Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရခိုင်ကျောင်းအိုလေး စွံတော့မည်”

$
0
0
သြဂုတ်လကတည်းက အကူအညီတောင်းလာတဲ့ ကျောင်းအိုလေးပါ။
အတုမရှိဂျာနယ်လ်မှာ ထည့်ကြော်ငြာဖူးပေမယ့် ကုသိုလ်ရှင်ပေါ်မလာခဲ့ပါဘူး။
စာရေးသူလည်း စက်တင်ဘာလတုန်းက ရခိုင်ပြည်နယ်လုံးကျွတ် ဘကပညာရေးအတွက် ၅၆၁ သိန်း အိတ်သွန်ဖာမှောက် လှူလိုက်ရလို့ အခုထိ နလန်မထူသေးပါဘူး။
ကျောင်းဒကာ တော်စပ်သူကို အရဲစွန့်ပြီး အလှူခံပေးပေမယ့် ကျောင်းဒကာမနှင့် တိုင်ပင်ဦးမယ်ဆိုပြီး အသံမကြားရတော့ပါဘူး။
အခုတော့ ဟိတဓရဆရာတော် မြနန်းဆရာတော်တို့ကျေးဇူးကြောင့် သိန်း(၇၀) ရရှိခဲ့ပါပြီ။
မ-တည်ငွေရပြီဆိုရင်တော့ ကျောင်းအိုလေးပြုပြင်မှုလုပ်ငန်းလေး စဖြစ်တော့မှာပါ။
အဲဒီကျောင်းအိုလေးကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းရည်ဖော်ကျေးရွာမှာ ရှိပါတယ်။
ကျောင်းထိုင်ဆရာတော်က သက်တော်(၆၁)သိက္ခာတော်(၃၈)ဝါ ရှိပါပြီ။ ဘွဲ့အမည်မှာ ဦးပဏ္ဍိတပါ။
ကျောင်းအိုကို မပြုပြင်နိုင်တော့ သိမ်ထဲမှာ ဖြစ်သလို နေရပါတယ်။
ဥပုသ်နေ့မှာ ဥပုသ်သည်တွေ နေစရာမရှိလို့ အနီးနားက စာသင်ကျောင်းလေးမှာ သီလယူဥပုသ်စောင့် ရပါတယ်။
အုန်းရည်ဖော်ရွာလေးဟာ ပင်လယ်ကမ်းစပ်မှာရှိပြီး အိမ်ခြေ ၈၀ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နှင့် အလွန်နီးစပ်သလို ပင်လယ်ပြင်ကို စိုးမိုးထားတဲ့ ဘင်္ဂလီတွေကြောင့် ငါးဖမ်းမထွက်နိုင်ပါဘူး။ ဘင်္ဂလီအန္တရာယ်ကြားထဲကျရောက်နေတဲ့အပြင် မိုးကကောင်း ရွာကဆင်းရဲ၊ ကျောင်းကပျက်၊ မိုးကမလုံ၊ နေစရာကမရှိနှင့် ဆင်းရဲချို့တဲ့စွာ နေလာခဲ့တာ အခုဆို နှစ်ပေါင်း ၃၀ ခန့်ရှိပါပြီ။
ဒီကျောင်းလေးကို ပြုပြင်ဖို့ သိန်း(၁၅၀) ခန့်မှန်းထားပါတယ်။ တစ်ရွာလုံး စုပေါင်းဝိုင်းလှူထားတဲ့ ငွေအားလုံးကို ခြစ်ခြုတ်ရေတွက်ပါမှ နှစ်သိန်းကျော်ပဲ ရှိပါတယ်။
ရခိုင်ကျောင်းအိုလေးကို သိန်းခုနစ်ဆယ်နှင့်စေ့စပ်ထားပါပြီ။ မကြာခင် လုံးဝစွံပါတော့မယ်။ အပြီးတိုင် မစွံသေးခင် ပါရမီဖြည့်လိုသူများ ဆက်သွယ်နိုင်ပါတယ်။
ဦးဓမ္မဝံသ(စစ်တွေ)=09.421740556

ဦးပညာဓဇ(ရန်ကုန်)=09.421007251












Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း