၁။ သန္တသုခကျောင်းတော်အရေး
၂။ စာရေးဆရာထင်လင်းဦးအရေး
“သာသနာဖျက် အံ့မောင်နှင့် မ.ဟ.န သိစေရန်”
ပီနန်ဆရာတော်ကြီး၏ ကျောင်းကိုဝင်စီးခြင်းသည် သာသနာကို ဖျက်ဆီးခြင်းသာ ဖြစ်သည်။
ဆရာတော်ဦးဥတ္တရတို့ကို ကျူးကျော်သူဟု စွပ်စွဲခြင်းသည် သူခိုးက လူဟစ်ခြင်းသာ ဖြစ်သည်။
(ဆရာသမားကျောင်းမှာ နေထိုင်ခြင်း ကိုယ့်ကျောင်းမှာကိုယ်နေထိုင်ခြင်းဖြင့် ဘယ်သူ့ကျောင်းကိုမျှ ကျူးကျော် ရာမရောက်။
ချိပ်ပိပ်ပြီးနောက် ဝင်ရောက်နေထိုင်မှသာ ကျူးကျော်ရာရောက်သည်။)
သံဃာငါးသိန်းကိုယ်စားပြုဆောင်ရွက်ခြင်း၊ သံဃာငါးသိန်းပိုင်ဆိုင်ခြင်းဆိုသည်မှာ အရူးချီးပန်းစကား သာဖြစ်သည်။
လက်ရှိနိုင်ငံတော် သံဃမဟာနာယကဆရာတော်များကို သံဃာတော်များက ရွေးကောက် တင်မြှောက်ထား ခြင်းမဟုတ်။ သံဃာငါးသိန်းပိုင်ဆိုင်သည်ဆိုလျှင် သန္တိသုခကျောင်းတော်ကြီးကို ဝင်စီးခြင်းကို သံဃာများ သဘောတူ/မတူ ဆန္ဒခံယူပြီး ဆုံးဖြတ်ရမည်။
သံဃာငါးသိန်းဆန္ဒခံယူပြီး သန္တိသုခကျောင်းတော်ကြီး၏ အနာဂတ် သာသနာကို မဲခွဲဆုံးဖြတ် အဖြေရှာ တည်ဆောက်ရမည်။
ဆရာတော်ဦးဥတ္တရတို့ကို သာသနာညှိုးနွမ်းမှု (၂၉၅)ပုဒ်မဖြင့် အရေးယူစရာ အပြစ်မတွေ့။
သန္တိသုခကျောင်းတော်ကြီးမှာ ရှုတင်များ၊ မင်္ဂလားပွဲများ နိုက်ကလာပ်များ ခွင့်ပြုထားသော အံ့မောင်နှင့် သာသနာရေးဌာန၊ ကမ္ဘာအေး မ.ဟ.န အဖွဲ့သည်သာ သာသနာညှိုးနွမ်းအောင်လုပ်သည့် တရားခံများ ဖြစ်သည်။
ဆရာတော်ဦးဥတ္တရတို့ကို မ.ဟ.နက အံ့မောင်က သာသနာရေးဌာနက သင်္ကန်းချွတ်ခွင့်မရှိ။
ဘယ်အစိုးရကမှ ချွတ်ခွင့်မရှိ။
သင်္ကန်းချွတ်သူသည် သာသနပစ္စတ္ထိက သာသနာ့ရန်သူသာဖြစ်သည်။
ထို့ကြောင့် အံ့မောင်၊ မ.ဟ.န၊ သာသနာရေးဌာနတို့ကို သာသနာဖျက်များအဖြစ် သတ်မှတ်လိုက်သည်။
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး
15.6.2014-00:34
“ဝီရသူ သဘောထား(၃/၇၆)”
သာသနာတော်နှစ်-၂၅၅၈ ခု
ကောဇာသက္ကရာဇ်-၁၃၇၆ ခု တန်ဆောင်မုန်းလ္ဆုတ်(၁၅)ရက်။
ခရဇ်နှစ် ၂၀၁၄ နိုဝင်ဘာလ ၂၁ ရက် သောကြာနေ့
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို အကြောင်းပြု၍ NLD ပါတီ ဗဟိုဌာနချုပ်၏ 18.11.2014 ရက်စွဲပါ ကြေညာချက်အမှတ် ၁၂/၁၁/၂၀၁၄ နှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေး ဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ပွဲစီစဉ်သူသည် ချောင်းဦးမြို့နယ် NLD ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်နေခြင်း၊ ဟောပြောသူသည် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်း၊ NLD ပါတီ၏ အလံတော်အောက်မှာ ဟောပြောခြင်း ဖြစ်ပါလျက် တာဝန်ယူမှု တာဝန်ခံဖြေရှင်းမှု မရှိသည့်အပြင် တာဝန်ကိုရှောင်လွှဲသည့်အနေဖြင့် မသက်ဆိုင် ကြောင်း ထုတ်ပြန်ခြင်းသည် လူမိုက်အားပေးလုပ်ရာကျပေသည်။
သားသမီးမကောင်း မိဘခေါင်းဟူသည်နှင့်အညီ ပါတီဝင်အရေးအရာ ကိစ္စများကို ပါတီက တာဝန်ယူ ဖြေရှင်းပေးရမည့် တာဝန်ရှိပေသည်။
NLD ပါတီသည် အမျိုးသားအရေး၊ ဘာသာ သာသနာအရေးများတွင် ထိုသို့ပင် အမြဲတန်း ခေါင်းရှောင်လေ့ ရှိသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးစသော နိုင်ငံရေးကိစ္စများ၌ အသုံးဝင်ကောင်း ဝင်မည်ဖြစ်သော်လည်း အမျိုး ဘာသာ သာသနာ အရေး၌ အားကိုးမရသော၊ အားမကိုးထိုက်သော၊ အားမကိုးသင့်သော ပါတီကြီးတစ်ခုဖြစ်ကြောင်း အတိအလင်း သတ်မှတ်ကြေညာလိုက်သည်။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေး။
21.11.2014 PM 10:17