Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0
မန္တလေး၊ ဒီဇင်ဘာ ၆
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၀.၁၀.၂၀၁၄)ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းနာယကဆရာတော် အရှင်ဇဝနနှင့် အသင်းတာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်ကြည်ကြည်မာ၊ ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး အရှင်ဉာဏိဿရနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ ဟောပြောခဲ့ကြပါသည်။
အရှင်ဉာဏိဿရမှ စည်းကမ်းလိုက်နာဖို့၊ ကြီးပွားလိုစိတ်မွေးပြီး အကောင်အထည်ဖော်ဆောင်ကြဖို့တိုက်တွန်းအားပေးကာ လူမှုအဆင့်အတန်းမြင့်မားရေးဆိုင်ရာ အသိပညာများကို ဟောပြောခဲ့ပါသည်။ ဒေါ်ကြင်ကြင်မြိုင်မှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေးဆိုင်ရာ အသိပညာများနှင့် နဂါးနီစည်းကမ်းပိုင်းများကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်သည့် အသင်းဝင် (၁၅)ဦးတို့အား တစ်ဦးလျှင် (၅)သောင်းကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခု အသင်းဝင်ဦးရေ (၆၅)ရှိပြီဖြစ်ကြောင်း သိရပါသည်။
ဇဇရပ်ကွက် စုဘူးငွေထုတ်ပေးပွဲပြီးနောက် အသင်းတာဝန်ရှိသူများနှင့် ဟောပြောပွဲတာဝန်ခံဆရာတော်များသည် နံပါတ်(၁)နဂါးနီစုဘူးရှိရာ ပြည်ကြီးတံခွန်၊ ဆရပ်ကွက်သို့သွားရောက်ပြီး ဆရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၊ အောင်ချမ်းသာဓမ္မာရုံဆရပ်ကွက်ရှိ နဂါးနီအသင်းဝင်များအား ဟောပြောပွဲကျင်းပပေးခဲ့ပါသည်။ ဟောပြောပွဲတာဝန်ခံ အရှင်ဝိစိတ္တမှ ဟောပြောခြင်းဖြစ်ပြီး ကြာမြင့်စွာပြုပ်လုပ်ခြင်း၊ အကြွင်းမရှိပြုလုပ်ခြင်း၊ အမြဲမပြတ်ပြုလုပ်ခြင်း၊ ရိုသေစွာပြုလုပ်ခြင်း၊ ပေါ်ရွှင်စွာပြုလုပ်ခြင်းဟူသော ဘာဝနာ(၅)မျိုးအကြောင်းကို ဟောပြောခဲ့ပါသည်။ “လူ့လောကသဘာဝအရ မရှိ ခိုးနိုး၊ မလှ စုန်းယိုး ထင်တတ်ကြသဖြင့် နဂါးနီစုဘူးအသင်းသား/သူတွေအနေနဲ့ လူတောဝင်ဆန့်နိုင်အောင် အပြောအဆို နေအထိုင်နှင့် ဝတ်စားဆင်ယင်မှုများ ပြုပြင်နေထိုင်ကြစေလိုပါတယ်။ နောက်ပြီးတော့ ကောင်းမှု မကောင်းမှု၊ (ကုသိုလ် အကုသိုလ်)တွေကို ခွဲခြားသိမြင်တတ်မှ လူပီသတာဖြစ်တဲ့အတွက် ကောင်းမှု မကောင်းမှုတွေကို သိအောင်ကျိုးစားပြီး ဆောင်သင့်တာဆောင်ပါ။ ရှောင်သင့်တာရှောင်ကြပါ။” စသည်ဖြင့် ဟောပြောဆုံးမခဲ့ပါသည်။
ဆရပ်ကွက်(အမှတ်-၁)နဂါးနီစုဘူးအသင်းကို ဆရာတော်ဦးဝီရသူမှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ရာ အခုအခါ အသင်းဝင်ပေါင်း (၂၃၀)အထိ တိုးပွားခဲ့ပြီဖြစ်ကြောင်း သိရသည်။






























Viewing all articles
Browse latest Browse all 2129

Trending Articles