Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သက်သေကို နှုတ်ပိတ်လိုက်ပါပြီ”

$
0
0
သူတို့တတွေက ဒါတွေ လုပ်နေကျ။
God Father ဂိုဏ်းလိုများ အကြပ်ကိုင် ခြိမ်းခြောက်ခံရလေသလား? မဖြစ်နိုင်ပါဘူးလေ။
ရဲစခန်းတုန်းက မြင်ပါတယ်။ တွေ့ပါတယ်ပြောခဲ့ပြီး။ တရားရုံးရောက်တော့ မမြင်ပါဘူး။ မတွေ့ပါဘူး ဖြစ်သွားခဲ့တာ အကြောင်းရှိရမယ်။
ငွေလေဗျာ ငွေ။
စည်းရုံးရေးလေ စည်းရုံးရေး။
မူဆလင် မူဆလင်။



“မန္တလေးပဋိပက္ခအတွင်း ဦးထွန်းထွန်းအသတ်ခံရမှု၌ တရားလိုပသက်သေကို မမှန်မကန် သက်သေထွက်ဆို မှုဖြင့် အမှုဖွင့်”
မန္တလေး၊ ဒီဇင်ဘာ ၁၁
မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခကာလအတွင်း ဦးထွန်းထွန်း အသတ်ခံရမှု၌ မမှန်မကန် သက်သေထွက်သည့်အတွက် မန္တလေးခရိုင်တရားသူကြီး(၁)က တရားလိုပြသက်သေကို မမှန်မကန် သက်သေထွက်ဆိုမှုဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ဦးထွန်းထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ မန္တလေးခရိုင် တရားရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျူးလွန်သူဟု ယူဆရသူ ၁၂ ဦးကို ရုံးထုတ်စစ်ဆေးခဲ့ရာ အဆိုပါအမှုမှ သက်သေတစ်ဦးသည် မမှန်မကန် သက်သေထွက်ဆိုမှုအတွက် တွဲဖက်ခရိုင်တရားသူကြီး(၁)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ချမ်းအေးသာစံ မြို့နယ်တရာူးကြီးက ပြစ်မှုကြီးအမှတ် ၁၉၂၇/၂၀၁၄ ပြစ်မှုပုဒ်မ ၁၉၃ ဖြင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“တရားလိုပြ သက်သေကို စွဲတာပါ။ ကျူးလွန်သူထဲက တစ်ယောက်ကို သိတယ်၊ အဲဒီတစ်ယောက်က အမှုဖြစ်ပွားတဲ့အချိန်မှာ သေဆုံးသူ ထွန်းထွန်းစီးလာတဲ့ ဆိုင်ကယ်ကို ဘယ်နေရာယူဆောင်သွားတယ်၊ မြင်တယ်လို့ ပြောပြီးမှ တရားရုံးကျတော့ မမြင်ပါဘူး၊ မသိပါဘူးလို့ ထွက်ဆိုတယ်။ ရဲစခန်းမှာ ထွက်ဆိုတုန်းက သတ်တာကိုမြင်တယ်၊ တွေ့တယ်လို့ပြောပြီး၊ တရားရုံးကျတော့ မမြင်ဘူး၊ မတွေ့ဘူး ပြောလို့ ရုံးတော်မှာ မမှန်မကန် သက်သေထွက်ဆိုတဲ့အတွက် အမှုဖွင့်အရေးယူလိုက်တာပါ” ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဆိုပါအမှုကို ထပ်မံစစ်ဆေးရန် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရုံးချိန်းထားရှိကြောင်း ဥပဒေအကျိုးဆောင်များ ထံမှ သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၂၀ မိနစ်အချိန်က ဦးထွန်းထွန်းနှင့် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ၃၅ လမ်းမှ မောင်းနှင်လာပြီး ၈၃လမ်း၊ ၃၃×၃၄ လမ်းကြားအရောက်တွင် အမည်မသိ အမျိုးသား အစ္စလာမ်ဘာသာ ဝင်အချို့မှ ၄င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ပါလာသောပစ္စည်းများယူထားပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် ၃၀ နှစ်ရှိ ဦးထွန်းထွန်း၏ လည်ပင်းကို ဓားဖြင့် လှီးခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဆိုင်ကယ်နောက်ထိုင်လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ယာလတ်ဖျံဖူးရောင်ဒဏ်ရာများရရှိသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ချမ်းအေးသာစံမြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ)၅၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/၃၀၂/၁၁၄ အရ အမှုဖွင့် တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရသိရသည်။

ဦးထွန်းထွန်းအသတ်ခံရသည့် ကိစ္စတွင် ကျူးလွန်သူဟု ယူဆရသူများကို စစ်ဆေးရာမှ ကျူးလွန်သူ(၁၁)ဦးထဲမှ နှစ်ဦးသည် တရားမဝင် အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့က မတရားအသင်းပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles