Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မေတ္တာတေးတွေနှင့် ချစ်စရာကလေးတွေ ပျော်တဲ့နေ့”

$
0
0
29.12.2014 ရက်နေ့ မနက် 9:00 မန္တလေး၊ ဘုရားကြီးအနောက်မုခ် ၄၅ တာ ဓမ္မာရုံမှာ ကျင်းပခဲ့တဲ့ ပွဲလေးပါ။
Y.G.W က ကျင်းပဲ့ ဗုဒ္ဓဓမ္မစန်းဒေးစကူးလ်ကျောင်းသူ/သားလေးများ စုံညီပွဲလေးတစ်ခုပါ။
မန္တလေးခရိုင်အတွင်း ဓမ္မာရုံ ၅၈ ခု၊(သင်တန်း၅၈)ဌာန)မှ ကျောင်းသူ/သား သုံးထောင်ကျော်တက်ရောက်ကြ ပါတယ်။ အလယ်တန်း အထက်တန်း ကျောင်းသူ/သားလေးများ ဖြစ်ပါတယ်။
မန္တလေးခြောက်မြို့နယ်အပြင် ရန်ကုန်၊ ပုသိမ်ကြီး၊ မြောင်းမြ၊ ဟင်္သာတ၊ ရှမ်း/တောင်၊ ရှမ်း/မြောက်၊ ကချင်၊ စစ်ကိုင်း၊ မကွေး ရခိုင် စတဲ့ပြည်နယ်နှင့် တိုင်းတွေမှာလည်း Y.G.W အဖွဲ့ခွဲတွေ ရှိပါတယ်။
ဆရာ/မ အရပ်သူ/သား ကျောင်းသူ/သား စုစုပေါင်း သုံးသိန်းကျော် အင်အားရှိပါတယ်။
Y.G.W အသင်းမှာ တစ်နိုင်ငံလုံးမှ သံဃာတော်များ နှစ်သောင်းကျော်ရှိပြီး ဝါတွင်း ဝါပ စန်းဒေးစကူးလ်တွေမှ ဗုဒ္ဓဓမ္မတွေ သင်ကြားပို့ချပေးကြသလို နွေရာသီမှာလည်း ရက်ရှည်သင်တန်းများ ဦးစားပေးပို့ချပါတယ်။
Y.G.W အသင်းကို 22.2.2012 မှာ စတင်ဖွဲ့စည်းခဲ့စဉ်က သံဃတြော် အပါး(၃၀)ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Y.G.W အဖွဲ့ဝင် သံဃာတော်များဟာ တစ်လလျှင် တစ်ထောင်ကျပ်စီ အသင်းကို စုပေါင်းလှူဒါန်းကြရတာ ဖြစ်ပြီး၊ အလှူငွေတွေကို မိဘမဲ့ကလေးများ စားသုံးစရိတ်၊ ဆင်းရဲနွမ်းပါးသူများ ပညာရေးနှင့် ဘိုးဘွားများအား ထောက်ပံ့ကြတာ ဖြစ်ပါတယ်။
Y.G.W အဖွဲ့ဟာ ရတနာအလင်းရောင်အမည်နှင့် မိဘမဲ့ပရဟိတကျောင်းဖွင့်လှစ်ထားရှိပြီး၊ မိဘမဲ့ကလေး (၁၁၀)နှင့် ဆင်းရဲသူ/သား ကျောင်းအိပ်ကျောင်းစား ကလေးငယ် ၃၂၀ ကို မူကြိုတန်းမှ အထက်တန်းအထိ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။ မိဘမဲ့ကလေးတွေထဲမှာ နို့ဘူးတိုက်မွေးဖြူရသော ကလေးငယ် ၁၅ ဦးလည်း ပါဝင်ပါတယ်။
ရတနာအလင်းရောင် မိဘမဲ့ပရဟိတကျောင်းဟာ လလ/၄၈၊ ကနောင်လမ်းသွယ်၊ ၅၈လမ်း၊ စက်မှု(၂) ပြည်ကြီးတံခွန်မှာ တည်ရှိကြောင်း သိရပါတယ်။
ဆက်သွယ်ရန်
ဦးဇယန္တ=09.402713666
ဦးတိလောက=09.73214624/09.256271473
ဦးန္ဒာစာရ=09.402716004
ဦးဧသိက=09.250564926
ဦးဝေဠုရိယ=09.31047972
ဦးပညာစာရ=09.259506610

ဦးကောဝိဒ=09.256059550






















Viewing all articles
Browse latest Browse all 2129

Trending Articles