Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ထန်းကုန်း မ.ဘ.သ နှစ်ပတ်လည်အခမ်းအနား”

$
0
0

၂၉.၁၁.၂၀၁၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ကို ရောက်ခဲ့ပါတယ်။
မ.ဘ.သ ဗဟိုဦးဆောင်ဆရာတော်လေး ဦးဣန္ဒာစက္က၊ မ.ဘ.သ တွဲဖက်အတွင်းရေးမှူးဆရာတော်လေး ဦးစန္ဒာသီရိ(ဓမ္မာစရိယ- B.A)တို့လည်း ပါပါတယ်။
ရွှေဘိုအထိလာကြိုသောယဉ်တန်းကြီး၊ ထန်းကုန်းမှာ ကြိုဆိုနေကြတဲ့ ပရိသတ်ကြီးကိုမြင်ရတော့ အိပ်ရေးပျက်ခဲ့တာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါ။
ထေရ်ကြီးဝါကြီးဆရာတော်ကြီးများလည်း ကြွရောက်ချီးမြှောက်ကြပါတယ်။ သံဃာစုံတုန်း မ.ဘ.သ အဖွဲ့အစည်းနှင့်ပတ်သက်တဲ့မူဝါဒ၊ လုပ်ငန်းစဉ်၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဆောင်ရွက်ချက်တွေကို ရှင်းပြရပါတယ်။
ပရိသတ်က ကျောင်းဝင်းမဆံ့လောက်အောင်ကို များပြားလှပါတယ်။ ဒီပရိသတ်ကို ဟင်းကောင်းများနှင့် ထမင်းကြွေးတဲ့အပြင် လဘက်ရည်နှင့်လည်း ဧည့်ခံပါသေးတယ်။
အခမ်းအနားကို (၁၂း၃၀)မှာစပါတယ်။ အရွယ်စုံ အလွှာစုံတဲ့ပရိသတ်ပါ။ တောသူတောင်သားတွေပဲ ဆိုပါတော့။ ကလေးငယ် ကျောင်းသူ/သားလေးတွေ မမောနိုင် မပန်းနိုင်ဘဲ ပြီးဆုံးတဲ့အထိ နားထောင်တာ ဒီတစ်ခါပဲ တွေ့ဖူးတာပါ။
ဓမ္မာစရိယဘွဲ့ရ သံဃာတော်များကို ဆုပေးအပြီးမှာ ဦးဣန္ဒာစက္က၊ ဦးစန္ဒာသီရိတို့ ဟောပါတယ်။ ထင်လင်းဦးတို့ ဘန်ကီမွန်တို့အကြောင်းတွေ ဟောကြပါတယ်။
စာရေးသူကတော့ “၉၆၉၊ မ.ဘ.သနှင့် အမျိုးစောင့်ဥပဒေ” ခေါင်းစဉ်နှင့် ဟောပါတယ်။ တဝါးဝါး ဟားရတဲ့ပွဲပါပဲ။
အခမ်းအနားပြီးတော့ အမျိုးသားရေး ဓမ္မတေးတွေဖွင့်ရင်း လက်ခုပ်လက်ဝါးတီးရင်း စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။ ပျော်စရာကြီးပါ။
ဘာကြောင့် တက်ကြွနေကြတာလဲ ဆိုရင် သံဃာတော်တွေကို ယုံကြည်ကြလို့ပါပဲ။ ထန်းကုန်း မ.ဘ.သ ဆရာတော်လေးတွေ စည်းရုံးအားကောင်းလို့ပါပဲ။
ပုညကုသလအသင်းက ယဉ်ကျေးမှုသင်တန်းပို့ချနေတာ (၇)နှစ်တောင်ရှိပြီလို့ သိရပါတယ်။ သွေးလှူအသင်းတို့၊ ကျန်းမာရေးလူမှုရေးအသင်းတို့လည်း အားတက်သရော်ပါပဲ။
ပရဟိတသမားသက်သက်တွေက ဘာသာ သာသနာကို တလေးတစား အလေးထားကြပါတယ်။
ပရဟိတကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်နေကြတဲ့ ရောင်အသွေးရှိတဲ့သူတွေသာ ဘာသာ သာသနာကို မလေးစားကြတာပါ။
လောကကြီးမှာ အရောင်အသွေးကင်းတဲ့ ပရိဟိတအဖွဲ့အစည်းတွေက များသလား? အရောင်အသွေးရှိတဲ့ ပရဟိတရောင်တွေက များသလား? စဉ်းစားဖို့ကောင်းပါတယ်နော်။
စာရေးသူကို အားပေးထောက်ခံနေကြသူတွေကတော့ အရောင်အသွေးကင်းတဲ့ ပရဟိတအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

ဟောပြောချက် နိဂုံးလေးကတော့
မယုံရတဲ့ ပါတီရယ်၊
စိတ်မချရတဲ့ ပါတီရယ်၊
ပါတီနှစ်ခုရှိပါတယ်။
မယုံရတဲ့ပါတီကို အားပေးမိရင် အလိမ်ခံရမယ်။
စိတ်မချရတဲ့ပါတီကို အားပေးမိရင် ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း ဖြစ်သွားမယ်။
ဒါကြောင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲနဲ့ မယုံကြည်ရတဲ့ပါတီထဲက ယုံကြည်ထိုက်သူတွေကို စစ်ထုတ်ရမယ်။
စိတ်မချရတဲ့ပါတီထဲက စိတ်ချထိုက်သူတွေကို ရွေုးထုတ်ရမယ်။
ဒါဟာ အနာဂတ်ကို အကောင်းဆုံး ဖန်တီးခြင်းပဲ။
ဝီရသူ (မစိုးရိမ်)
30.11.2014
PM- 7:47



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...