သော အချက်အလက်များရေးသားထားသည်ကို တွေ့ရှိရပါသည်။
ရုံးပြောင်းလျှောက်ထားသည်ကို ဘာမျှမပြောလိုသော်လည်း ထိုလျှောက်ထားလွှာတွင် ရေးသားထားသော အချက်များထဲမှ (၁၇-၁၂-၂၀၁၄) ရက်နေ့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှဟုဆိုသော ဆရာတော်ဦးပါမောက္ခနှင့်အခြားသံဃာတော်အပါး(၅၀)ခန့်ရောက်ရှိလာပြီး “ဟေ့ ထင်လင်းဦးကို အချုပ်ထဲ မထည့်သေးဘူးလား အာမခံမပေးနဲ့” ဟု ဝိုင်းဝန်းဆူပူအော်ဟစ်ကြပါသည်ဟု ရေးသားထားသည်ကိုလည်း ကောင်း၊
(၃၁.၁၂.၂၀၁၄)ရက်နေ့ရုံးချိန်းတွင်လည်း ဦးပါမောက္ခနှင့် သံဃာအဖွဲ့က ထိုသို့ပင် လာရောက်ဖိအားပေး ဆောင်ရွက်ပါသည်ဟု ရေးသားထားသည်ကိုလည်းကောင်း ယင်းလျှောက်ထားလွှာတွင် တွေ့ရှိရပါသည်။
ဦးဇင်းသိမြင်တာကတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ မည်သည့်သံဃာတော် တစ်ပါးကမျှ “ဟေ့ထင်လင်းဦးကို အချုပ်ထဲမထည့်သေးဘူးလား အာမခံမပေးနဲ့” ဟု ဝိုင်းဝန်းဆူပူ အော်ဟစ်ခြင်း လုံးဝမရှိသလို မည်သည့်သံဃာတော် တစ်ပါးတလေကမျှ တရားရုံးတော်အား ဖိအားပေးသည်ကို လုံးဝမတွေ့ရှိ ရပါ။
အမျိုးဘာသာ သာသနာကာကွယ်ရေး အောင်ရမည်ဟု တရားခွင်ပြီးဆုံးချိန်တွင်မှ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ရဟန်းရှင်လူအပေါင်းတို့က တရားရုံးရှေ့မှာ တန်းစီပြီးတော့ ကြွေးကြော်ခဲ့ကြပါသည်။
သူတို့ ဆိုလိုချင်တဲ့သဘောက တရားရုံးချိန်အတွင်းမှာ ဆူပူအော်ဟစ်ခြင်း ပြုလုပ်တယ်လို့ ဆိုလိုခြင်းမျိုး ဖြစ်ပါတယ်။
သူတို့ပြောဆိုရေးသားသလို တရားရုံးအချိန်တွင် ကြွေးကြော်ခြင်းမျိုးမဟုတ်ပါဘူး။
အဲဒီလို ကြွေးကြော်ရတာကလည်း နောက်နောင် ထင်လင်းဦးကဲ့သို့ အမျိုးဘာသာ သာသနာကို ဖျက်ဆီး စော်ကားမည့် ဗုဒ္ဓဘာသာဝင်များကို ထင်ယောင်ထင်မြှးဖြစ်အောင် ဟောပြောမည့် သာသနာဖျက်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာမှာကို မလိုလားသည့်အတွက်ကြောင့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရသည့် အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ပါသည်။ မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကိုမျှ ထိပါးပုတ်ခတ် စော်ကားပြောဆိုခြင်း လုံးဝမရှိရိုးအမှန်ပါ။
ဒါကို သူတို့က တလွဲအမြင်တွေနဲ့ ကိုယ်လိုရာဆွဲပြီး (မ.ဘ.သ)အဖွဲ့ကြီး၏ ဂုဏ်သိက္ခာကျဆင်းအောင် ဗုဒ္ဓဘာသာဝင်တို့ ထင်ယောင်ထင်းမှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိရေးသားပြောဆို ဝါဒဖြန့်ဝေနေကြတာကို ကြားသိနေရပါသည်။
ထိုသူတို့ကို ပြောချင်တာကတော့ (မ.ဘ.သ)အဖွဲ့အစည်းကြီးဟာ အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်း တမံကြိုးစားလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
ဒါကို မိမိတို့နှင့် အမြင်မတူလို့ သဘောထားမတိုက်ဆိုင်လို့ဆိုပြီး မ.ဘ.သ အဖွဲ့အစည်းကြီးကို ထိပါး ပုတ်ခတ်ခြင်းစော်ကားခြင်း သွားပုတ်လေလွင့်ပြောဆိုခြင်း ဗုဒ္ဓဘာသာဝင်တို့ ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုရေးသားဝါဒဖြန့်နေလေတော့ကား သူခိုးက လူပြန်ဟစ်သလို ဖြစ်မနေဘူးလား? ဆိုတာကိုတော့ သေချာစဉ်းစားသင့်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ပြဿနာကလည်း ဘယ်သူကစခဲ့တယ်ဆိုတာကို သေချာဆန်းစစ်လေ့လာသုံးသပ်ဖို့ လိုပါတယ်။ ဘယ်သူတွေမှားတယ်၊ ဘယ်သူတွေမှန်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေ တာပဲ။
အတ္တမဆန်ချင်ကြစမ်းပါနဲ့လို့ပဲ ဦးဇင်းပြောလိုက်ပါရစေ။







Viewing all articles
Browse latest Browse all 2129

Trending Articles