၁။ “ဘုန်းကြီးဘုရား ညီမောင့် သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ ဒီစာကိုပြန်ပါတယ်”
တပည့်တော်သတ္တိနဲ့ တပည့်တော်အတ္တကို တစ်မျိုးသားလုံးအတွက်၊ တစ်သာသနာလုံးအတွက်၊ တစ်နိုင်ငံလုံး အတွက်၊ အကျိုးရှိရှိ အသုံးချနေတာ မဟုတ်ဘူးလားဘုရား….?။
၂။ ပြည်သူတွေ အတိုက်အခံဆိုတာနဲ့ မယဉ်ပါးတာကို ခွင့်လွှတ်နိုင်ပါတယ်ဘုရား၊
အတိုက်အခံဆိုသူတွေကကော အတိုက်အခံနဲ့ ယဉ်ပါးနေကြပြီလားဘုရား။
ဘုန်းကြီးတို့နိုင်ငံရေး လောကသားတွေကို အတိုက်အခံနဲ့ ယဉ်ပါးအောင် အရင်ဆုံး သွန်သင်ပေးစေလိုပါ တယ်ဘုရား။
ဝီရသူကတော့ အပြုသဘောဆောင်လာရင် ကုလားပေးတဲ့အကြံဥာဏ်ကိုတောင် လေးစားပြီးသားပါဘုရား။
လက်ညှိုးနဲ့လက်ခုပ်၊ လက်အုပ်နဲ့ လက်သီးကို တူညီသောလောကဓံအဖြစ် ရှုမြင်ထားသူပါဘုရား။
၃။ “မြန်မာလူထုအားလုံး စစ်တပ်ထိန်းချုပ်ထားမှုအောက်က အမြန်လွတ်ဖို့တစ်ခုပဲ ရည်ရွယ်ပါတယ်”
ရည်ရွယ်ချက်ကောင်းပါတယ်ဘုရား။
သေနင်္ဂဗျူဟာအရ စနစ်တကျဆုတ်ခွါနေတာကို ပိတ်ဆို့တိုက်ခိုက်ရင် ရလဒ်ဆိုးတွေ ဖြစ်ပေါ်လာမှာကိုလဲ တွက်ထားပါဦးဘုရား။ ဦးတည်ချက်မှန်ပေမယ့် နည်းလမ်းမမှန်ရင်လဲ အဖြေဟာ ကျေနပ်စရာဖြစ်မလာနိုင်ပါ ဘုရား။
၎။ “ဆရာတော်ဦးတိလောက ဦးဆောင်လို့ အမှန်တရားဖြစ်မယ်လို့ မယုံကြည်ပါဘူး” ဆိုတဲ့ စကားကို တာဝန်ယူ ဖြေရှင်းပါဦးဘုရား။
ဘုန်းကြီးဦးဆောင်လို့ အမှန်တရားဖြစ်မယ်လို့ ယုံကြည်ရင် ဘုန်းကြီးကို ခေါင်းဆောင်တင်ပါ့မယ်ဘုရား။
အဖွဲ့သားတချို့တလေအတွက်နဲ့ ဆရာတော်ကြီးကို ပြစ်မှားတာမျိုးတော့ မဖြစ်သင့်ပါဘူးဘုရား။
မကြိုက်တာတွေ့ရင် သံသယရှိရင် ဆရာတော်ကြီးကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ဘုရား။
၅။ “အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင်အတွက် စည်းရုံးမှူးတွေအဖြစ် ပါဝင်နေသူတချို့ကိုသာ ရည်ရွယ် ပါတယ်”
အာဏာရှင်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး အမုန်းတရားတွေကို ဖြန့်ချီနေတာ အချင်းချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာတွေက ဘုရားအလိုကျပါ့မလားဘုရား။
ငါနဲ့မတူ ငါ့ရန်သူဝါဒီတွေထဲမှာ ဘုန်းကြီးလဲ ပါသွားမယ်နော်။
၆။ အမျိုးချစ်စိတ်တစ်ခုတည်းနဲ့ အမှန်တရားကို တည်ဆောက်လို့မရသလို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတစ်ခုတည်းနဲ့ လည်း နိုင်ငံကို တည်ဆောက်လို့မရပါဘုရား။
အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးဖြစ်တာ ကလောင်ကိုင်သမားတွေကြောင့် လား…..? လက်နက်ကိုင်သမားတွေကြောင့်လားဘုရား…….?။
၇။ သတ္တလောကတခုလုံးအတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်မှုဆိုတာ ဆန့်ကျင်ဘက်အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလိုသဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာမလိုပါဘူး။
သတ်ဖို့ ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလိုသဘောထားဖို့ ဘယ်ဘုန်းကြီးက ဟောနေလို့ပါလဲဘုရား…..?။
BBC.DVB လို ဘုန်းကြီးလဲ ကုလား သြဇာခံဖြစ်နေမယ်နော်။
အန္တရာယ်ကို အန္တရာယ်မှန်းသိရင် အန္တရာယ်ကင်းအောင် ကာကွယ်နိုင်ပါတယ်ဘုရား။ ရန်သူလိုသဘောထားဖို့ ဟောကြတာမဟုတ်ပါဘူး။ အန္တရာယ်ကို ကာကွယ်ဖို့သာ ဟောကြားတာပါဘုရား။
ငြိမ်းချမ်းဖို့အတွက် တရားဥပဒေစိုးမိုးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးဖို့ဆိုရင် အပြစ်ရှိသူကို အပြစ်ရှိသလိုတော့ ဆုံးမဖို့လိုမယ်နော်…..။
ဒါကြောင့် ငြိမ်းချမ်းရေးအတွက် မုဒိမ်းကောင်ကုလားကို ထောင်ချမှဖြစ်မယ်။
လုံခြုံရေးအတွက် အဖျက်သမားကုလားကို ထောင်ချဖို့တော့ လိုမယ်နော်……။
၈။ “အမျိုး ဘာသာ ကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တအားကြီးသူတွေကို အားပေးမယ်မထင်ပါဘူး”
ဣဒမေဝ သစ္စံမောဃမညံ ထဲ ဝီရသူ မပါပါဘူးဘုရား။
ဘာသာတရားကိုးကွယ်တာနဲ့ ဘာသာတရားကို ကာကွယ်တာ မကွဲပြားသူတွေကတော့ ဝီရသူကို ကြည်ဖြူမှာ မဟုတ်ကြပါဘူးဘုရား။
၉။ စောင့်လေမျိုးနွယ်နဲ့ သာကီဝင်တွေကို တန်ခိုးပြတဲ့ ဥပမာနဲ့ မပတ်သက်ပါဘုရား။
ဗုဒ္ဓဟာ အနှိုင်းမဲ့မေတ္တာရှင်တစ်ပါးပါ။
ဒါပေမဲ့ တိတ္ထိတွေကို တန်ခိုးပြပြီး နှိမ်နင်းခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်နော်။
၁၀။ “အမုန်းစကားတွေနဲ့ ဟောပြောပြီး တဖန်ငြိမ်းချမ်းရေးပါလို့ ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်”
ငြိမ်းချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်ဆိုတာ ကိုယ့်အင်အားကိုတော့ မဖြစ်မနေ ပြကိုပြရပါမယ်။
အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် အင်အားပြခဲ့တာလဲ ဒီရည်ရွယ်ချက်ပဲမဟုတ်လား…….?
Smart Power လို့ ခေါ်တယ်နော်။
မြန်မာပြည်သူတွေ ငတ်အောင်ပိတ်ဆို့တာကိုကျတော့ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပြီး ၉၆၉ ကို ကျတော့ အမုန်းစကားတဲ့လား…….? ဘုရား။
၁၁။ အမျိုးစောင့်ဥပဒေကို ဘုန်းကြီးဆန္ဒနဲ့ ကန့်ကွက်လိုက ကန့်ကွက်ပါဘုရား၊ သံဃာထုကတော့ တစ်ခဲနက်ကို ထောက်ခံနေတာပါဘုရား။
“ဒီမိုကရေစီလမ်းကြောင်းကို ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်”
အဲဒါလဲ နိုင်ငံရေးသမားတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်ဟောင်းကြီးပါဘုရား၊ အဓိကရုဏ်းတွေကြောင့် ပြောင်းလဲသွားသော နိုင်ငံရေးစနစ်မရှိခဲ့ဖူးပါ။
၁၂။ ဘာသာရေးနဲ့ နိုင်ငံရေး မတွဲစပ်ရဘူးဆိုတဲ့စကားကို စစ်အစိုးရလဲ သုံးခဲ့ပါတယ်။ သံဃာတွေကို နှိပ်ကွပ်ဖို့ ပါ။ အခုလဲ ဒီမိုကရေစီဆိုသူတွေက ထပ်ပြောနေကြပြန်ပါပြီ၊ သံဃာတွေကို နှိပ်ကွပ်ဖို့ပဲ မဟုတ်လား…..?။
အဲဒီအယူအဆဟာ ဘုရားအလိုတော်မကျပါဘုရား။ ဘာသာတရားကို နိုင်ငံရေးမှာ အသုံးမပြုကြရင် အဲဒီ နိုင်ငံရေးဟာ လွတ်လပ်ပွင့်လင်းမှန်ကန် မျှတငြိမ်းချမ်းနိုင်ပါ့မလားဘုရား။
သာသနာ့အလံတော်ဆိုတာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ မျှတတယ်၊ မှန်ကန်တယ်၊ ငြိမ်းချမ်းတယ်၊ ဒါကြောင့် ဘယ်နိုင်ငံရေးမဆို သာသနာ့အလံရဲ့ အရိပ်ကိုပဲ ခိုလှုံရပါမယ်ဘုရား။
ဘုန်းကြီးလည်း ဘုရားသားတော်ပီပီ သာသနာတော်ကို ဦးထိပ်ထားပါဘုရား၊ နိုင်ငံရေးကို သာသနာ အရေးထက် ဦးစားမပေးချင်ပါနဲ့ဘုရား။
(ဒုတိယပိုင်းဆက်လက်ဖော်ပြပါမည်)။