30.12.2014 ရက်နေ့ ည 9:00၊ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပန်းကုံးပင်ရွာ၊ ဓမ္မသဘင်ဖြစ်ပါတယ်။
အဝေးရောက် ရွာသူ/သားများက မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့ တတိယအကြိမ် ဓမ္မသဘင်ဖြစ်ပါတယ်။
ညနေ 5:00 နာရီ စာဝါပြီးမှ သွားရတာဖြစ်လို့ အတော်နောက်ကျသွားပါတယ်။
ရွာသူ/သားတွေကတော့ ဓမ္မကထိကဆရာတော်ကို စောင့်ကြိုရင်း သီရိလင်္ကာခရီးစဉ်ခွေတွေရယ်၊ ဂျီဟဒ်စစ်ပွဲခွေတွေရယ်၊ အမျိုးစောင့်ဥပဒေတရားတော်ရယ် တစ်ဝကြီးကြည့်ရှုနားကြားခွင့်ရခဲ့တာ အမြတ်ပါပဲ။
ညီနောင် သံဃာတော်အပေါင်းကလည်း စိတ်အားတက်ကြွစွာ စီစဉ်ကျင်းပပေးတာ တွေ့ရပါတယ်။
ဘုရားတည်မည့်ဆိုင် နှင့် ဘုရားဖျက်မည့်ဆိုင်
သာသနာပြုမည့်ဆိုင် နှင့် သာသနာဖျက်မည့်ဆိုင်
အမျိုးစောင့်မည့်ဆိုင် နှင့် အမျိုးဖျက်မည့်ဆိုင်
ဘယ်ဆိုင်ကို သင်အားပေးမလဲ?