2014-2015 စာသင်နှစ်မှာ အမှတ်လည်းမီ၊ ရည်ရွယ်ချက်လည်းကြီးမားသော ဆရာဝန်လောင်းဆေးကျောင်း သားလေးများကို ယ္ခု ဒီဇင်ဘာလမှစ၍ ထောက်ပံ့ငွေပေးအပ်နေပါပြီ။
၎ ဘာသာဂုဏ်ထူးရှင်တစ်ဦး
၅ ဘာသာဂုဏ်ထူးရှင်တစ်ဦး
၆ ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ဖြစ်ပါသည်။
ဆရာဝန်ဘွဲ့ရသည်တိုင်အောင် ထောက်ပံ့ပေးမည့်အလှူရှင်များကလည်း လေးဦးဖြစ်ပါတယ်။
ရန်ကုန်မှ ဆရာတော်နှစ်ပါး။ သင်္ဘောသားလေးတစ်ယောက်နှင့် မန္တလေးမှ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။
၎င်းဘာသာဂုဏ်ထူးရကျောင်းသားလေးနှင့် ၆ ဘာသာဂုဏ်ထူးရကျောင်းသားနှစ်ယောက်အား လှူရှင်များက တစ်လလျှင် တစ်သိန်းကျပ်စီ ထောက်ပံ့ပေးကြမှာဖြစ်ပါတယ်။
၅-ဘာသာဂုဏ်ထူးရကျောင်းသားလေးကိုတော့ အလှူရှင် သင်္ဘောသားလေးက တစ်လလျှင် တစ်သိန်းသုံးသောင်းကျပ်စီ ထောက်ပံ့သွားမှာဖြစ်ပြီး၊ နှစ်စဉ် တလလျှင် တစ်သောင်းကျပ်စီတိုးပြီး ထောက်ပံ့သွားမှာဖြစ်ပါတယ်။
အလှူရှင်များနှင့် ကျောင်းသားမိဘများကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုက်ရိုက်ဆက်သွယ်စေကာ လိမ္မာရေးခြားရှိကြဖို့နှင့် စားကြိုးစားကြဖို့ ဆုံးမသွန်သင်စေခဲ့ပါတယ်။
စာရေးသူကျောင်းမှာ တစ်လတစ်ခါ လခ ထုတ်ရင်း သြဝါဒခံယူရမှာ ဖြစ်ပါတယ်။
အသေးစိတ်သိလိုက ကာယကံမေတ္တာအဖွဲ့မှ ကိုတွတ်နှင့် ဆက်သွယ်နိုင်ပါတယ်။
ကိုတွတ်=09.5092037