Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မန္တလေးပဋိပက္ခအတွင်း ဦးထွန်းထွန်းအသတ်ခံရမှု ကျူးလွန်သူများထဲမှ နှစ်ဦးမှာ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိ”

$
0
0
မန္တလေး၊ ဒီဇင်ဘာ ၇
မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခအတွင်း ဦးထွန်းထွန်း အသတ်ခံရမှုတွင် ကျူးလွန်သူဟု သံသယရှိသူများကို စစ်ဆေးရာမှ ၄င်းတို့ ၁၁ ဦးထဲမှ နှစ်ဦးသည် တရားမဝင် အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် မတရားအသင်းပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လူသတ်မှုကိစ္စတွင် သံသယရှိသူ ၁၁ ဦးထဲမှ အမျိုးသားနှစ်ဦးသည် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ပျက်ပြားစေရန် တရားမဝင် အစ္စလာမ် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ ခြင်းနှင့် ယင်းဖွဲ့စည်းဆောင်ရွက်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် RCSSA/SSA၊KNU၊DKBA၊AMBU အဖွဲ့များနှင့် ဆက်သွယ်ပြီး ပြည်တွင်းတွင် အစ္စလာမ်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ထူထောင်ရန် အဆိုပါအဖွဲ့ အစည်းများထံသို့ အကူအညီတောင်းခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ၄င်းတို့နှစ်ဦးကို မတရားအသင်းပုဒ်မဖြင့် အမှုဖွင့်ပြီး လူသတ်မှုအပြင် မတရားအသင်းပုဒ်မဖြင့်ပါ တရားစွဲဆိုထားကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။
“ဦးထွန်းထွန်းသတ်မှုမှာ ကျူးလွန်သူ ၁၁ ဦးကို စစ်နေပြီ။ တရားခံလို့ သေချာတဲ့အဆင့်ရောက်နေပြီလို့ ပြောလို့ရတယ်” ဟု ယင်းအမှုကို စစ်ဆေးဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။
ယင်းအမျိုးသားနှစ်ဦးကို ချမ်းအေးသာစံမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ)၆၈၁/၂၀၁၄ မတရားအသင်းပုဒ်မ ၁၇(၁) အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ချမ်းအေးသာစံမြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။






Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း