Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၅ ခုနှစ်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်”

$
0
0
“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၅ ခုနှစ်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်”
နေ့စွဲ နတ်တော်လပြည့်ကျော်(၆)ရက်၊ ၁၂.၁၂.၂၀၁၄(သောကြာနေ့)
စာအမှတ် ၂၀/၂၀၁၄
၁။ ဗိုလ်ချုပ်အောင်ဆန်းသည် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါဖြင့် တည်ထောင်ပေးခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည့်အပြင် ပြည်ထောင်စုတိုင်းရင်းသားညီအကို မောင်နှမများအားလုံး ကို ပြည်နယ်ပြည်မ မခွဲခြားစေဘဲ တစည်းတလုံးတည်း စည်းလုံးညီညွတ်အောင် ပြည်ထောင်စုစိတ်ဓာတ်မွေး ဖွားပေးခဲ့သော မြန်မာ့အာဇာနည်သူရဲကောင်းကြီးဖြစ်ပါသည်။
၂။ ဗိုလ်ချုပ်အောင်ဆန်းသည် ပါတီတခု အသင်းအဖွဲ့တဖွဲ့၏ အသုံးအချခံ ပုဂ္ဂိုလ်ကြီးမဟုတ်ဘဲ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်သားညီကိုမောင်နှမများအားလုံးတို့နှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ကျေးဇူးဂုဏ်တို့ကို စွမ်းနိုင်ရာကနေ ကျေးဇူးဆပ်၍ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအကျိုး သယ်ပိုးလိုသော အောင်ဆန်းစိတ်ဓာတ်မွေး၍ ဗိုလ်ချုပ်ရာပြည့်မှမဟုတ်ဘဲ အနာဂတ်မှာလည်း အောင်ဆန်းစိတ်ဓာတ်မွေးပြီး ဗိုလ်ချုပ်ကို ကျေးဇူးဆပ်ကြဖို့ တိုက်တွန်းလိုက်ပါသည်။
၃။ မကြာမီ ကျရောက်တော့မည့် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်ပွဲများနှင့် ပတ်သက်၍ ပြည်ထောင်စု တိုင်းရင်းသားညီကိုမောင်နှမအချင်းချင်း ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ပြီး ဗိုလ်ချုပ်အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးနိုင်ပါရန် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
၎။ ဗိုလ်ချုပ်အောင်ဆန်း၏ အောင်ဆန်းစိတ်ဓာတ်ကို တုယူ၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွျဲွှ့ တိုင်းပြည်နဲ့ အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးမဖက်ဘဲ တက်စွမ်းနိုင်၊ ကူညီနိုင်သလောက် ပေးဆပ်သွားပါမည်ဟု ဗိုလ်ချုပ်ရာပြည့်အကြို၌ သစ္စာဓိဋ္ဌာန်ပြု၍ ထုတ်ပြန်လိုက်ပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)
ဥက္ကဋ္ဌ ဦးဉာဏဓမ္မ
အတွင်းရေးမှူး ဦးသုစိတ္တ=09.420055308



Viewing all articles
Browse latest Browse all 2129

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။