Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရန်ကုန်ခရီးစဉ် ပထမနေ့ သာကေတမြို့ ည တရားပွဲ”

$
0
0
ဒဂုံဆိပ်ကမ်း ငါးခြောက်တန်းမှ သာကေတသို့ ခရီးဆက်ရပါတယ်။
သာကေတရောက်တော့ 9:30 နာရီ ရှိပါပြီ။ ရှေ့နေကြီးဦးအေးပိုင်က အားရပါးရဟောပြောရင်း ပွဲထိန်းပေးထား ပါတယ်။
သာကေတမြို့၊ (၈)ရပ်ကွက်၊ ရွှေအုတ်ကူ(၄)လမ်း မိသားစုနှင့် မျိုးချစ်သွေးဓမ္မကွန်ရက်တို့ရဲ့ ဒုတိယအကြိမ် အလှူအောင်ပွဲ ဓမ္မသဘင်ပါ။
ထူးခြားတာက မဟာဂီတ ဗဟိုအကဲဖြတ်ပညာရှင် ရွှေကူနန်းနွဲ့နွဲ့က “သာကီသွေးတို့တာဝန်” ရှစ်ဆယ်ပေါ်တေးသီဆိုပြီး သုခုမအနုပညာနှင့် ဂုဏ်ပြုပူဇော်တာပါ။
မဘသ အဖွဲ့ကြီးနှင့် စာရေးသူတို့ ဂုဏ်ပြုပူဇော်တာဖြစ်ပါတယ်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အင်မတန်အရေးကြီးလို့ လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တရား ဟောကြားခဲ့ပါတယ်။
“လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တရားတော်”
ကာယကံမေတ္တာကိုယ်စီထားမှ အဖွဲ့အစည်းများညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
ဝစိကံမေတ္တာကိုယ်စီထားမှ အဖွဲ့အစည်းများညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
မနောကံမေတ္တာကိုယ်စီထားမှ အဖွဲ့အစည်းများညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
ညီတူမျှတူ ခွဲဝေသုံးလို့ အဖွဲ့အစည်းများ ညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
ကိုယ်ကျင့်တရားကိုတန်ဖိုးထားမှ အဖွဲ့အစည်းများ ညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
ဆန္ဒစွဲတွေကင်းရှင်းကြမှ အဖွဲ့အစည်းများ ညီညွတ်မယ်၊
လူ့အဖွဲ့အစည်းတွေညီညွတ်ကျမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
သာရဏီယတရားလက်ကိုင်ထားမှ ကမ္ဘာလောကကြီးငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တက်လှမ်းနိုင်ဖို့ရွယ်။
==========================================================
“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးသို့ ဂုဏ်ပြုပူဇော်သည့် “သာကီသွေးတို့တာဝန်”(၈၀) ပေါ်တေးထပ် ဆရာတော်ဦးဝီရသူ(မစိုးရိမ်)သို့ အထူးဂုဏ်ပြုပူဇော်သည်”
ရွှေကူနန်းနွဲ့နွဲ့ရေးသားပူဇော်သည်။
ရှစ်သောင်းလေးထောင် သင်္ချာထွက်
ဘဂဝါမြွက်ဓမ္မကွန်
သံသာစက်လွတ်ရန်ကြံသည်
မဂ္ဂင်မှန်ရှစ်ပါး
ပရိယတ်၊ ပဋိပတ်၊ မလပ်စေရာ
သမဏဆရာ ဖြည့်ဆည်းလို့ထား။          ။
အရှင်ဝီရသူဆရာ
အမျိုးဘာသာ သာသနာအား
ထိပါးကြသည်ချိန်ခါ
ရွာမ/မစိုးရိမ်သာသနာ/သံဃာတွင်း
တန်ခိုးရှိန်ဖြာ ဝါဝါဝင်းလို့
ဇာနည်တစ်သင်းထွက်ပေါ်လာ။
ဘဂဝါ့ သာသနာ ရှည်ကြာကြောင်းကိုဖြင့်
သံဃာအပေါင်း စောင့်ကြပ်ခဲ့ပေတာ။      ။
(သာသနာမြင့်ဘို့ အရှင်တို့ဝန်တာ
သာသနာတင့်ဘို့ ဒကာတို့ဝန်တာ)
သွေးမအေးစေရာ သာကီတသင်းတို့
ဝေးနီးနေရာ ဆွေချင်းမို့
ညီညွတ်ခြင်းယခုခါ
(က) ဆရာတော်ပေါင်း ခေါင်းဆောင်ရာမှာ
ဒကာများညီညာ-လိုက်ပါကြလေ
(ခ) သာသနာမဆုတ်ဖို့ အားထုတ်ပါမည်။
ဆိုး-ယုတ်တာတွေ ဖယ်ရှားဘို့လေ
(ဂ) သာသနာခန့်လို့ တည်တံ့စေရာ
လက်တွဲညီညာ ဆရာ ဒကာပေါင်းလို့လေး…….။
ဆရာတော်အပါး ခစားကြပါမည်။
အင်အားကြာရှည် ပါရမီဖြည့်ကြလေး……။
ရွှေကူနန်းနွဲ့နွဲ့(မဟာဂီတ-ဗဟိုအကဲဖြတ်ပညာရှင်)
1.1.2015

နံနက်(၁၁)နာရီပြီး
















Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...