6.12.2014 ရက်နေ့ မနက် 9:00 ခန့်မှာ ရန်ကုန်မြို့သို့ရောက်ပါသည်။ ခရီးရောက်မဆိုက်မှာပင် ကြိုတင်ချိန်းဆို ထားသော ဦးမျိုးခင်တို့အဖွဲ့ ရောက်လာပါသည်။
ဦးမျိုးခင်သည် အမျိုး ဘာသာ သာသနာကို နိုင်ငံရေးထက်တန်ဖိုးထားသူဖြစ်ပါသည်။ 2014 ခုနှစ်၌ ၄င်းနေထိုင်ရာ ရန်ကင်းမြို့နယ်၌ စာရေးသူအား အမျိုးသားရေးတရားဟောကြားဖို့ပင့်သော NLD ပါတီဝင်တစ်ဦး ဖြစ်ပါသည်။ 2015 ခုနှစ်မှာလည်း ပင့်ထားပါသေးသည်။
ဦးမျိုးခင်သည် စာရေးသူနှင့် မြစ်ဆုံထောင်မှာ အတူနေခဲ့ဖူးသည့် ပတ်သက်ကြီးဖြစ်ကာ ပြည်သူနှင့်အလွန်နီးစပ်သော နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါသည်။
သူ၏ FB တွင် ဟိုယခင်က ဦးဝီရသူလို ဆရာတော်များ မပေါ်ပေါက်ခဲ့၍ ဗုဒ္ဓဘာသာ(၁၇)နိုင်ငံ သာသနာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ရေးသားခဲ့သူဖြစ်ပါသည်။ စာရေးဆရာထင်လင်းဦးကိုလည်း ဦးချိုးခင်က ရှုတ်ချပါသည်။ စာရေးသူ၏ ကြေညာချက်ကိုလည်း ထောက်ခံသူဖြစ်ပါသည်။ ယခု ဦးမျိုးခင်သည် စည်ပင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေပါသည်။ ဦးမျိုးခင်လို နာမည်နှင့် လိုက်ဖက်သော မျိုးချစ်နိုင်ငံရေးသမားကောင်းတစ်ယောက် စည်ပင်ရွေးကောက်ပွဲေ အောင်မြင်ပါလဆင် ရန်ကင်းမြို့အတွက် စိတ်ချရပြီဖြစ်ပါသည်။
NLD ပါတီ ရန်ကုန်တိုင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးခင် ဦးဆောင်သော ရန်ကင်း NLD ပါတီဝင်များနှင့် လွတ်လပ်ပွင့်လင်းစွာ အပြုသဘောဆောင်သော နိုင်ငံရေးသဘောထားများ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ဦးရွှေမန်းစကားကို ဒေါ်စုဘာကြောင့် ထောက်ခံရတာလဲ?
ဦးအောင်သောင်းကိစ္စ လွှတ်တော်အဆိုကို NLD က ဘာကြောင့် ထောက်ခံရတာလဲ?
“NLD ပါတီကသာ ငြိမ်းချမ်းရေးတောင်းဆိုပွဲတွေ ဦးဆောင်ကျင်းပမည်ဆိုလျှင် ဝီရသူ ရှေ့ဆုံးမှ လိုက်မည်” ဟူ၍ ဖြစ်ပါသည်။
7.12.2014 မနက်တွင် ဗိုလ်ချုပ်တူအရင်း ဦးချိုအောင်သန်းနှင့်အတူ ဦးမျိုးခင် ထပ်မံရောက်ရှိလာပြန်ပါသည်။ ဗိုလ်ချုပ်ရာပြည့်ပွဲ ပန်းဖလက်တွေလာပို့ခြင်း ဖြစ်ပါသည်။