5.1.2015 ည 7:30 ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ငါးပိငါးခြောက် ငံပြားရည်လုပ်ငန်းဇုန်(၁)မိသားစု (၁၁)ကြိမ်မြောက် ဆွမ်းအောင်ပွဲနှင့် ပဋ္ဌာန်းအောင်ပွဲ ဓမ္မသဘင်ဖြစ်ပါတယ်။
ရန်ကုန်မြို့ကြီးမှ ဟုတ်ရဲ့လားလို့တောင် ထင်ခဲ့ရတဲ့ အစွန်အဖျားမြို့လေးပါ။
ငါးပိငါးခြောက်တန်းဆိုတဲ့အတိုင်း ငါးပိငါးခြောက်ရနံ့လေးတွေ သင်းပျံ့နေတာပါ။
ငါးပိငါးခြောက်တန်းပီပီ အာဖရိကငါးခူတွေအုံလိုက်ကျင်းလိုက် ဝယ်ကြတာတွေ့ရတယ်။ ငါးပိငါးခြောက်လုပ်ဖို့ ဖြစ်ပုံရပါတယ်။
ဆင်းရဲသူ/သားတွေများပြားလို့ ယဉ်ကျေးမှုနှင့်စီးပွားရေးကြီးပွားရေးဆိုင်ရာတရားလေးပဲ ဟောကြားခဲ့ပါတယ်။
“ချစ်စရာလေးတွေဖြစ်အောင်ကွယ် မေတ္တာတေးတွေဆိုကြမယ်”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။