မြန်မာနှစ်ဟောင်းကို အတာရေနဲ့ဆေးကြောသန့်စင်နိုင်ပါစေ။
မြန်မာနှစ်သစ်(၁၃၇၆)ခုနှစ်ကို ကြိုဆိုသောအားဖြင့် ဦးပဉ္စင်းရဲ့ တရားတစ်ပုဒ်ကို လက်ဆောင်အဖြစ် တင်ဆက်လိုက်ပါတယ်။
23.5.2003 ခုနှစ်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၊ အဘိဓမ္မာရွှေညဝါသင်တန်း မှာ စာသင်သံဃာတော်များကို ဟောကြားခဲ့တဲ့ တရားတစ်ပုဒ်လည်း ဖြစ်ပါတယ်။
တရားတော်အမည်က “လက်ဖဝါးပေါ်က ကံကြမ္မာ” ဖြစ်ပါတယ်။ အိုးဘိုတောရမဆောက်တည်ခင်က ဒီတရားကို “အမြဲရှုံးနေသော ဘောလုံးပွဲ” တို့၊ “အဆင်သင့်ရှိပါစေ” တို့၊ “အမျိုးအတွက်ဆို သေရဲတယ်” တို့က လွှမ်းမိုးထားလို့ ရွက်ပုန်းသီးတရားဖြစ်နေခဲ့တာပါ။
လူ့ပြည်ပြန်ရောက်လာတဲ့အခါကျမှ တောရောမြို့ပါမကျန်၊ သံဃာပရိသတ်ရော၊ လူပရိသတ်ပါ တစ်ဖွဖွ အားပေးသံ၊ တစ်ခဲနက်ထောက်ခံသံတွေကြားခဲ့ရခြင်းဖြစ်ပါတယ်။
စာအုပ်ထုတ်ဖို့ တိုက်တွန်းသူများ-များပြားလာတာကြောင့် စာအုပ်အဖြစ် ထုတ်ဝေတော့မှာပါ။ လောလောဆယ် အွန်လိုင်းပရိသတ်ကြီးကို အရင်ဦးဆုံး အမြည်းပေးထားရခြင်းဖြစ်ပါတယ်။
သင်္ကြန်ရေလို အေးမြပါစေနော်……………….။)
“မြန်မာပြည်ကို အကြီးအကျယ်ဒုက္ခပေးနိုင်သည့် လူတန်းစားနှစ်ရပ်”
နောက်တစ်ခုဘုရားက အဆင့်အတန်းလဲမခွဲဘူး။ ဘုရားတရားတော်ကနော် တကယ့်ကို ခုခေတ်လို လူ့အခွင့်အရေးလို့ခေါ်မလား ဒီမိုကရေစီလို့ခေါ်မလားမသိဘူး။ အနိမ့်ဆုံး ပြည့်တန်းဆာ သူတောင်းစားကနေ စပြီးတော့ အမြင့်ဆုံးရှင်ဘုရင် ပုဏ္ဏား ခတ္တိယ ဗြာဟ္မဏတွေတိုင်အောင် တရားကို ပိုင်ဆိုင် ခွင့်ရှိတယ်။ နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုခွင့်ရှိတယ်။ အဆင့်အတန်းလဲ မခွဲခြားဘူး။ ဦးဇင်းတို့ သာသနာပြုတဲ့ အခါမှာ အဲဒီလိုပဲ အဆင့်အတန်းမခွဲခြားတဲ့ပုံစံနဲ့ သာသနာပြုပါ။ မြန်မာပြည်ကို ဒုက္ခအကြီးအကျယ် ပေးနိုင်တဲ့ လူတန်းစားနှစ်ရပ်ရှိတယ်။ တစ်-ဆင်းရဲသား၊ နှစ် မိန်းကလေး။ မိန်းကလေးတွေဟာ အစုလိုက် အပြုံလိုက် ဘာသာခြားတွေနဲ့ အိမ်ထောင်ပြုရင် သူတို့မွေးလာတဲ့သားသမီးတွေက မြန်မာပြည်ကို ချောက်ထဲတွန်းချမယ့် သားသမီးတွေ။ မြန်မာပြည်ကို သစ္စာဖောက်တဲ့ သားသမီးတွေ၊ မြန်မာရဲ့ အန္တရာယ်ကောင်လေးတွေ သူတို့ မွေးပေးရမယ်။ အဲဒါဆိုရင် မိန်းကလေးတွေကြောင့် မြန်မာပြည်ချောက်ထဲကျမယ်။ အခု ကုလားတွေက ဗျူဟာပြောင်းသွားပြီ။ အရင်တုန်းက မိန်းမလေးယောက်ယူတယ်၊ ကလေးတွေ များများမွေးတယ်။ အဲဒါက တော်တော်ကြာအောင်စောင့်ရတာ။ တစ်နှစ်တစ်ယောက် တော်တော်စောင့်ရတဲ့ဥစ္စာကြီး။ အဲဒါမအောင်မြင်ဘူး မဟုတ်ဘူး အောင်မြင်တယ် နှစ်ရှည်တယ်ပေါ့။ ဆင်းရဲသားအများကြီးကို ငွေပေးပြီး သူတို့ဘာသာထဲ သွတ်သွင်းတယ်။ တစ်မိသားစုလုံး တစ်ပြုံလုံးကြီးပါလာတာ။ ကဲဗျာ ဘယ်လောက်လွယ်ကူတဲ့ နည်းလဲ။ အဲဒီစနစ်ကို အခုကျင့်သုံးနေပြီ။ ဦးဇင်းတို့က ဆင်းရဲသားတွေထံ သာသနာရောက်အောင် မပို့ရင်သူတို့ ကပို့သွားမယ်။ ဆင်းရဲသားတွေထံသာသနာရောက်ခဲ့ရင် သူတို့က ငွေနဲ့ စည်းရုံးဦးတော့ အငတ်ခံမယ်။ ဘာသာတရားကို သိသွားတာကိုး။ အဲဒီတော့ ဆင်းရဲသားတွေဟာ အစုလိုက် အပြုံလိုက် အတုံးလိုက် အရုန်းလိုက် ဘာသာကူးပြောင်းသွားရင် မြန်မာပြည်ချောက်ထဲကျမယ်။ မြန်မာပြည်ကို ချောက်ထဲ တွန်းချနိုင်တဲ့ လူမျိုးနှစ်စု။ အဲဒါတွေကို ဦးဇင်းတို့ ကာကွယ်နိုင်မှ။ အဲဒီတော့ ဒီက အဆင့်အတန်း မခွဲခြားပဲနဲ့ သာသနာပြုနိုင်ရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်တယ်။ အဲဒါ ဘုရားရဲ့ လမ်းစဉ်ဖြစ်တယ်။ ဒါကြောင့်မို့ အဲဒီနည်းနဲ့သာသနာပြုပါ။
“ပွဲကြည့်ရင်း သာသနာပြုပါ”
နောက်ဦးဇင်းတို့ လူငယ်လူရွယ်တွေ ပွဲလမ်းသဘင်သွားတယ်။ တပည့်တော်တို့ ဦးဇင်းတို့ကို မတားမြစ် ဘူး။ အပြစ်လဲမတင်ဘူး။ ဘာကြောင့်တုန်းဆို လူငယ် လူငယ်တန်တဲ့အလျောက် ဒီလောက်တော့ ထွက်ပေါက် တော့ရှိရဦးမှာပေါ့။ ရတယ် ဒါပေမယ့် ဦးဇင်းတို့ ပွဲကြည့်တဲ့အခါမှာ ပွဲကြည့်ရင်း သာသနာပြုတတ်ဖို့လိုတယ်။
ကဲ ပွဲကြည့်ရင်း ဦးဇင်းတို့ သာသနာပြု။ ရတနာ့ဂူမှာ ဦးဇင်းလေးတွေ ထားပါတော့ ပွဲကြည့်ရင်း သာသနာပြုတာ တပည့်တော်ကြည်ညိုတယ်။ ဘယ်လိုလဲဆို သူကပွဲကြည့်တယ်။ အဲဒီမှာ အမျိုးသမီးတစ် ယောက်နဲ့ ကုလားနဲ့ ချိန်းတွေ့တာသူတို့သွားတွေ့တယ်။ ကုလားကိုဝိုင်းဖြောင်လာတာ တပည့်တော်ကျေနပ် တာ။ အဲဒါ ပွဲကြည့်ရင်း သူတို့ သာသနာပြုတာ။ မြန်မာထိရင် သူတို့မခံနိုင်ဘူးဆိုတာ သိတယ်လေ။ ဟိုကဆွဲလား ရမ်းလားလုပ်နေတာကိုး ဦးဇင်းရ။ အဲဒါနဲ့ တစ်ခါတည်း ရဲစခန်းခေါ်အပ်တာ။ တပည့်တော်က နာမည်လောက်ရှိတာကိုး။ တပည့်တော်ကို တော်တော်များများက မမြင်ဖူးကြဘူးဆိုတော့ အဲဒီမှာ စခန်းမှူး အပ်တဲ့အခါ ဝီရသူဆိုပြီး လုပ်ချသွားသေးတယ်။ တပည့်တော်နာမည် သူကရောင်းစားလာခဲ့တယ်။ တပည့်တော် ကျေနပ်ပါတယ်။ ဘာဖြစ်လို့ဆို တချို့ကိုယ်တော်တွေဆို တော်တော်ဆိုးတယ် ဦးဇင်းတို့။ တစ်ခါတည်းပေါ့နော် အတင်းအဓမ္မပေါ့ မိန်းကလေးတွေအနိုင်ကျင့်ပြီးတော့မှ တခါတည်းဟို လိပ်စာပေးပစ် ခဲ့တယ်။ ဝီရသူ မစိုးရိမ်ဆို။ ရဲစခန်းကလိုက်လာတာ ကိုယ့်ဆီကို။ နောက် အဲဒီမိခင်က တော်သေးတယ်။ ဟာ ဒီဦးဇင်းမဟုတ်ဘူးတဲ့ တော်သေးတယ် အမေကယ်လို့။ နို့မို့ဆို အချောင်မုဒိမ်းမှုနဲ့ တပည့်တော် ထောင်ကျဦးမှာ။ ဟာ အဲလိုတွေလည်းအလုပ်ခံရတယ်။ အဲဒါနဲ့စာရင် စောစောတုန်းက ကုလားအမှုမှာ ကိုယ်တော်လေးတွေလုပ် တာ တပည့်တော်အားပေးပါတယ်။ ရတယ် ဦးဇင်းတို့ ကြိုက်သလိုသုံးပါ။ ဒီလို အမျိုးဘာသာ သာသနာအတွက် အသုံးချတာ သူကလည်းဝန်ခံတယ်။ တပည့်တော် အဲလိုမပြောဘူးဆိုရင် ရဲစခန်းကပေါ့မှာစိုးလို့တဲ့။ ဟုတ်တယ်လေ ကလေးက ဒီလိုသွားတိုင်တယ်ဆိုရင် အမှုပေါ့မှာစိုးလို့။ အဲဒါနဲ့ နောက်နေ့ကျတော့ ရဲစခန်းလှမ်း ဖုန်းဆက်တယ်။ ကဲထားပါတော့ အခုကိစ္စကို ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ စီရင်ချက်ချရင် ကျုပ်ဆီကို အဲဒီမိတ္တူတစ်စောင်ပို့ပါဆို ဟိုကလဲပို့တယ်။ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းချုပ်ပလိုက်တယ်။ ခြောက်လ ကျသွားတယ်ပေါ့။ ဦးဇင်းတို့ အရင်တုန်းကလို အမှုမဲ့ အမှတ်မဲ နမော်နမဲ့နေလို့ မရဘူး။ အစစ အရာရာသတိဝီရိယရှိရမယ်။ ကိုယ့်လူမျိုးနဲ့ သူစိမ်းတွဲလာရင် မခံနဲ့ဦးဇင်းတို့။ နောက်ဆုံး ကုလားမချရင်တောင် မှ မြန်မာမ ပါးရိုက်ပစ်။ သူတို့တွေက သစ္စာဖောက်တာ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို သစ္စာဖောက်တာ။ မသိလို့ ဖြစ်ဖြစ် သိလို့ဖြစ်ဖြစ် ဦးဇင်းတို့ ချသာချ ပြဿနာဖြစ်ရင် တပည့်တော်ဆီလာခဲ့။ အဲဒီလိုမျိုးပေါ့ ဦးဇင်တို့ အမှုမဲ့ အမှတ်မဲ့နေလို့ မရဘူး။ ရပ်ထဲရွာထဲမှာ သူတို့တွေလာပြီးတော့ ဟို ကိုယ့်ကို မဆွနိုင်အောင် အဲဒီလို ဦးဇင်းတို့ ပွဲကြည့်ရင်းနဲ့ သာသနာပြုပါ။
“နိုင်ငံခြားပြန်ဆိုပြီး ခြိမ်းခြောက်မစားနဲ့”
နောက် နိုင်ငံခြားသာသနာပြု ကြွတာတွေရှိသေးတယ်။ ဦးဇင်းတို့ နိုင်ငံခြားသာသနာပြုတာတွေ ဘာအဓိပ္ပါယ်တွေနဲ့ သာသနာပြုလဲ။ စဉ်းစားနော် ဦးဇင်းတို့။ တချို့ကိုယ်တော်တွေ နိုင်ငံခြားသာသနာပြုတာ တွေကို တပည့်တော် ကြည့်ကြည့်တယ်။ နိုင်ငံခြားသွားခါနီး ဒကာဒကာမတွေဆီ အလှူခံတယ်။ နိုင်ငံခြားသွား တယ်ဆို ဒေါ်လာနဲ့ မြန်မာငွေနဲ့ လဲရတော့ မြန်မာငွေတွေအများကြီးကုန်တယ်။ ကောင်းပြီ နိုင်ငံခြားမှာ လည်ပတ်ပြန်လာတယ်။ ဒေါ်လာတွေဟိုကလှူတယ်။ အလှူခံပြီးပြန်လာတယ်။ နိုင်ငံခြားက မြန်မာတွေကလဲ အခုအကြောကိုနပ်လာတယ်။ မြန်မာပြည်ကဘုန်းကြီးတွေလာရင် အလှူခံပြီး ပြန်သွားတာပဲတဲ့။ ကဲ ဟိုကလဲ ကောက်ချက်ချနေပြီအခု။ ကဲ ဒေါ်လာတွေ အလှူခံ ဒီရောက်တော့ကော အဲဒီကိုယ်တော် ဘာလုပ်လဲ? နိုင်ငံခြား ပြန်ဆိုတဲ့စကားလုံးလေးတိုးလာပြီး အဲဒီစကားလုံးနဲ့ ခြိမ်းခြောက်ပြီး ထပ်အလှူခံစားတယ်။ ကဲဗျာ ဦးဇင်းတို့ သွားခါနီးမြန်မာတွေငွေကုန်တယ်။ ပြန်လာတော့လည်း မြန်မာတွေ ငွေထပ်ကုန်ရတယ်။ သူနိုင်ငံခြားသွားခြင်း ကြောင့် အမျိုးဘာသာ သာသနာအတွက် ဘာအကျိုးရှိသလဲ…? ဘာမှမရှိဘူး။ ကဲ အဲဒါမျိုး နိုင်ငံခြားသွားတာ မျိုးကျတော့ အထင်မကြီးကြနဲ့။ ဦးဇင်းတို့ခေတ်မှာ အဲဒီလိုလဲမဖြစ်စေနဲ့။ ဟိုမှာ နိုင်ငံခြားသွား သာသနာပြုနေတဲ့ ကိုယ်တော်တွေ ဥပမာဆိုကြပါစို့ ရိပ်သာတို့လိုမျိုး ဘာလိုမျိုး နိုင်ငံခြားမှာ ရောက်နေတဲ့ ကိုယ့်ဗုဒ္ဓဘာသာတွေ လုံခြုံအောင် သူလိုက်စောင့်ရှောက်တယ် လိုအပ်တယ်။ နိုင်ငံခြားသား ယောဂီ တစ်ယောက်စ နှစ်ယောက်စတိုးတယ် ဒါပိုကောင်းတယ်။ ကဲ အဲဒီလိုမှ မဟုတ်ပဲနဲ့ ခုက အလည်အပတ်သွားပြီး နိုင်ငံခြားသာသနာပြုဆိုတဲ့ ဘယ်နိုင်ငံ ဘယ်နှစ်နိုင်ငံ အစရှိသည်ဖြင့် ဒါတွေနဲ့ ခြိမ်းခြောက်စားနေတယ်။ အဲဒါတွေ မလုပ်သင့်ဘူး။
ကောင်းပြီ နိုင်ငံခြားကိုသွားပါ။ တပည့်တော်တို့လဲသွားချင်တာပဲ။ ဘာဖြစ်လို့လဲ နိုင်ငံခြား ဗဟုသုတနဲ့ အသိပညာတွေ အများကြီးရမှာလေ။ နိုင်ငံခြားမှာတွေ့ရှိခဲ့တဲ့ ဒေသန္တရဗဟုသုတတွေ ခေတ်တွေ နည်းစနစ်တွေ ပညာတွေနဲ့ ကိုယ့်နိုင်ငံရောက်တဲ့အခါမှာ ကဲ ဟောင်းနွမ်းနေတဲ့ နည်းစနစ်တွေကို အဲဒီသိပ္ပံပညာ နည်းစနစ်တွေ နဲ့ပေါင်းပြီး သာသနာပြုစမ်းပါ။ အမျိုးဘာသာ သာသနာအတွက် အလုပ်လုပ်စမ်းပါ။ ဘယ်လောက်ကောင်းမလဲ။ ခုဟာ နိုင်ငံခြားသွား အလှူခံ ပြန်လာ။ ဒီကသွားတော့လဲ အလှူခံသေး ဟိုကပြန်လာတော့လဲ အလှူခံသေး။ ပြန်လာတဲ့အခါ နိုင်ငံခြား ဆိုင်းဘုတ်ကြီးနဲ့ ခြိမ်းခြောက်စားသေး။ ကဲ ဘယ်မှာလဲ မြန်မာပြည်သူ ပြည်သားတွေ က နင်းပြားဖြစ်နေတာ။ တခြားလူတွေက နင်းတာမဟုတ်ဘူး ကိုယ်တော်တွေက နင်းတာ။ နင်းလို့ ပြားနေတာ သူတို့ခမျာ။ ဘာလို့ဆို ဘာတဲ့ဟေ့ဆို ဟာလှူလိုက်ရပြန်ပြီ ဘာတဲ့ဟေ့ဆို အကုန်လှူလိုက်ရပြီ။ မြန်မာပြည်သူ ပြည်သားတွေကလဲ လှူဖို့တစ်ခုပဲတတ်တယ်။ အဲလိုမျိုး ဖြစ်နေတော့ နင်းပြားဘဝနဲ့ အသိဥာဏ်မထွန်းကား တော့ဘူး။
နိုင်ငံခြားသာသနာပြု ကြွတဲ့အခါမှာ တိုးတက်နေတဲ့ နိုင်ငံမှာ တိုးတက်နေတဲ့ နည်းစနစ်တွေကို ယူပြီးတော့ မတိုးတက်နေတဲ့ ကိုယ့်နိုင်ငံပြန်ရောက်တဲ့အခါမှာ တိုးတက် အောင် ဦးဇင်းတို့လုပ်ပါ အမျိုးဘာသာ သာသနာ။ အဲဒါဆို နိုင်ငံခြားသာသနာပြု။ တချို့ဆရာတော်ကြီးတွေ ရှိတာပေါ့။ ဒီမှာ အလုပ်တွေလည်း တော်တော်လုပ်ခဲ့ပြီ၊ ကြီးလာတဲ့အခါမှာ နိုင်ငံခြား အလည်အပတ် ဒေသန္တရ အနေနဲ့ ကြွတယ်။ အဲဒါတွေအပြစ်မပြောပါဘူး။ သူတို့ခမျာ ကြွသင့်ပြီလေ။ လုပ်လာတဲ့ သက်တမ်းက မနည်း တော့ဘူး။ ကိုယ်အနစ်နာခံပြီးတော့ အလုပ်လုပ်လာတာ တပည့်တပန်းတွေလဲ မနည်းတော့ဘူး။ တပည့် တပန်းတွေက ဟိုမှာရောက်နေ ဟိုကလှမ်းပင့်လို့မှ အလည်အပတ်မကြွဘူးဆို ဘယ်ကောင်းမလဲ။ ကြွသင့် ပါတယ်။ ဘာမှမဟုတ်ဘဲနဲ့တော့ ကိုယ်ကလဲ ဟိုမှာ ဘာမှမလုပ်ပေးနိုင်ဘူး ဒီပြန်ရောက်တဲ့အခါလည်း ဘာမှ မလုပ်ပေးဘူးဆိုရင်တော့ အဲဒီပုဂ္ဂိုလ်တွေကိုတော့ နိုင်ငံတော်ကလဲ ခွင့်မပြုသင့်ဘူး။ ကိုယ်ကလဲ အဲဒီအခွင့် အရေးမယူသင့်ဘူး။ အဲဒီတော့ နိုင်ငံခြားသာသနာပြုနည်းကိုလည်းပဲ နိုင်ငံခြားက အဆင့်မြင့်တဲ့ ပညာတွေနဲ့ ကိုယ့်ဘာသာ သာသနာကို မွမ်းမံခြယ်မှုန်းချင်တယ်ဆိုရင် ကြွစေ။ ကျန်တာဆိုလို့ရှိရင်တော့ အားမပေးနဲ့။
“ကိုယ်ဘာတွေ ပေးဆပ်ပြီးပြီလဲ”
အဲတော့ ဒကာဒကာမတွေဘက်က ကြည့်လိုက်ရင် ယနေ့ တာဝန်သိပ် ကျေတာနော်။ စာသင်တိုက် ဆိုရင်လည်း လိုလေသေးမရှိ၊ ရိပ်သာဆိုရင်လည်း လိုလေသေးမရှိ။ ဟိုပိုလျှံနေလို့ မလှူအပ်မလှူသင့်တဲ့ အရာဝတ္ထုတွေ လှူလို့တောင်မှ ရေလောင်းများတဲ့ သစ်ပင် ရေအီသလိုမျိုးတောင် တချို့ ဖြစ်နေ တာတွေ့ရတယ်။ လိုလေသေးမရှိဘူး။ ဒါပေမယ့် ဦးဇင်းတို့ တပည့်တော်တို့ ပေးဆပ်ရမယ့် အပိုင်းကဏ္ဍကျ တော့ရော ကိုယ့်ဘက်ကတာဝန်ကျေပြီလား။ ဒါတွေ ပြန်စဉ်းစားနော်။ ဦးဇင်းတို့ ပြန်စဉ်းစား။ တချို့ကိုယ်တော် တွေဆိုလို့ရှိရင် တကယ် ဟို သိပ်မရောင့်ရဲနိုင်ဘူးပေါ့။ ဥပမာဆိုကြပါစို့ တကယ့်ကို ဆွမ်းကပ်ကွမ်းကပ်ဆိုလို့ ရှိရင် စပါယ်ရှယ် ဟင်းပေါင်း လေးငါးဆယ်မျိုးမက။ ဒီကြားထဲ ငရုပ်သီးထတောင်းတဲ့ကိုယ်တော်က ရှိသေးတယ်။ အဲလောက်ထိအောင် ဦးဇင်းတို့။ အဲဒီတော့ ဟိုကလဲ မရှိမဲ့ရှိမဲ့ တခါတည်းသွားပြီးတော့ မီးဖိုချောင်ထဲ လှန်လှောပြီးတော့ မရှိရင်လဲ သွားရှာခိုင်း အကြိုက်ကိုလုပ်ပေးရတာပဲ။ ဒကာဒကာမတွေ အဲဒီလောက်ထိ တာဝန်ကျေတယ်။ ကိုယ့်ဘက်က ဘာတွေပေးဆပ်ပြီးပြီလဲ။ စောစောကလို တချို့ ဒကာ ဒကာမတွေ တရားမနာတတ်ဘူး။ ချောင်းဆိုးတာတွေတို့ စကားပြောတာတွေတို့ အများကြီးပေါ့လေ။ တရားကို ဓမ္မဂါရဝဖြစ်အောင် နာတတ်အောင် သင်ပေးပြီးပြီလား။ တချို့ ဒကာဒကာမတွေ အလှူအတန်းမလုပ်တတ်ဘူး။ အဲဒီအလှူအတန်းကို သက္ကစ္စဒါနမြောက်အောင် ကိုယ်သင်ပေးပြီးပြီလား။ ကုန်ရတာခြင်းအတူတူ ပိုအကျိုးရှိတဲ့ ကုသိုလ်မျိုးလုပ်တတ်အောင် သင်ပြပေးပြီးပြီလား။ ထိခြင်းငါးပါးနဲ့ ရှိခိုးတတ်အောင် သင်ပြပေးပြီးပြီလား။ ရှိခိုး တတ်အောင် တရားနာတတ်အောင် အလှူအတန်းပြုတတ်အောင် စိတ်ထားတတ်အောင် တရားထိုင်တတ် အောင် ဦးဇင်းတို့ ဘာတွေ သင်ပြပြီးပြီလဲ။ အဲဒါတွေ ကိုယ့်ဘက်က တာဝန်မကျေရာကျတယ်။
“ရှိခိုးတတ်အောင်တော့ သင်ပေးကြပါဘုရား”
နယ်ရောက်ရင်လေ ဝမ်းနည်းစရာသိပ်ကောင်းတာပဲ။ လိုက်ကြည့် ကျောင်းပေါ်တက်လာတဲ့လူမှန်သမျှ ရှိခိုးတာကြည့်။ ထိခြင်းငါးပါး ဘယ်သူမှမရှိဘူး။ ဟာ အဲဒီမြို့မှာတော့ လူတွေက အဖွဲ့အစည်းတွေနဲ့ သံဃာတွေ အရုဏ်ဆွမ်းလောင်းဖို့အတွက် ဘာကျောင်း ညာကျောင်းတွေနဲ့ အကုန်လုံးလုပ်ထားတာ လိုလေသေးမရှိ။ ဒါပေမယ့် ကျောင်းပေါ်တက်လာတဲ့လူ တစ်ရာမှာ ရှစ်ဆယ်လောက်က အဲဒီလို ထိခြင်းငါးပါးနဲ့ ရှိမခိုးတတ်ဘူးဗျ။ အဲဒါကို ဘုရားကျောင်းကန်နဲ့ ဝေးတဲ့လူဆိုရင်ထားဦး ဂေါပကတွေဘာတွေပါကို ရှိမခိုးတတ်တာ။ ဟို ကျောင်းဂေါပကတို့ ဘုရားဂေါပကတို့ ရှိမခိုးတတ်ဘူး။ အဲဒါနဲ့ တပည့်တော် အဲဒီဂေါပကတွေလာတော့ သူ့ကျ တော့ တပည့်တော်သင်ပေးရခက်သွားတယ်။ သူက ဘုရားဂေါပက ကျောင်းဂေါပကလေ။ ကလေးဆိုရင်တော့ တပည့်တော်သင်ပေးတယ် လာဒီလိုရှိခိုး ဘာညာ။ အဲဒီတော့ ဘယ်လိုလုပ်ရတုန်းလို့ဆိုတော့ ဒကာကြီးရဲ့ ဆရာတော်ကို လျှောက်လိုက်ပါ။ ကိုယ့်တပည့်တွေ ထိခြင်းငါးပါးနဲ့ ရှိခိုးတတ်အောင် သင်ပေးပါဦးလို့ ချလိုက်တာ။ တပည့်တော် ဆရာရောတပည့်ရော ချည်တုပ်ထည့်လိုက်တာ။
ကဲ ထိခြင်းငါးပါးနဲ့ ရှိခိုးတတ်အောင် သင်မပေးဘူး ဘုန်းကြီးတွေနော်။ ကိုယ်ကျတော့ ဟို အချိုပွဲတင် မကဘူး ကွမ်းတောင်းတာနဲ့ ဆေးတောင်းတာနဲ့ စုံနေတာပဲ။ ကိုယ့်ဘက်ကကျတော့ အခွင့်အရေးတွေ ယူလိုက် ကြတာ။ ကဲ ကိုယ့်ဒကာ ဒကာမကျတော့ ထိခြင်းငါးပါးနဲ့ ရှိခိုးတတ်အောင် သင်မပေးကြသေးဘူး။ ကဲ ဘယ်မလဲ။ နောက် အဲဒါမျိုးတွေပဲ တွေ့နေရလို့ မေးကြည့်တဲ့အခါ ဟာ ကိုယ့်ကျောင်းမှာရောက်လို့ ကိုယ့်ကျောင်းကတော့ သာသနာနဲ့ဝေးနေလို့ ခုမှစထူထောင်ခါစမို့လို့နေမှာပါလို့။ တခြားကျောင်းရောက်တဲ့အခါ ကြည့်တယ် ဒီ့ထက်တောင်ဆိုးနေသေးတယ်။ ရပ်ကွက်ဓမ္မာရုံ ဆွမ်းစားကွမ်းစားတွေ အိမ်တွေကြွတဲ့ အခါလည်း ဒီ့ထက်ဆိုးနေတယ်။ ဟာ အဲဒီရွာ အဲဒီမြို့က ဘုန်းကြီးတွေ အလုပ်မလုပ်ဘူးဆိုတာ တာဝန်မကျေဘူးဆိုတာ သိပ်ထင်ရှားတာပဲ။
“ပေးဆပ်ရမည့်တာဝန်တွေ မလစ်ဟင်းစေနဲ့”
အဲဒါမျိုးတွေပေါ့နော် ကိုယ့်ဘက်က ဦးဇင်းတို့ ပေးဆပ်ရမယ့် တာဝန်တွေတော့ ဦးဇင်းတို့ မလစ်ဟင်း စေနဲ့။ အဲဒီတော့ ဦးဇင်းတို့တတွေ လက်ဖဝါးကို ကိုယ့်ကိုယ်ကို ဦးဇင်းတို့ စိမ်ပြေနပြေလေးကြည့်စမ်းပါ။ လက်ဖဝါးပေါ်မှာ ကိုယ့်ကံကြမ္မာပေါ့။ ကိုယ့်ကံကြမ္မာတင်မဟုတ်ဘဲနဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာကိုပါ ဦးဇင်းတို့ မြင်နိုင်အောင်ကြည့်။ ပြီးတော့ ကိုယ့်ကြမ္မာကို ကိုယ်ကောင်းအောင်ဖန်တီးနိုင်သလိုပဲ မြန်မာပြည်ရဲ့ ကြမ္မာကို လည်းပဲ ဖန်တီးယူနိုင်ပါတယ်။ ကိုယ့်ကြမ္မာကို ကိုယ်ကောင်းအောင်ဖန်တီးသလိုပဲ မြန်မာပြည်ရဲ့ ကြမ္မာကိုလည်း ပဲ ဦးဇင်းတို့ ဖန်တီးပါ။ ကောင်းအောင်ဖန်တီး။ မြန်မာပြည်ရဲ့ ကံကြမ္မာဟာ ဦးဇင်းတို့ လက်ဖဝါးပေါ်မှာရှိတယ်။ ဦးဇင်းတို့ လက်ထဲမှာရှိတယ်။ ဒါ့ကြောင့် တပည့်တော်ခေါင်းစဉ်ပေးခဲ့တယ် လက်ဖဝါးပေါ်ကကံကြမ္မာ၊ အဲဒီ လက်ဖဝါးပေါ်က ကံကြမ္မာကို ကိုယ့်ကံကြမ္မာတင် မအောက်မေ့ပဲနဲ့ မြန်မာပြည်အပါအဝင် အမျိုးဘာသာ သာသနာတစ်ခုလုံးရဲ့ ကံကြမ္မာဟာ ငါ့လက်ဖဝါးပေါ်မှာရှိပါကလား။ အဲဒီ ငါ့လက်ထဲမှာ ရှိပါကလားဆိုပြီး သကာလ မြန်မာပြည်အပါအဝင် မြန်မာနိုင်ငံကြီးအပါအဝင် အမျိုးဘာသာ သာသနာရဲ့ ကံကြမ္မာကို အကောင်းဆုံးဖြစ်အောင် ကိုယ်စီကိုယ်ငှ ဖန်တီးနိုင်ကြပါစေဘုရား။
(သာဓု သာဓု သာဓု)