31.12.2014 နှစ်ဟောင်းကုန်ဆုံးတဲ့ရက်မှာပဲ ထူးခြားတဲ့ဧည့်သည်တစ်ယောက် ရောက်ရှိလို့လာပါတယ်။ 30-ရက်နေ့ကတည်းက ရောက်လာပြီး တွေ့ခွင့်တောင်းတာပါ။ ဘယ်လိုမှ အချိန်မပေးနိုင်လို့ 31 ရက်နေ့ကို ချိန်းလိုက်ရတာပါ။ ရွှေဘုန်းဝင်ကျောင်းတိုက်မှ ဦးဇင်းလေးနှစ်ပါးက ဘာသာပြန်ဆိုပေးပါတယ်။
စာရေးသူမော်စကိုမှာ နေရစဉ်ကတည်းက စာရေးသူအကြောင်းကို စိတ်ဝင်စားခဲ့တာပါတဲ့။
အခု ၂ နှစ် ၃ နှစ်အတွင်းမှာ စာရေးသူရဲ့ လုပ်ဆောင်ချက်တွေကို အထူးလေ့လာကြည့်မိပါတယ်တဲ့။
စာရေးသူကို စိတ်ဓာတ်မကျဖို့၊ အားမလျှော့ဖို့ အားပေးတာ ခဏ ခဏပါပဲ။
စာရေးသူဘက်မှာ အနောက်ကမ္ဘာတစ်ခုလုံး ရှိနေပါတယ်တဲ့။ အနောက်ကမ္ဘာမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေတင် မဟုတ်ဘဲ အခြားဘာသာဝင်တွေပါ စာရေးသူနောက်မှာ ရှိကြတာပါတဲ့။
786 အဓိပ္ပါယ်ကိုလည်း သိရှိထားပြီး၊ တစ်ကမ္ဘာလုံးကို မူဆလင်ကမ္ဘာကြီးဖြစ်အောင် ဝိသမလောဘနဲ့ မတရားကြံစည်နေတဲ့ ဂျီဟဒ်ဝါဒီတွေအကြောင်းလည်း ကောင်းကောင်းကြီး သိနေကာ အစ္စလာမ်ဘာသာဝင် မဟုတ်သူများအပေါ်ထားရှိတဲ့ ကုရ်အန်ကျမ်းရဲ့ သဘောထားကိုလည်း ကြေညတ်အောင် လေ့လာထားသူ ဖြစ်ပါတယ်။
သူရယ် ဦးဇင်းရယ်ပေါင်းပြီး ကမ္ဘာသူကမ္ဘာသားတွေကို ဂျီဟဒ်ဝါဒီတွေလက်မှ လွတ်မြောက်အောင် ကယ်တင်ကြမယ်လို့ ကတိပေးသွားပါသေးတယ်။
ကင်မရာ၊ အသံဖမ်းစက်၊ မှတ်တမ်းမှတ်ရာ ဘာဆိုဘာမှမပါဘဲ အားပေးစကားပြောရုံသက်သက် လာသူဖြစ်ပါတယ်။
လာမည့်ဝါတွင်းမှာလည်း သံဃာတွေကို အင်္ဂလိပ်စာ ဖရီးလာသင်ပေးဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာသူ ကမ္ဘာသားတွေ အစ္စလာမ့်အန္တရာယ်ကို ကြောက်ရွံ့နေကြကြောင်း နိုင်ငံပေါင်းများစွာကို သာဓကထိုး ပြောပြသွားပါတယ်။
ကျေးဇူးပါပဲ ဧည့်သည်ကြီးရယ်။
အနောက်နိုင်ငံတွေမှ ပါပါရာဇီတွေဒဏ် အမြဲခံခဲ့ရတာ ဧည်သည်ကြီးနှင့်တွေ့ရမှပဲ အားရှိသွားပါတော့တယ်။
(ဧည့်သည်တော်ကြီးရဲ့ အမည်နှင့် နေရပ်လိပ်စာ ချန်လှပ်ထားပါသည်။)