အခင်းဖြစ်ရာတိုက်ကြီးက အထပ်မြင့်တိုက်ကြီးပါ။ မြေပိုင်ရှင်ကို စာချုပ်စာတမ်း အတုတွေနှင့် လိမ်လည်ခဲ့တဲ့ အပြင် တိုက်ကြီးပြီးသွားတဲ့အခါမှာလည်း တိုက်ခန်းတစ်ခုတည်းကို နှစ်ဦးထပ် သုံးဦးထပ် ရောင်းထားခဲ့တာပါ။ တိုက်ခန်းဝယ်ယူသူတွေ အငြင်းပွားရာမှ ပြဿနာပေါ်လာတာပါ။
မြေညီထပ်ကို မြေပိုင်ရှင်အား ပေးခဲ့တာကြောင့် မြေပိုင်ရှင်က ကမ္ဘောဇဘဏ်ကို အငှားချထားခဲ့ရာမှာလည်း ပြဿနာပေါ်လာပြန်ပါတယ်။
ဓာတ်လှေကားတွေလုပ်ပေးမယ်။ ရေမီးအပြည့်အစုံလုပ်ပေးမယ် စာချုပ်ခဲ့ပေမယ့် ဘာတစ်ခုမှ လုပ်မပေးလို့ ကမ္ဘောဇဘဏ်နှင့် မြေပိုင်ရှင် မျက်နှာပျက်ခဲ့ရပါတယ်။
သတိထားနော်
ကုလားရှီတယ်
လိမ်လိမ့်မယ်။
(17.12.2014 ရက်နေ့ထုတ် Voice သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================
“Father Land ကုမ္ပဏီပိုင်ရှင် ထွက်ပြေးတိမ်းရှောင်ဟု သတင်းများထွက်”
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ငွေကြေးနှင့် စာချုပ်စာတမ်းကိစ္စများ လိမ်လည်ခဲ့မှုများနှင့် တရားစွဲခံနေရသော Father Land ကုမ္ပဏီမှ ပိုင်ရှင်ဦးကျော်မြင့်မှာ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က လာရောက်ခဲ့ခြင်း မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီဟု ယူဆရကြောင်း လိမ်လည်ခံရသည့် အိမ်၊ ခြေ၊ မြေ ဝယ်ရောင်းလုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။
Father Land ကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားမြို့နယ် တရားရုံးက သိန်းတစ်ထောင်ဖြင့် အာမခံပေးခဲ့သည် ကို ငွေကြေးလိမ်လည်ခံရသူများက မကျေမနပ်ဖြစ်ခဲ့ရာမှ ပထမအကြိမ် ရုံးထုတ်စစ်ဆေးချိန်တွင် ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူမှာ ရုံးတော်သို့ လာရောက်စစ်ဆေးခံခြင်း မရှိသောကြောင့် တရားရုံးက ၄င်း၏ အာမခံကို ပြန်လည်ရုပ်သိမ်းပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ ငွေကြေးအလိမ်ခံရသူများဘက်မှ Father Land ကုမ္ပဏီပိုင်ရှင် မှာ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုတရားစွဲတဲ့အမှုက မြေနေရာတင် သိန်းရှစ်သောင်းကျော်တန်တယ်။ ဒါကို တရားရုံးက သိန်းတစ်ထောင်နဲ့ သူ့ကိုအာမခံပေးခဲ့တာ။ ဒီရက်ပိုင်းမှာ သူ့ကုမ္ပဏီရုံးခန်းလည်း ပိတ်ထားပြီး မိသားစုကိုလည်း နိုင်ငငံခြားကို ပို့ထားတယ်လို့ သိရတယ်။ သူဘယ်မှာနေတယ်။ သူဘယ်မှာနေတယ်ဆိုတာ ရဲတပ်ဖွဲ့တောင် စုံစမ်းမရဘူး ဆိုတော့ ပြေးတာမဟုတ်ရင် ဘာဖြစ်တာလဲ ရုံးတော်က သူ့ကို ရှောင်တိမ်းဖို့ ကြိုတင်ပြင်ဆင်ခွင့်ပေးလိုက် သလိုမျိုး သက်ရောက်နေတယ်” ဟု လက်ရှိ တရားစွဲဆိုထားသော ပန်းဆိုးတန်းလမ်းမှ ၁၂ ထပ်ကွန်ဒိုမြေပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းထက်က ပြောကြားသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူဟု သတင်းများထွက်ပေါ်နေသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ လေးခန်းတွဲ ၁၂ ထပ် ကွန်ဒိုကို တာဝန်ယူဆောက်လုပ်ခဲ့ စဉ်က မြေပိုင်ရှင်၏ ခွင့်ပြုချက်မရရှိဘဲ လက်မှတ်အတုများပြုလုပ်ကာ စည်ပင်ခွင့်ပြုချက်ရယူပြီး ဆောက်လုပ်ခဲ့သောကြောင့် အောက်တိုဘာလပိုင်းက မြေပိုင်ရှင်မှ ရဲစခန်းတွင် ပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုဖွင့်ခံရမှုကို ရဲတပ်ဖွဲ့က ၄င်းထံ ဆက်သွယ်ခဲ့ရာ လာရောက်အစစ်ဆေးမခံသော ကြောင့် နိုဝင်ဘာလကုန်ပိုင်းက တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“တရားခံပြေးအဖြစ် ကြေညာခဲ့စဉ်က သူကိုယ်တိုင် လာအဖမ်းခံပြီး ရုံးတော်မှာ ဆေးစာနဲ့အတူ သိန်း ၁၀၀၀ တင်ပြီး အာမခံရယူခဲ့တယ်။ အာမခံယူထားသူက မဖြစ်မနေ ရုံးတော်ကို လာရောက်ရမယ်။ အမှုဖြစ်စဉ်နဲ့ ပစ္စည်းတန်ဖိုး အာမခံပေးထားတဲ့ငွေက အင်မတန်ကွာဟနေတာ။ ဥပဒေမှာ အာမခံငွေပမာဏ မများလွန်းရလို့ ပြဋ္ဌာန်းထားပေမယ့် အာမခံတန်ဖိုးကို နင့်နေအောင် ထားခိုင်းမယ်လို့ ပြေးချင်ရင်တောင် ပြေးမှာမဟုတ်တော့ဘူး” ဟု တရားလိုအကျိုးဆောင်ရှေ့နေ ဒေါ်ဆွေဆွေညိးက ပြောကြားသည်။
အဆိုပါ တရားစွဲခံရသူ ဦးကျော်မြင့်ကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ရုံးထုတ်စစ်ဆေးရန် မရောက်ရှိ ခဲ့သောကြောင့် ကျောက်တံတားမြို့နယ် တရားသူကြီးက ၄င်း၏ အကျိုးဆောင်ရှေ့နေမှတစ်ဆင့် မွန်းတည့် ၁၂ နာရီ ရုံးရှေ့အရောက် ခေါ်ဆောင်ပေးရန် ပြောခဲ့သော်လည်း မရောက်ရှိခဲ့သည့်အပြင် ၄င်းဘက်မှ ရှေ့နေဖြစ်သူ ပျက်ကွက်သည့်အကြောင်းအရာကို ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိသောကြောင့် အာမခံပြန်လည်ရု့်သိမ်းကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီးက ပြောကြားသည်။
“လက်ရှိဗိုလ်တ်ထောင်ရဲစခန်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက အာမခံပေးလို့မရတဲ့ အမှုတွေနဲ့ လာဖွင့်ထားတာရှိတာကြောင့် ဒီနေ့ ရုံးထုတ်ချိန် သူ့ကို ဖမ်းဆီးစစ်ဆေးဖို့ တရားရုံးမှာ သွားစောင့်ခဲ့တယ်။ အခုလို ဖမ်းဝရမ်းထုတ်ပြီဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးရင်တောင် သူဝင်ရောက်ပုန်းခိုမယ့် နိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးပိုင်ခွင့်ရှိတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရဲမှူး စိန်ဝေက ရှင်းလင်းပြောကြားသည်။