Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဟုတ်တရုတ် မလုပ်နဲ့(၂)”

$
0
0
ဖဲဝိုင်းထောင် တရုတ်ကို မဖမ်းမိလို့ အလုပ်သမား ဗမာကောင်လေးကို ဖမ်းထားတဲ့အမှု မန္တလေးမှာ ဖြစ်ပွားခဲ့ပါတယ်။
ဖဲဝိုင်းထောင်သူ တရုတ်က သျှမ်းရွက်ယွမ်စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပါတယ်။
သျှမ်းရွက်ယွမ်ဆိုင်က ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်း ၃၃×၃၂ လမ်းမှာဖြစ်ပါတယ်။
ဗမာကောင်လေးက စားဖိုမှူးအကူအလုပ်သမားလေးပါ။ ဟင်းလျာတွေဝယ်ပြီး ဟင်းချက်ဖို့ ပြင်ဆင်ပေးရ တာပါ။ လခ နှစ်သိန်းခွဲရပါတယ်။ လုပ်သက်(၂)နှစ်ရှိပါပြီ။ စိုင်းကျော်မျိုးလတ်(ဘ)ဦးခင်ဝင်း(မိ)ဒေါ်နန်းအေး စော။ (၁၉)နှစ်ဖြစ်ပါတယ်။ အလုပ်ချိန်က နေ့စဉ် မနက် 9:00 မှ ည 8:00 ထိ ဖြစ်ပါတယ်။ ဆိုင်မှာပဲ အမြဲနေပါတယ်။
19.11.2014 ရက်နေ့မှာ ကျော်မျိုးလတ်က အလုပ်ပြီးလို့ သူငယ်ချင်းတစ်ယောက်နှင့် တောင်ခြေသွားနေတုန်း လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဆိုင်လုပ်သား ရဲစိုးက ဖုန်းဆက်ခေါ်ပါတယ်။ ဗမာစကားမတတ်တဲ့ တရုတ်တွေ ရောက်လာလို့ လှမ်းခေါ်တာဖြစ်ပါတယ်။
ဆိုင်ရောက်တော့ ည 9:30 နာရီရှိပါပြီ။ ဆိုင်မှာ ရဲတွေရောက်နေပါတယ်။ ဗမာစကား မပြောတတ်တဲ့ နိုင်ငံခြားသားတရုတ် ငါးယောက်ကိုလည်း တွေ့ရပါတယ်။ ဆိုင်ရှင်တရုတ်က ရဲတွေလာခါနီး ဆယ်မိနစ်အလိုမှာ ထွက်ပြေးသွားလို့ မမိလိုက်ပါဘူး။ ဗမာကောင်လေးက တရုတ်လို အနည်းအကျဉ်းပြော တတ်လို့ လှမ်းခေါ်ရတာဖြစ်ပါတယ်။ ရဲတွေက အကူအညီတောင်းလို့ ရဲစစ်ချက်ကို ဘာသာပြန်ပေးရတာ ဖြစ်ပါတယ်။
အားလုံးအပြီးမှာတော့ တရုတ်ငါးယောက်ကိုရော ဗမာကောင်လေးကိုပါ ရဲက ဖမ်းဆီးသွားတာပါ။
သျှမ်းရွက်ယွမ်ဆိုင်က အိမ်ဆိုင်ဖြစ်ပြီး ဆိုင်ပိတ်ချိန်ဆို ဒီလိုပဲ ဖဲဝိုင်းထောင်လေ့ရှိပါတယ်။ ပတ်ဝန်းကျင်က တိုင်ကြားထားတာတောင် သုံးလေးကြိမ်ရှိပါပြီ။ အခုလည်း ဆိုင်ထဲမှာပဲ ပြောင်ပြောင်တင်းတင်း ဖဲကစားကြတာ ပါ။
အမှတ်(၈)ရဲစခန်းမှာ(ပ)၆၆၄/၂၀၁၄ လောင်းကစားပုဒ်မ(၁၃)(၁၄)နှင့် အမှုဖွင့်အရေးယူထားပါတယ်။
လောလောဆယ် တရုတ်သူဋ္ဌေးကို မမိလို့ ဗမာကောင်လေးကို ဆိုင်ရှင်ပုံစံမျိုး ဖမ်းဆီးထားတာပါ။ ရဲနှင့် တရုတ်ညှိပြီးရင် ဗမာကောင်လေးက တရုတ်ကိုယ်စား ထောင်ကျခံရမည့်သဘောရှိပါတယ်။ ကောင်လေးက သဘောတူရင် နစ်နာကြေးဆိုပြီး မဖြစ်စလောက်ပိုက်ဆံလေး နည်းနည်းပါးပါးပေးပြီး ချွေးသိပ်မည့် သဘောရှိပါ တယ်။
ထောင်ထဲမှာ တရုတ်ကုန်သည်တွေအစား အကျဉ်းကျခံနေရတဲ့ ကိုယ်စားလှယ်အကျဉ်းသားတွေ အများကြီး ရှိပါတယ်။ ကြေးစားအကျဉ်းသားတွေလို့ ဆိုလို့ရပါတယ်။ မူးယဇ်ဆေးဝါးရောင်းဝယ်မှုက များပါတယ်။ ထောင်မကျခင် ဘယ်လောက်၊ ထောင်ထဲမှာနေရစဉ်ဘယ်လောက်၊ ထောင်မှလွတ်ရင် ဘယ်လောက် ပေးမယ်ဆိုတဲ့ ကတိတွေနှင့် ဗမာတွေ ခံခဲ့ကြရတာပါ။ တကယ်တော့ ထောင်မကျခင်သာ ပေးတတ်ပြီး ထောင်ထဲလည်းရောက်သွားရော မပေးကြတော့ပါဘူး။ ထောင်ကလွတ်လို့ သွားတောင်းလည်း မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ အခုလည်း ဒီပုံစံမျိုးချိုးတာ ဖြစ်မှာပါ။
သဘောတူလို့ ကျေကျေနပ်နပ်ကြီး ထောင်ထဲမှာနေပေးတာကိစ္စမရှိဘူး။ သဘောမတူဘဲနှင့် အနိုင်ကျင့်တာ ဆိုရင်တော့ ရဲရော တရုတ်ရော မလွယ်ဘူးသာမှတ်ပေတော့ပဲ။
စုံစမ်းရန်
အမှတ်(၈)ရဲစခန်း=02.36994
စခန်းမှူး=09.5193199
အမှုကိုင်=09.431015034

ဒေါ်နန်းအေစံ(အဒေါ်)=09.4402299605/09.2053340





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...