သာသနာနှစ် ၂၅၅၈ ကောဇာသက္ကရာဇ် ၁၃၇၆ ခရစ်နှစ် ၂၀၁၅
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁၆.၁.၂၀၁၅ ရက်နေ့တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေးကော်မတီနှင့် (အီးယူ)ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် လူမျိုးအတုအယောင်ဖန်တီးသုံးစွဲ၍ ဖိအားပေးတောင်းဆိုမှုများ အပေါ် ကန့်ကွက်ရှုံ့ချခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ သဘောထားကြေညာငြာချက်
ရက်စွဲ။ ။ ပြာသိုလပြည့်ကျော်(၁၁)ရက်
၁၅.၁.၂၀၁၅(ကြာသပတေးနေ့)
စာအမှတ် ၂၄/၂၀၁၅
၁။ ၁၆.၁.၂၀၁၅ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လူ့အခွင့်အရေးကော်မတီနှင့်(EU)ဥရောပသမဂ္ဂတို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်၍ လူမျိုးအတုယောင် ဖန်တီးသုံးစွဲ၍ ဖိအားပေးတောင်းဆိုနေမှု အား ကန့်ကွက်ရှုံ့ချခြင်းဆန္ဒဖော်ထုတ်ပွဲအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အပြည့်အဝထောက်ခံအား ပေးသည်။
၂။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ လူ့အခွင့်အရေးကော်မတီနှင့်(EU) ဥရောပ သမဂ္ဂတို့၏ တဖက်သတ်ဖိအားပေးခြိမ်းခြောက်ပြောဆိုနေမှုများနှင့် ပြည်ပအဖွဲ့အစည်းများ၏ ပြည်တွင်းငြိမ်း ချမ်းမှုမရှိအောင် သွေးထိုးလှုံ့ဆော်ခြင်းများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်သည်။
၃။ လက်ရှိဖြစ်ပေါ်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမရဟန်းရှင်လူပုဂ္ဂိုလ်အပေါင်းတို့သည် မသမာလူတစု(သို့)တိုင်းပြည်မငြိမ်သက်အောင် ဆူပူမှုများ ဖြစ်အောင် လိုက်လံသွေးထိုးလှုံ့ဆော်နေခြင်းကြောင့် ကိုယ့်လူမျိုးအချင်းချင်း အမြင်မကြည်ခြင်း၊ ယုံကြည်မှုမရှိ ခြင်းနှင့် ရဟန်းသံဃာအချင်းချင်း စိတ်ဝမ်းကွဲခြင်းများ ဖြစ်ပေါ်နေပါပြီ။ ထိုမသမာလူတစုသည် တိုင်းပြည်ဆူပူ အောင် တမင်သက်သက်လိုက်လံနှောက်ယှက်နေသည်ဟု ထင်မြင်မိပါသည်။
၎။ ထို့အတွက်ကြောင့် ဘယ်လူမျိုး၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကဘဲ သွေးခွဲခွဲ သွေးမကွဲဘဲ ပြည်ထောင်စု ကြီးငြိမ်းချမ်းသာယာလှပအောင် အားလုံးစည်းစည်းလုံးလုံးနဲ့လက်တွဲပြီး စုပေါင်းကာကွယ်ကြဖို့ကိုလည်း မေတ္တာရပ်ခံတောင်းဆိုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်း အသီးသီး ပါတီအသီးသီးတို့မှာလည်း မိမိအဖွဲ့အစည်း မိမိပါတီအတွင်းရှိ ပါတီဝင်များကို စည်းကမ်းရှိစွာ ပြောဆို ဆုံးမနည်းကောင်းလမ်းမှန်များပြသ၍ တိုင်းပြည်ငြိမ်းချမ်းသာယာတိုးတက်အောင် လုပ်ဆောင်ပေးစေလို ကြောင်း စေတနာကောင်းဖြင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သဘောထားကြေငြာချက် ထုတ်ပြန်လိုက် သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ
ဥက္ကဋ္ဌ ဦးဉာဏဓမ္မ
အတွင်းရေးမှူး ဦးသုစိတ္တ