မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်အုပ်စု၊ ကန်နီကျောင်း၊ အောင်တော်မူမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲအကြို ဓမ္မသဘင်ပါ။
အားကိုးရသူနှင့် ချစ်ရသူ တရား ဟောကြားခဲ့ပါတယ်။
မယုံကြည်ရသောပါတီကို အားပေးရင် အလိမ်ခံရမယ်။
စိတ်မချရသောပါတီကို အားပေးရင် အကန်းခံရမယ်။(မျက်လုံးတစ်ဖက်ခွဲကန်းလိမ့်မယ်။)
ဖွတ်ပါတီကို အားပေးရင် မွဲမယ်။
မွတ်ပါတီကို အားပေးရင် ကွဲမယ်။
ချစ်ခြင်းကို ဦးစားမပေးဘဲ အရည်အချင်းကို ဦးစားပေးမှ နိုင်ငံကောင်းစားမယ်။
ချစ်ခြင်းမုန်းခြင်း ကင်းစွာဖြင့် နိုင်ငံ့အနာဂတ်ကို တည်ဆောက်နိုင်ပါစေ။
ဝီရသူ(မစိုးရိမ်)
13.12.2014