Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ငြိမ်းချမ်းရေးအတွက် လိုအပ်လို့ပါ”

$
0
0
ဖိတ်မှ ကြွတာမျိုးတော့ မဟုတ်ပါ။
သမီးကလေးကျေးရွာ၊ မလက်တိုကျေးရွာ၊ မိကျောင်းကန်သပိတ်စခန်း၊ ကံကြီးကုန်း-ဇီးအုပ်အရေးကိစ္စတွေမှာ ဖိတ်လို့ကြွတာမဟုတ်ဘဲ တာဝန်သိစိတ်ဓာတ်နှင့် ကြွခဲ့တာ ဖြစ်ပါတယ်။
၄၃၆ ပြင်ရေးကို သဘောတူပြီးသားပါ။
လွှတ်တော်ထဲမှာ ပြင်ရမှာကို လမ်းပေါ်လာရှုပ်နေလို့ အားမပေးခဲ့တာပါ။
PR စနစ်ကတော့ ပါတီအချင်းချင်း အမတ်အချင်းချင်းကိစ္စဖြစ်နေလို့ပါ။
ဖိတ်တိုင်းလည်း မကြွပါဘူး။
ခေါင်းစဉ်ကြိုက်မှ ကြွပါတယ်။
ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲကို ပါတီတိုင်းလုပ်သင့်တဲ့ပွဲပါ။ ပြည်သူတိုင်း လိုလားနေတဲ့ အရေးပါ။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှင့် ၄င်းဦးဆောင်တဲ့ NLD ပါတီက အလုပ်သင့်ဆုံးဖြစ်ပါတယ်။ NLD ပါတီက လုပ်ရင် ကြွပါ့မယ်။ ကြွရောက်အားပေးတာကို မကန့်ကွက်ဘူး၊ မပြူစူဘူးဆိုရင် မဖိတ်ဘဲနဲ့လည်း ကြွပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် မသာအကူလာတာတောင် ငြူစူခဲ့ကြလို့ပါပဲ။ လူမမာကို လာအားပေးတာ တောင် ကဲ့ရဲ့ခဲ့ကြလို့ပါပဲ။
ဝီရသူ(မစိုးရိမ်)
27.11.2014
PM 6:38
27.11.2014 ရက်နေ့ထုတ် Voice သတင်းစာပါ သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။
==========================================================


“နိုင်ငံရေးပါတီကိုးခုပြုလုပ်သော ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ အရှင်ဝီရသူပါဝင်မှု ဝေဖန်မှုများထွက်ပေါ်”
မန္တလေး၊ နိုဝင်ဘာ ၂၆
မန္တလေးမြို့တော်အခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသားရေးအင်အားစုအဖွဲ့များ စုပေါင်းကာ ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ကပြုလုပ်ရာ မစိုးရိမ်ဆရာတော်အရှင်ဝီရသူ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲအရ သိရှိရသည်။
“၄၃၆ ပြင်ရေး၊ PR ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲတွေအပါအဝင် တခြားဘယ်ဆန္ဒပြပွဲမှာမှ မပါဝင်ဘဲ အခု ဒီပွဲမှာ ပါဝင်လာတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်” ဟု မန္တလေးမြို့ခံ နိုင်ငံရေးစိတ်ဝင်စားသူတစ်ဦးက ဆိုသည်။
“နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ မဖိတ်ပါဘူး။ အဲဒီအခမ်းအနားတွေကို ကြွချင်ရက်နဲ့ မကြွရတာပါ။ သူတို့က မယုံကြည်လို့ ချောင်ထိုးထားတဲ့သဘောပါ။ ဒီအဖွဲ့တွေက ဆန္ဒပြပွဲ စလုပ်မယ်ဆိုကလည်းက ဦးပဉ္စင်းကို တိုင်ပင်ပါတယ်။ အခု ကြွလာတာ ငြိမ်းချမ်းရေးအတွက် အားပေးချင်လို့ပါ” ဟု အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာခြင်းနှင့်ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို အရှင်ဝီရသူက ပြန်လည်မိန့်ဆိုသည်။
ငြိမ်းချမ်းရေးကို ပြည်သူတိုင်းလိုလားပြီး ငြိမ်းချမ်းရေးဖော်ဆောင်သည့်နေရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများဖြင့် ချီတက်နေပါက မအောင်မြင်နိုင်ကြောင်း ဆရာတော်ဝီရသူက ထပ်လောင်းမိန့်ကြားသည်။
“အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ခံမှု တာဝန်ယူမှုဆိုတာ ရှိတယ်။ အလုပ်သမားဆန္ဒပြပွဲတွေ၊ လယ်သမား ဆန္ဒပြပွဲတွေရှိတဲ့အခါ ကျွန်တော်တို့တွေ ဖိတ်လို့သွားခဲ့တာမှ မဟုတ်ဘဲ။ အသိစိတ်နဲ့ သွားခဲ့တာ။ ဥပမာ-ရွှေဝါရောင်သံဃာ့အရေးအခင်း ဘယ်သူက ဖိတ်လို့ဆိုပြီး ပါဝင်ခဲ့ကြတာမှ မဟုတ်ဘဲ။ နောက်ပွဲတွေ ဆိုရင်တော့ ဆရာတော်ဝီရသူကို ဖိတ်ကြားရတော့မယ်ထင်ပါတယ်” ဟု မန္တလေးမြို့တော်တွင် အလုပ်သမား နှင့် လယ်သမားရေးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲများကို ဆောင်ရွက်လေ့ရှိသူ ဦးသိန်းအောင်မြင့်က သုံးသပ် ပြောဆိုသည်။
ယင်းပြည်ထောင်စုငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ ဒီမိုကရေစီပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ဓနုအမျိုးသားဒီမိုကရေစီပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားရေးအင်အားစုအဖွဲ့အစည်း ခြောက်ဖွဲ့တို့ မှ ပါတီဝင်များ ပါဝင်ခဲ့ကြသည်။
ယင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ဆန္ဒဖော်ထုတ်ပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အားလုံးပါဝင်သော အခြေအနေမပေးပါက အများဆုံးပါဝင်သော သဘောတူလက်မှတ်ရေးထိုးမှုဖြင့် ဆောလျင်စွာ အမြန်ဆုံးလက်မှတ်ရေးထိုးကြရန်၊ အများစု လက်ခံနိုင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ရပ်ကို အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ တိုင်း/ရင်းသားလူမျိုးစုများအကြား ညှိနှိုင်းရန်ရှိသည့်ကိစ္စရပ် များကို စိတ်ရှည်လက်ရှည်တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းအဖြေရှာကြပြီး ထာဝရငြိမ်းချမ်းရေးပြီးမြောက်သည် အထိ အောင်မြင်စွာဆောင်ရွက်သွားကြရန် ဟူသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...