30.4.2014 ရက်နေ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ကျင်းပတဲ့ပွဲဟာ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တာကြောင့် ပွင့်ဖြူ NLD ပါတီဝင် ဦးအောင်ဝင်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၂၉၈ နှင့် မြို့နယ်တရားရုံးက စစ်ဆေးနေချိန်မှာ ဦးအောင်ဝင်းက မကျေနပ်လို့ ခရိုင်ဥပဒေရုံးသို့ ပြင်ဆင်ချက် တက်ပါတယ်။ ခရိုင်ရုံးက ၂၉၅-က နှင့် ၁၅၃ တို့ကို ထပ်မံတိုးပေးလိုက်ပါတယ်။
အဲဒီပွဲမှာ ပြသထားတဲ့ ဗီနိုင်းပုံတွေမှာ ဦးဝီရသူပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျစေတာရယ်၊ ဘာသာရေးနှင့် NLD ကို ရန်တိုက်ပေးရာရောက်စေတာရယ်ကို အကြောင်းပြထားပါတယ်။
အဲဒီပုံတွေဟာ FB ပေါ်က လူမသမာတွေ ရေးဆွဲထားတာဖြစ်ပြီး၊ အဲဒီပုံကြောင့်တော့ ၂၉၅-က တပ်လို့မရပါဘူး။ ဝီရသူကို ပြစ်မှားထားလို့ ဝီရသူက တရားစွဲမယ်ဆိုရင်တော့ ရပါတယ်။ အခုဟာက NLD က စွဲမယ်ဆိုတော့ တရားလိုကတစ်ခြား၊ နစ်နာသူက တစ်ခြားဖြစ်နေပါတယ်။
အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးလို့ အမျိုးစောင့်ဥပဒေကို ထောက်ခံပွဲကျင်းပတာကို သာသနာညှိုးနွမ်းမှု နှင့်တရားစွဲတဲ့သူတွေရယ်၊ စွဲခွင့်ပြုတဲ့ ခရိုင်ဥပဒေသမားရယ် မတရားပြုလုပ်ရာ ရောက်နေပါတယ်။
ဦးမျိုးသန့်ဟာ ပွင့်ဖြူရော၊ မင်းဘူးမှာပါ နှစ်ရုံးလုံး တရားစွဲခံထားရသူဖြစ်ပါတယ်။ နေထိုင်တာက ပခုက္ကူ ပွဲကျင်းပတာက ပွင့်ဖြူနှင့် မင်းဘူး။
အခုတော့ ဦးမျိုးသန့်တစ်ယောက်တည်း အဖော်မပါ။ ဥစ္စာမရှိ၊ အညတရဘဝနှင့် အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဟောပြောခဲ့တဲ့သူတွေ စုပေါင်းကျင်းပခဲ့တဲ့သူတွေရဲ့ အကူအညီများ လိုအပ်နေပါတယ်။
ဦးမျိုးသန့်
09.402611903