“ကင်ညာနိုင်ငံတွင် ဗလီများကို ရဲတပ်ဖွဲ့စီးနင်းရှာဖွေပြီး လက်နက်များသိမ်းဆည်း”
မွမ်ဘာဆာ-ဆိပ်ကမ်းမြို့ မွမ်ဘာဆာရှိ ဗလီများကို ကင်ညာလုံခြုံရေးတပ်ဖွဲ့များက နိုဝင်ဘာ ၉ ရက်တွင် စီးနင်းမှုများ ထပ်မံပြုလုပ်ကာ လက်နက်များနှင့် ဆိုမာလီယာဒေသမှ အယ်လ်ရှာဘတ်စစ်သွေးကြွ အဖွဲ့ ထောက်ခံသူများကို ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မွမ်ဘာဆာမြို့တွင် နိုဝင်ဘာ ၁၇ ရက်ကတည်းက စီးနင်းရှာဖွေခဲ့သည့် ဗလီလေးခု ရှိလာခဲ့ပြီး ဆဝါဖာဗလီနှင့် မင်နာဗလီတို့ကို စီးနင်းမှုအတွင်း လက်ပစ်ဗုံးများ၊ ခဲယမ်းမီးကျောက်များနှင့် မီးလောင်ဗုံးများ သိမ်းဆည်းရမိခဲ့ သည်ဟု ကင်ညာရဲတပ်ဖွဲ့ကပြောသည်။
လူ ၁၁၀ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရစ်ချတ်အမ်ဂါတီယာက ပြောကြာပြီး နိုဝင်ဘာ ၁၇ ရက်ကလည်း လူ၂၅၀ ကို ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့က ဗလီတစ်ဝိုက်ရှိ လမ်းများ ပိတ်ထားလိုက်ကာ မွမ်ဘာဆာမြို့၏ ကီဆွာနီဒေသတွင် စစ်သားများက ကင်းလှည့်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။
အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်သော အယ်လ်ရှာဘတ်အဖွဲ့ ထောက်ခံသူများနှင့် လက်နက်များ ရှာဖွေမှုအတွင်း မွမ်ဘာဆာမြို့ရှိ မူဆာဗလီနှင့် ဆာကီနာဗလီတို့ကို ရဲတပ်ဖွဲ့က စီးနင်းကာ ပိတ်ထားလိုက်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ထပ်မံစီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်က စီးနင်းမှုအတွင်း ဗလီအတွင်းရှိ လူများက ရဲတပ်ဖွဲ့ယင်များကို လက်ပစ်ဗုံးများဖြင့် ပစ်ရန်ကြိုးပမ်းစဉ် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ယင်းစီးနင်းမှုအတွင်း ရဲတပ်ဖွဲ့က လူ ၂၅၀ကျော်ကို ဖမ်းဆီးပြီး လက်ပစ်ဗုံးများနှင့် ခြောက်လုံးပြူးတစ်လက် သိမ်းဆည်းရမိခဲ့သည်။
Ref:AFP