Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ငြိမ်းချမ်းရေးအတွက် မန္တလေးအခြေစိုက် နိုင်ငံရေးပါတီများ စုပေါင်းဆန္ဒဖော်ထုတ်”

$
0
0
မောင်တာ၊ မန္တလေး
တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်စဲကာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရန် မန္တလေးအခြေစိုက် နိုင်ငံရေးပါတီများနှင့် အမျိုးသားရေး အဖွဲ့များက နိုဝင်ဘာ ၂၆ ရက်နံနက်က မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။
မန္တလေးအခြေစိုက် နိုင်ငံရေးပါတီကိုးခုမှ ပါတီဝင်များနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများစုပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်းတစ်လျှောက် လမ်းလျှောက် ဆန္ဒဖော် ထုတ်ခဲ့ပြီး ပြည်သူ့ဟစ်တိုင်ကွင်းတွင် ငြိမ်းချမ်းရေးဟောပြောမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်အား ဆောလျင်စွာ အမြန်ဆုံး လက်မှတ်ရေးထိုးကြရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်အတွင်း စတင်ရန်၊ တိုင်းရင်းသားများနှင့် စိတ်ရှည်လက်ရှည် ညှိနှိုင်း အဖြေရှာကာ ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆောင်ရွက်ရန်ဟူသည့် အချက်(၃)ချက်ကို အဓိကတောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲစီစဉ်သူများက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲတွင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားနေသည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်  ဆရာတော်ဦးဝီရသူက ငြိမ်းချမ်းရေးတရားများ ဟောကြားခဲ့သည်။
ဆရာတော်ဦးဝီရသူက တိုက်ပွဲများဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံအတွက် ကပ်ဆိုးကြုံနေရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။
ဦးဝီရသူက နှစ်ဖက်အပစ်အခတ်အမြန်ဆုံးရပ်စဲရန်၊ နှစ်ဖက်တင်းမာမှုများ ချက်ချင်းလျှော့ချရန်နှင့် ငြိမ်းချမ်းရေး အမြန်တည်ဆောက်ရန် တိုက်တွန်းပြီး စစ်ပွဲများသည် နှစ်ဖက်စစ်သည်များသေကျေပျက်စီးရသည်သာမက နှစ်ဖက်စည်သည်တို့၏ မိသားစုများ၊ ဒေသခံများလည်း စစ်၏ဆိုးကျိုးခံစားနေရကြောင်း၊ ထို့အတွက် တပ်မတော်နှင့်တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုမျက်နှာကြည့်ရန်လိုကြောင်း ဆရာတော် ဦးဝီရသူကမိန့်ကြားသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဖက်ဒရယ်ယူနီယံပါတီ စသည်တို့မှ ပါတီခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေး ဟောပြောမှုများ ပြုလုပ်ခဲ့ ကြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles