သဘောထားကြေညာချက်(၁/၂၀၁၅)
၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နမ့်ပုံပုံကျေးရွာနေ ဦးသန့်ဇင်ဦး နေအိမ်အတွင်း ကျေးရွာလူထု၏ ခွင့်ပြုချက်မရှိပဲ တည်ဆောက်နေသော အော်ရီဒူး(Ooredoo)တယ်လီဖုန်းတာဝါတိုင် တည်ဆောက်ခြင်းအား ကျေးရွာလူထုက မလိုလား ကန့်ကွက်ကြောင်း သိရှိရသည်။
၂။ အော်ရီဒူး(Ooredoo)တာဝါတိုင် တည်ဆောက်မှုအခြေအနေများအား ကျေးရွာသို့ ပွင့်လင်းမြင်သာအောင် ချပြရှင်းလင်းခြင်းမရှိ အိမ်ရှင်ဦးသန့်ဇင်ဦးနှင့်သာ ရိုးရိုးအိမ်ငှား စာရွက်စာတမ်းဖြင့် ဆောင်ရွက်ခြင်း၊ ဦးသန့်ဇင်ဦး နှင့် စာချုပ် ချုပ်ဆိုရာတွင်လည်း Pan Asia Tower တည်ဆောက်ခြင်းအဖြစ်သာ သိရှိခဲ့ခြင်း၊ တည်ဆောက်ပြီး ၆၀%နှုန်းထိ တယ်လီနောတယ်လီဖုန်းတာဝါတိုင်ဟုသာ ပြောဆိုခြင်း၊ ယခုအချိန် အဆောက်အဦး ဆောက်လုပ်ပြီးမှသာ အော်ရီဒူး(Ooredoo)တာဝါတိုင်အဖြစ် ဆောင်ရွက်နေကြောင်း သိရှိရခြင်း၊ စာချုပ်စာတမ်း ဘောင်လည်း တရားဝင် နိုင်ငံတော်မှ ခွင့်ပြုထားသော တံဆိပ်ခေါင်းပါ စာချုပ်စာတမ်းများမပါရှိခြင်း အစရှိသော ခိုင်လုံသော အထောက်အထားများ မရှိခြင်းတို့ကြောင့် အိမ်ပိုင်ရှင် ဦးသန့်ဇင်ဦးနှင့်တကွ ကျေးရွာလူထုမှလည်း ၄င်းအော်ရီဒူး(Ooredoo)တာဝါတိုင် ဆက်လက်တည်ဆောက်ခြင်းကို လုံးဝမလိုလားဆန္ဒလုံးဝမရှိခြင်းတို့ကို သိရှိရသည်။
၃။ ယင်းကဲ့သို့ အိမ်ပိုင်ရှင် ဦးသန့်ဇင်ဦးနှင့်တကွ ကျေးရွာလူထုများ လက်မခံသော နေရာ၌ အော်ရီဒူး (Ooredoo) တာဝါတိုင် ထားရှိခြင်းသည် ပြဿနာကို ပိုမိုရှုပ်ထွေးစေနိုင်ပြီး အောက်ခြေမူဘောင်များနှင့်လည်း မကိုက်ညီသောကြောင့် အမြန်ဆုံး ဖယ်ရှားပေးရန် တိုက်တွန်းသည်။
၎။ ကျေးရွာနေ လူထုများ၏ ရိုးသားမှုကို အခွင့်ကောင်းယူ၍ အော်ရီဒူး(Ooredoo)တာဝါတိုင် တည်ဆောက် ထားခြင်းကို ဖယ်ရှားခြင်းမရှိပါက ကျေးရွာနေ လူထုများဘက်မှ ဓမ္မဝိနယနှင့်အညီ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။
အရွင္အကုၤရ
ဥကၠ႒
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)ရှမ်း/မြောက်၊ လားရှိုး