6.12.2014 ည 8:00 ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ ဓမ္မသဘင်မှာ ဟောကြားသည်။
အထက်တန်းကျောင်း အားကစားကွင်းမှာ ကျင်းပခြင်းဖြစ်သည်။ မအေးလွန်း မပူလွန်းသည့်အပြင် လေကလေးတစ်ဖြူးဖြူးနှင့် ဟောကောင်းလွန်း၍ နှစ်နာရီခွဲကျော်သွားပါသည်။ ကြာ၍ ကြာမှန်ပင် မသိလိုက်ရပါ။
သကျ-သာကီနွယ်ဝင်မင်းမျိုးစတင်ပေါ်ပေါက်လာပုံမှစ၍ သာကီဝင်မင်းမျိုးတို့၏ ဇာတိသွေး ဇာတိမာန်မြင့်မားပုံ ကို အခြေခံကာ အမျိုးစောင့်ဥပဒေ လိုအပ်ရခြင်းအကြောင်း၊ အမျိုးစောင့်ဥပဒေပေါ်ပေါက်လာလျှင် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ငှက်ပျောသီးဥပမာဖြင့် ဟသာနှော၍ ဟောပြောခဲ့ပါသည်။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေတရားတော်”
ဓားပြဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။