နိဒါန်း
အမျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ ပရိသတ်မှာ ယုံကြည်ချက်နှစ်မျိုးရှိပါတယ်။ စောင့်လေမျိုးနွယ် ဘုရားဟောတရားကို ယုံကြည်လို့ ထောက်ခံကြတာက ပထမအချက်ပါ။ သီတဂူဆရာတော်တို့၊ အင်းစိန်ရွာမ ဆရာတော်၊ ရွှေရတုတိပိဋကဆရာတော်တို့ အမှူးပြုသော သံဃာတော်များ ဦးဆောင်မှုကို ယုံကြည်လို့ ထောက်ခံတာက ဒုတိယအချက်ပါ။
ဒီစာအုပ်လေးကို ဖတ်လိုက်ရင် အမျိုးစောင့်ဥပဒေအကြောင်း ဂဃနဏ သိသွားမှာပါ။
အမျိုးစောင့်ဥပဒေ အဓိပ္ပာယ်၊ အမျိုးစောင့်ဥပဒေလိုအပ်ရခြင်းအကြောင်း၊ အမျိုးစောင့်ဥပဒေရဲ့ အကျိုးကျေးဇူး တွေကို သာဓကထိုးပြီး တင်ပြထားပါတယ်။
ပထမပိုင်း၌ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းပြထားပြီး ဒုတိယပိုင်း၌ သတင်းစာပါ ဥပဒေမူကြမ်းလေးရပ်ကို ကူးယူတင်ပြထားပါတယ်။
တတိယပိုင်း၌ 7 Day Daily နေ့စဉ်သတင်းစာပါ နယ်ပယ်အသီးသီးရဲ့ သဘောထားအမြင်များကို ပြန်လည်ဆွေးနွေးတင်ပြထားပါတယ်။
အမျိုးစောင့်ဥပဒေမူကြမ်းလေးခုကို သေချာကျနအောင် လေ့လာပြီးမှ ဝေဖန်သုံးသပ်ကြစေလိုပါတယ်။
ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးတဲ့ နိုင်ငံရေးစနစ်ပါ။ အဖျက်သဘောနဲ့ ဆန့်ကျင်ကန့်ကွက်နေကြမယ့်အစား ပြည်သူ့ဆန္ဒက ဘယ်လိုရှိတယ်။
ပြည်သူ့လိုအပ်ချက်က ဘယ်လောက်ကြီးတယ်။
ပြည်သူ့အခက်အခဲက ဘာတွေဖြစ်တယ်ဆိုတာကို အရင်သိအောင် လုပ်ကြဖို့လိုပါတယ်။
အဖျက်သဘောနဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုမယ့်အစား လူ့အခွင့်အရေးနှင့် မညီတာရှိရင် ညီအောင်ညှိပေး ခြင်းစတဲ့ အပြုသဘောဆောင်ကာ စိတ်ကောင်း စေတနာကောင်း အရင်းခံထားပြီး အကောင်းဆုံးဖြစ်အောင် အကြံပြုစေလိုပါတယ်။
အမျိုးစောင့်ဥပဒေဆိုတာ မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံး ဗုဒ္ဓသာသနာတော်တစ်ရပ်လုံးအတွက် မရှိမဖြစ်လိုအပ်နေသော အမျိုးသားလုံခြုံရေး ဥပဒေတော်ကြီးတစ်ရပ် ဖြစ်နေလို့ပါပဲ။
ဝီရသူ(မစိုးရိမ်)
17.12.2014 PM 12:38
ထွက်လျှင် ဆက်လက်ကြော်ငြာပါမည်။