Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဂျာမနီ မဘသ အမှတ်(၂)”

$
0
0
“ဂျာမနီ၌ လူပေါင်း ၁၇၀,၀၀၀ ကျော်ထိ စံချိန်တင် တက်ရောက်သော အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်”
ဘာလင်၊ ဒီဇင်ဘာ ၂၃
လူပေါင်း ၁၇၅,၀၀၀ ဦးကျော်ထိ စံချိန်တင် တက်ရောက်သော အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ဂျာမနီနိုင်ငံ ဒရက်ဒန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဆန္ဒပြသမားများက ခရစ်ယာန်တေးသီချင်းများ ဆိုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်တောင်းသူများအရေး ပြောကြားသည့် မိန့်ခွန်းများကို နားထောင်ခဲ့သည်။
အနောက်တိုင်းကို အစ္စလာမ်ဇာတ်သွင်းသည့်အန္တရာယ်မှ ကာကွယ်ရေး မျိုးချစ်ဥရောပသားများအဖွဲ့(Pegida) က အောက်တိုဘာလမှစတင်ပြီး ဆန္ဒပြပွဲများကို အပတ်စဉ် ကျင်းပနေခြင်းဖြစ်ကာ(၁၀)ကြိမ်မြောက် ကျင်းပသည့် ဆန္ဒပြပွဲတွင် တက်ရောက်သူများ စံချိန်တွင်များပြားလာခြင်းဖြစ်သည်။
“ဂျာမနီက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နယ်မြေမဟုတ်ဘူး” ဟု Pegida အဖွဲ့ခေါင်းဆောင် လူ့ဘတ်မန်းက ဆန္ဒပြသမားများကို ပြောကြားလိုက်သည်။
ဒုက္ခသည် ၂၀၀၀ ခန့်အတွက် စင်တာပေါင်း ၁၄ ခုတည်ဆောက်ပေးရန် စီစဉ်ခြင်းကို လူမှုကွန်ရက် မီဒီယာများတွင် ဆန့်ကျင်ရာမှတစ်ဆင့် Pegida အဖွဲ့ အင်အားကြီးမားလာခြင်းဖြစ်သည်။
အစ္စလာမ္မစ်ဆန့်ကျင်ရေး ဆန္ဒပြသမားများမှာ လက်ယာအစွန်းရောက်များ၊ နာဇီလက်သစ်များ ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း ဆန္ဒပြသမားများက စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ဂျာမနီနိုင်ငံကို မွတ်ဆလင်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ထုတ်ဖော်ပြောကြားပြီး ထောက်ခံသူဦးရေ များလာခြင်းဖြစ်ကာ လက်ယာအစွန်းရောက်များသာမက သာမန်ဂျာမန်ပြည်သူအချို့ကလည်း ထောက်ခံ လာကြသည်။
ယင်းလှုပ်ရှားမှုများမှာ ဂျာမနီနိုင်ငံတစ်ဝန်း ပျံ့နှံ့ဖြစ်ပေါ်လာသော်လည်း ရွှေ့ပြောင်းနေထိုင်သူ အနည်းငယ်သာ ရှိသည့် ဒရက်ဒန်မြို့မှာ Pegida လှုပ်ရှားမှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်။
Pegida လှုပ်ရှားမှုမှာ ဂျာမနီနိုင်ငံအတွက် အရှက်ရစရာဟု ဂျာမနီတရားရေးဝန်ကြီး ဟီကိုမတ်က ပြောကြားလိုက်ပြီး ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဂါးဟတ်ကလည်း နိုင်ငံခြားသားဆန့်ကျင်ရေး လှုပ်ရှားမှုများကို တန်ပြန်သည့် ဆန္ဒပြမှုများ လုပ်ဆောင်ကြရန် နိုင်ငံသားများကို တောင်းဆိုလိုက်သည်။
လူပေါင်း ၄၀၀၀ကျော်တက်ရောက်သော Pegida ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒရတ်ဒန်မြို့တွင် ပြုလုပ်ခဲ့ပြီး မြူးနစ်မြို့တွင်ပြုလုပ်သည့် တန်ပြန်ဆန္ဒပြပွဲတွင် လူပေါင်း ၁၂,၀၀၀ ကျော်ပါဝင်ခဲ့ကာ ဘွန်း၊ ကာဆယ်နှင့် ဝူဇာဘတ်မြို့တို့တွင်လည်း တန်ပြန်ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့သည်။
ဥရောပတိုက်၏ စီးပွားရေးအင်အားအကြီးမားဆုံး ဂျာမနီနိုင်ငံတွင်းသို့ အရှေ့အလယ်ပိုင်း အာဖရိကနှင့် ဘော်လဘန်ဒေသများမှာ လာသော ဒုက္ခသည်များ ဝင်ရောက်မှု များပြားလာချိန်တွင် အစ္စလာမ္မစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု Telegraph သတင်းတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်အတွင်း ဂျာမနီနိုင်ငံသို့ ဝင်ရောက်သည့် ဒုက္ခသည် အရှေအတွက်သည် ၂၀၀,၀၀၀ ကျော်ထိရှိပြီး အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ဒုက္ခသည်ဝင်ရောက်မှု အများဆုံးနိုင်ငံဖြစ်သည်။





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...