Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတ်ပြန်ကြေညာချက်”

$
0
0
အမျိုးစောင့်ဥပဒေ(၄)ရပ်ဖြစ်သော-
၁။ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊
၂။ လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊
၃။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊
၎။ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေများကို
ဥပဒေကြမ်းအဖြစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဥပဒေမူကြမ်း(၄)ရပ်သည် အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့၏ ဥပဒေ(မူကြမ်း) နမူနာတင်ပြချက်များနှင့် အနည်းငယ်ကွဲလွဲချက်များ ရှိသော်လည်း ဥပဒေပညာရှင်များ၏ ခေတ်စနစ်နှင့် လျော်ညီစွာရေးဆွဲတင်ပြနိုင်ခြင်းသည် အမျိုး ဘာသာ သာသနာနှင့် နိုင်ငံလူမျိုးအနာဂတ်အပေါ် စေတနာ ကောင်းနှင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဥပဒေကြမ်း(၄)ရပ်တွင် ပြုပြင်ဖြည့်စွက်သင့်သည်များကိုလည်း မဘသအနေဖြင့် ဆက်လက်အကြံပြုတင်ပြ သွားမည်ဖြစ်ပါသည်။ သို့သော်လည်း ဥပဒေမူကြမ်း(၄)ရပ်နှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေကြသူတစ်ချို့ သည် သတင်းစာ ဂျာနယ် ရုပ်သံလွှင့်ဌာနများနှင့် အင်တာနက်စသော မီဒီယာများကို အသုံးပြုကာ ဝေဖန် တိုက်ခိုက်နေကြခြင်းကို တိုင်းရင်းသားပြည်သူများ သိမြင်ရှင်းလင်းနိုင်စေရန် ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော် ပြအပ်ပါသည်။
ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကိုတန်းတူအခွင့်အရေး ပေးထားသော ဥပဒေဖြစ်သည်။
၂။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် အမျိုးသမီးများလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ် ချုပ်ချယ်သော ဥပဒေမဟုတ်၊ အမျိုးသမီးများရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရအောင် အကာအကွယ်ပေးထားသော ဥပဒေဖြစ်သည်။
၃။ သက်ဆိုင်ရာဘာသာအသီးသီးမှ ဘာသာဝင်အမျိုးသမီးများကို ကာကွယ်ပေးထားသော ပြဋ္ဌာန်းဥပဒေများ ရှေးကပင်ရှိပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လုံလောက်သော အကာအကွယ်ပေးသည့် ဥပဒေမရှိ၍ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်။
၎။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ နိုင်ငံသားများအတွက် အရေးကြီးသကဲ့သို့ အမျိုးသား လုံခြုံရေး သည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
၅။ အမျိုးစောင့်ဥပဒေ(၄)ရပ်သည် ဘာသာတစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းစွာနေထိုင်ရေးကို ရှေးရှုသော ငြိမ်းချမ်းရေးဥပဒေဖြစ်သည်။
၆။ အမျိုးစောင့်ဥပဒေ(၄)ရပ်သည် အိမ်ထောင်ရေးဖောက်ပြန်မှုများ၊ လူမှုရေးဖောက်ပြန်မှုများကို လျော့နည်း ပပျောက်စေမည့် ဥပဒေဖြစ်သည့်အပြင် ဘာသာအားလုံးအတွက် ပွင့်လင်းမြင်သာစေပြီး ပဋိပက္ခဖြစ်ပွားမှုများကို ရှောင်ရှားစေနိုင်သော ဥပဒေဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့နှင့် လုံးဝမဆန့်ကျင်သော အမျိုးစောင့်ဥပဒေ အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း တိုက်တွန်းကြေညာအပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ

ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။




Viewing all articles
Browse latest Browse all 2129

Trending Articles