မန္တလေး၊ နိုဝင်ဘာ ၂၁
မန္တလေးမြို့၊ ပြည်ကြည်တံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီအသင်းဝင်များအား စဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၁.၁၁.၂၀၁၄)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ဂျပန်ကျောင်းတိုက်အတွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ အစုံအလင်တက်ရောက်ကြပြီး အဝါရောင်မျိုးဆက်သစ်(Y.G.W)ဆရာတော်များဖြစ်ကြသည့် အရှင်ဝိစိတ္တ၊ အရှင်နာဂိန္ဒနှင့် အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့မှ အသိအမြင် ဗဟုသုတများ ဟောပြောပေးခဲ့ပါသည်။
အသင်းဝင် (၉၀)ဦးတို့အား တစ်ဦးလျှင် (၁)သိန်းကျပ်စီနှင့် (၂၀)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးပြီး အသစ်ထပ်မံဝင်ရောက်လာသည့် အသင်းဝင်သစ် (၃၅)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် ပထမဦးဆုံး စုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၃)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့သည်ဟု သိရပါသည်။ ယနေ့အချိန်တွင် ဆ ရပ်ကွက်၌အသင်းဝင်ဦးရေ (၂၃၅)အထိတိုးလာပြီး ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။