“ဘုရားများခိုးယူမည်ဆိုပါက ဘုရားဂေါပကများမြင်အောင်ခိုးယူကြပါရန်”
(15-10-2007) နေ့တွင် ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ ရှစ်မျက်နှာဘုရားရှိ အင်္ဂတေဘုရားမှ ဦးခေါင်းတော် (၂)ဆူ၊ ထိုင်ကိုယ်တော် (၂)ဆူ၊ ပျောက်ဆုံးသဖြင့် အရေးယူပေးပါရန် ဥက္ကဋ္ဌ ဦးအုံးမောင်မှ တိုင်တန်းချက်အရ ချောင်းဦးရဲစခန်းတွင်(ပ)၂၀၅/၀၇ ပြစ်မှု ၂၇၉/၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာ တရားခံဖြစ်သူ သိန်းဇော်နှင့်ဝင်ဋ္ဌေးတို့ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး တရားခံသိန်းဇော်အား ဖမ်းဆီးရမိခဲ့၍ မြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ကြောင်း၊ တရားခံဝင်ဋ္ဌေးမှာ တရားရင်ဆိုင်ခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။
ယခင်က ထိုခိုးယူမှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက်ခဲ့သူ တရားခံသိန်းဇော်အား အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးဖြစ်ရာ တရားခံ ၀င်းဋ္ဌေးမှာ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေရာမှ (1-10-2014) နေ့တွင် ရဲများမှဖမ်းဆီးရမိခဲ့ကြောင်း၊မြို့နယ်တရားရုံးသို့(2-10-2014)နေ့တွင် တရားစွဲဆိုခဲ့ကြောင်း ကြားသိရပါသည်။

မြို့နယ်တရားသူကြီးမှလည်း အမှုကိုလက်ခံ စစ်ဆေးခဲ့ပြီး တရားလိုများ၏ ထွက်ဆိုချက်တွင် မျက်မြင်သက်သေများမရှိဟုဆိုကာ တရားသူကြီးမှ (28-10-2014)နေ့တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၂၅၃ အရ တရားခံအား စွဲချက်မတင်မှီ လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။
ကျေးရွာရှိ ပြည်များအနေဖြင့်လည်း ဒီအမှုကို တရားသူကြီးက ဘယ်လိုများဆုံးဖြတ်လိုက်သည်ကို ဝေခွဲမရ ဖြစ်နေကြပြီး စိတ်မချမ်းမသာခံစားရပါသည်။
ဒီလိုသာဆိုရင်တော့ ထင်လင်းဦးရဲ့ အမှုကို ဒီပုံစံမျိုးများ လုပ်ဆောင်သွားလေမလား ဟု ရွာသူ/သားများမှ သံသယ၀င်နေကြပါကြောင်း….။
မှတ်ချက်=ဘုရားခိုးမည်ဆိုပါက ဂေါပကလူကြီးများရှေ့မှောက်တွင် ခိုးယူကြပါရန်

ရဲစခန်းဖုန်းနံပါ 07145233