Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အိတ်ဖွင့်ပေးစာတစ်စောင်”

$
0
0
အိတ်ဖွင့်ပေးစာ အမှတ်က ၁၃၂။
7.1.2015 ရက်စွဲနှင့် ရေးထားတာပါ။
စာရေးသူထံရောက်တာက 1.1.2015 ရက်နေ့ကပါ။
ဒီလိုစာတွေ ခဏခဏရောက်ပါတယ်။
ပေးပို့လာသူက မြစ်သားမြို့မှာနေသူပါ။
လိပ်မူတာက သမ္မတ၊ ကာချုပ်၊ ဥက္ကဋ္ဌ၊ နာယက စသည် စုံနေတာပါပဲ။
တခါတရံမှာ စာရေးသူကိုတောင် လိပ်မူတဲ့အထဲ ထည့်ထားတာ တွေ့ရပါတယ်။
ပစ်စာလည်းဖြစ်နေ။ လက်ရေးကလည်း ပြွတ်သိပ်နေတော့ ကုန်အောင် မဖတ်ဖြစ်ပါဘူး။
အခုနောက်ဆုံးရောက်တဲ့ အမှတ် ၁၃၁/၁၃၂ ထဲက ၁၃၂ ကိုတော့ ပြီးဆုံးအောင် ဖတ်ဖြစ်လိုက်တာနဲ့ တင်ပေးလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
4.1.2015
PM 12:26
==========================================================
စာအမှတ် ၁၃၂၊ အိတ်ဖွင့်ပေးစာဖြန့်ချိနေ့စွဲ ၇.၁.၂၀၁၅
သို့
ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ နေပြည်တော်နှင့် ရဲဘော်မင်းအောင်လှိုင်၊ ရဲဘော်ရွှေမန်း၊ ရဲဘော်တင်ဦး၊ ရဲဘော်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဘက်၊ စစ်ဘက်ခေါင်းဆောင်ရဲဘော်အပေါင်းတို့
ရဲဘော်တို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စင်္ကာပူနိုင်ငံမှာ ပြည်သူလူထု၏ လှုပ်ရှားရှင်သန်တက်ကြွမှုနှင့်အတူ Aeople Action Party သည် မကျေညာသောရေရှည်တစ်ပါတီကြီးစိုးရေးနှစ် ၅၀ကို အောင်မြင်စွာ ဦးဆောင်ဖြတ်သန်းခဲ့တယ်။
ငါတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ဒီမိုကရေစီဆန္ဒလုပ်ခြင်နေကြတယ်၊ ပြည်သူလူထု၏ စိတ်ဓာတ်ယုံကြည်မှု၊ တက်ကြွမှုကို ညှိုးနွမ်းစေမှု မဖြစ်သင့်ဘူး။ နိဗ္ဗာန်ရောက်ကြောင်းဟော၊ နိဗ္ဗာန်ကိုယ်တော်များစွာ၊ နိဗ္ဗာန်အမြတ် ဆုံးတရားအဖြစ်၊ စိတ်ကူးယဉ်၊ အမှန်းတင်ဟောကြတယ်။ လူ့ဘဝဆိုတာကိုတော့
၁။ ဘာအဓိပ္ပါယ်မှမရှိကြောင်း
၂။ ဘာတန်ဘိုးမှမရှိကြောင်း
၃။ ဘာမှခုံမင်စရာမရှိကြောင်း
၎။ အပုပ်ကောင်ရုပ်ဆောင်နေကြောင်း
၅။ စက်ဆုပ်ရွံရှာ၊ စိတ်ပျက်ဘွယ်အတိပြီးတဲ့ ဒုက္ခဘုံဖြစ်ကြောင်း စသဖြင့် ထင်ရာမြင်ရာ အဆိုးမြင်ဝါဒတွေနဲ့ ပြည်သူလူထု၏ လှုပ်ရှားရှင်သန်တက်ကြွမှု စွမ်းပကားတွေကို ရိုက်ချိုးညှိုးနွမ်းစေမှုဖြစ်နေတယ်။ မိုးကုတ်တရား တွေက ပိုများတယ်။
ရဲဘော်တို့ ဘာသာရေးဆိုငြား ပြည်သူလူထု၏ အတွေးအခေါ်မှားလျှင် နိုင်ငံတော် နိုင်ငံရေးခေါင်းဆောင်တွေက လမ်းလွှဲမှားနေမှုကို နားလည်သဘောပေါက်အောင် ရှင်းပြဘို့ တာဝန်ရှိတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်ဘို့ ပြည်သူလူထု၏ စိတ်ဓာတ်ယုံကြည်မှု တက်ကြွမှုတွေကို အပြည့်အဝ မောင်းနှင်အားစွမ်းပကားဖြစ်စေရန် အဓိကအရေးကြီးတယ် ရဲဘော်တို့။
ဇာတကဇတ်၊ နိပါတ်တော်လာ ဇာတ်တွေဆိုတာ သိလိုက်၊ ကြားလိုက်တာနှင့် စိတ်ကူးနှင့်ထွင်ပြီး ပြောဆိုတဲ့ လုပ်ဇာတ် ထိုးဇတ်တွေမှန်း ချက်ခြင်းသိပါတယ်။ Figments တွေပါ ဒါတွေက ကမ္ဘာပေါ်မှာ တကယ်ရှိခဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေပါဆိုပြီး
၁။ အဓိပ္ပါယ်မရှိသော
၂။ ယုတ္တိမတန်သော
၃။ ကြောင်းကျိုးမဆီလျော်သော
၎။ လုံးဝ လုံးဝ မဖြစ်နိုင်သော ဇာတကဇတ် နိပါတ်တော်လာ ဇတ်တွေကို ပညာရှိလုပ်ပြီး ဟောပါတယ်။ ဇာတ်ဆုံးတော့ နုစဉ်ကာလမှာ ဗုဒ္ဓက ဇာတ်ကောင်မည်သူဖြစ်ပါတယ်။ အာနန္ဒာက ဇတ်ကောင်မည်သူဖြစ် တယ်။ စသဖြင့် စသဖြင့် လိမ်တယ်ဗျာ။ ကျုပ်သာ အခုခေတ်ထဲ အဲဒီလိုထွင်ဟောရင် ပညာတတ်တွေ သိပ္ပံနည်းကျ အားလုံး စနစ်တကျ  ဝိုင်းစစ်ဆေးပြီး ကျုပ်ကို ဘုရားလိမ် ဘုရားညာပြောကြမှာဘဲဗျ။ ရဘြော်တို့ ဒါမျိုးပုံပြင် ဇာတ်လမ်းထွင်လုံးတွေ လူတတ်ကြီးလုပ်ပြီး ဟောတော့ တရားနာပရိသတ်ထဲမှာ အရွယ်သုံးပါး ပါဝင်တယ်၊ ပညာတတ်တွေပါတယ်၊ ပညာရှိတွေပါတယ်၊ အားလုံးကို သူငယ်နှပ်စားမူကြိုကလေး လေးမျှသာ သဘောထားခံရတာဖြစ်လို့ ပြည်သူလူထု၏ ပညာရေချိန်ကို စော်ကားမှုဖြစ်ပါတယ်။ ရဲဘော်တို့ နိဗ္ဗာန်ဆိုတဲ့ စိတ်ကူးယဉ် စိတ္တဇနာမ်အတွက် ပလ္လင်ဆင်းငွေချေ အတ္တ လောဘတွေနဲ့ မဆက်နွယ်ဘူးဆိုရင် ပိုင်ဆိုင်မှုအမည်ပြောင်းလဲ တပ်ခံရခြင်းဖြစ်၏။ အခမဲ့ မေတ္တာဖြင့် ဟောသည် ကူညီသည် လုပ်သင့်သည်။ နိဗ္ဗာန်ရောက်ကြောင်းဟော နိဗ္ဗာန်ကိုယ်တော်တွေလဲ သူဌေးဘုန်းကြီးတွေဖြစ်နေကြပါပြီ၊ သီဝရီများနှင့်အတူ နိဗ္ဗာန်ကိုယ်တော်တို့၏ အမည်နာမတပ် လက်တွေ့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်စခန်းကိုယ်စီကိုယ်စီတာဝန် ယူ၍ လူများများဆန့်တရားစခန်းများ တာဝန်ယူဖွင့်နိုင်ပါသည်။
ရဲဘော်တို့ ကျုပ်က ဘာသာမဲ့မဟုတ်ပါဘူး၊ ပညာတတ်ဘာသာနှင့်ပညာမတတ်ဘာသာတို့အား သုတေသန လုပ်ပြီး၊ ခွဲခြားလေ့လာသည့်ပညာတတ်ဘာသာသစ်ရှိပါတယ်။ ကျုပ်တို့တိုင်းပြည်မှာ နိဗ္ဗာန်ရောက်ကြောင်း ထက်
၁။ ယဉ်ကျေးလိမ္မာတရား
၂။ ကိုယ်ကျင့်သီလကောင်းမွန်ရေးတရား
၃။ လူတော်လူကောင်းလူချွန်လူမွန်ဖြစ်ရေးတရား
၎။ ဘဝနေနည်းနှင့်လက်ရှီဘဝသာတန်ဘိုးအရှိဆုံးတရား
၅။ ၂၀ ရာစုနိုင်ငံတွင်းဖြစ်နှင့် နိုင်ငံတကာဖြစ်ခေတ်မှီသာဝကများဖြင့် ပြုပြင်ရေးတရား
၆။ ဗဟုသုတဖြစ်ဖွယ်ဗုဒ္ဓဘာသာ၏အနှစ်သာရများ
၇။ လောကပါလတရားများ
၈။ တိုင်းချစ်ပြည်ချစ်မျိုးချစ် ဘာသာချစ်တရားများ
၉။ ပြည်တွင်းပြည်ပ အတုယူဖွယ်ခေတ်မှီဗဟုသုတသာဓကများ စသဖြင့် ဟောကြားသင့်ပေသည်။
လွန်ခဲ့သော နှစ် ၂၅၀၀ က အိန္ဒိယတိုက်၏ အစွန်အဖျား၌ ဖြစ်ခဲ့သည်ဆိုသော ပုံတိုပတ်စ၊ ဇာတကဇတ်များကို ဆရာကြီးလုပ်နေရခြင်းသည် ၂၁ ရာစုမြန်မာလူထု၏ ပညာရေချိန်ကို စော်ကားခြင်းမည်၏။ ဆင်ခြင်ကြပါကုန်၊ ဘုန်းကြီးစာချတာမဖြစ်ခြင်ပါ၊
မင်းအောင်ဇော်မြင့် Poutical Leader(1) U.SDP(2)NLD င/ဝ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်/ကာ/ချုပ် နေပြည်တော်
ကျုပ်ကလစ်ဘရယ်ဒီမိုကရက်

ယခင်/NLD ပြန်ကြားရေး/ပညာတတ်ရဲဘော်ထင်လင်းဦး(Wisdom Villa)အပြစ်မမြင်ပါ/နိုင်ငံတော်လုပ်ကြံမှု မဟုတ်တာရှင်းပြပြီ။




Viewing all articles
Browse latest Browse all 2129

Trending Articles