(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ လေသာလမ်းမှာနေထိုင်တဲ့ ဗိုလ်မှူးကျော်စံနှင့် မစုကေသွယ်တို့ လင်မယားက မချိုချိုအောင်ထံ ငွေချေးပြီး ပြန်မပေးတဲ့အပြင် ပြန်လည်ခြိမ်းခြောက်နေတဲ့ အမှုပါ။
ပြောရရင်တော့ စစ်သားလူပါးဝတဲ့ အမှုပေါ့။
ဗိုလ်မျူးကျော်ကျော်စံက DSA ကျောင်းဆင်းပါ။
မစုကေသွယ်နှင့် မယူခင်ကတည်းက မချိုချိုအောင်နှင့် ခင်မင်ခဲ့ကြတာပါ။ မချိုချိုအောင်နှင့် မစုကေသွယ် တို့က မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ကျောင်းနေဖက်သူငယ်ချင်းဖြစ်ကြလို့ပါပဲ။ မစုကေသွယ်ဆီ လာစဉ်တုန်းကတော့ ဗိုလ်အဆင့်ပဲ ရှိပါသေးတယ်။ မန္တလေးနန်းတွင်းမှာ တာဝန်ကျနေသူပါ။
မစုကေသွယ်နှင့်ယူပြီးတော့ မုံရွာမှာပဲ နေကြပါတယ်။ မဆုကေသွယ်က တပ်ထဲလိုက်မနေလို့ တပ်နှင့်အိမ် သွားလိုက်ပြန်လိုက် လုပ်နေတာပါ။ အခုတော့ မော်လမြိုင်မှာလို့ပဲ ပြောပါတယ်။
ဗိုလ်မှူးကျော်ကျော်စံတို့လင်မယားက ငွေလိုအပ်ရင် မချိုချိုအောင်ဆီ ငွေချေးယူတတ်ပါတယ်။ ပထမသုံးသိန်း ချေးပြီး တစ်လအကြာ ပြန်ဆပ်ပါမယ်။ ဒုတိယ ၅ သိန်းချေးပြီးတော့လည်း ပြန်ဆပ်ပါတယ်။
ဒီလိုနဲ့ ၅ သိန်းချေးလိုက် ၁၀ သိန်းချေးလိုက်နှင့် ၃၅ သိန်းပြည့်ပြီးတဲ့နောက်ပိုင်း လုံးဝ ပြန်မဆပ်တော့တာပါ။ မချိုချိုအောင်က တစ်လတစ်သိန်းပဲ ပြန်ဆပ်ဖို့ ပြောတာတောင် ပြန်မဆပ်ကြတော့တာပါ။
စုကေသွယ်ကိုယ်တိုင် အကူအညီတောင်းတာဖြစ်သလို ဘဏ်ငွေလွှဲတော့လည်း စုကေသွယ် အမည်နှင့်ပဲ လွှဲခဲ့တာပါ။ ဒါကိုသိတော့ ဗိုလ်မှူးကျော်ကျော်စံက သူကိုယ်တိုင်ဆပ်ပေးပါ့မယ်လို့ ကတိပေးခဲ့ပါသေးတယ်။
မချိုချိုအောင်က ဗိုလ်မျူးကျော်ကျော်စံထံ သွားတောင်းတဲ့အခါ ဗိုလ်မှူးကျော်ကျော်စံက “နင် စီးပွားရေးလုပ် လို့ အရှုံးပေါ်တယ်လို့ပဲ သဘောထားလိုက်ပါ” လို့ ပြောတဲ့အပြင် သူ့မိန်းမ အမည်နှင့် ငွေချေးတာ သူနှင့်မဆိုင်ဘူး။ သူ့မိန်းမနှင့်လည်းမပေါင်းတော့ဘူး ဆိုပြီး ရှောင်လွှဲခဲ့ပါတယ်။
သူက လင်မယားကွာရှင်းထားတယ်ပြောပေမယ့် ဒုတိယကလေး မီးဖွားထားတာ ၄၅ ရက်ပဲ ရှိပါသေးတယ်။ မချိုချိုအောင်က မစုကေသွယ်ဆီ ငွေသွားတောင်းရင်း တွေ့ခဲ့ရတာပါ။ မဆုကေသွယ်ကလည်း သူ့ယောက်ျား ဆီပဲ တောင်းဖို့ ပြန်လွှဲချလိုက်ပါတယ်။
ဒါဆိုရင် တိုင်မယ်လို့ပြောတော့ ရဲပဲတိုင်တိုင်၊ သတင်းစာထဲပဲထည့်ထည့်၊ တိုင်ချင်ရာတိုင် ထည့်ချင်ရာထည့် နင့်ကို အသရေဖျက်မှုနဲ့ ပြန်တိုင်မယ်လို့ ဗိုလ်မှူးကျော်ကျော်စံက ပြန်ပြောခဲ့ပါတယ်။
ဘယ်စစ်တပ်မှာ တာဝန်ကျမှန်းလည်းမသိ။ ဘယ်ကိုတိုင်ရမှန်းလည်းမသိလို့ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကိုသွားတိုင်ခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး။
အစ္စရေးနိုင်ငံမှ ဗိုလ်ချုပ်ကြီး မိုရှေဒါယန်းအကြောင်း ဖတ်ဖူးပါတယ်။ ခရီးသွားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အမည်မသိ၊ ရာထူးမသိ၊ အဆင့်မသိ၊ နေရပ်လိပ်စာမသိတဲ့ စစ်သားကိုတောင် ဖော်ထုတ် အရေးယူနိုင်ခဲ့တာ တွေ့ရပါတယ်။
ကဲ ဆိုင်ရာတပ်ရင်းမှူးကြီးနှင့် တပ်ချုပ်ကြီးတို့ရေ တာဝန်သိစိတ်ဓာတ်အပြည့်အဝနှင့် ဗိုလ်မှူးကျော်ကျော်စံ ကို ဆုံးမပေးလိုက်ကြပါဗျာ။ သူ့လုပ်ရပ်ကြောင့် တပ်သိက္ခာကျလို့ပါ။
တကယ်တော့ စစ်သားဆိုတာ ကောက်ရိုးပုံစောင့်ခွေးတစ်ကောင်လိုပါပဲ။
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေလို့သာ ပြည်သူက ချစ်ခင်လေးစားနေကြတာပါ။
အခုလို အာဏာအလွဲသုံးတာတွေ၊ စစ်တပ်အရှိန်အဝါနှင့် ပြည်သူကို အနိုင်ကျင့်တာတွေကို ဒီကနေ့ခေတ်မှာ ဆက်လက်ကျင့်သုံးလို့ မရတော့ဘူးဆိုတာကို လက်တွေ့သိစေရပါ့မယ်။
ဘဝသင်ခန်းစာတစ်ခုပေါ့ဗျာ။
စုံစမ်းမေးမြန်းနိုင်ပါသည်။
မချိုချိုအောင်=09.402601293/09.798859273
မစုကေသွယ်=071.22202
ဗိုလ်မှူးကျော်ကျော်စံ=09.442076464