Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဘသ(ဗဟို) ကြေညာချက်”

$
0
0


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတန်ပြန်ကြေညာချက်
ဂျပန် ပန့်-ရှော့ခ် အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော်က ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့သည်။ ထိုအကြောင်းကို Http://www.khaosodenglish.com, Http://bangkok.coconuts.com/2014/11/13/thais-thais-rage-over-monk-robe-worn-japanese-band-japanတို့၌ တွေ့ရှိရသည်။
“ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများသည် အဆိုပါ အပြုအမူမျိုး မပြုလုပ်ရ” ဟု မြတ်ဗုဒ္ဓ ပညတ်ထားချက်ရှိသည်။
သို့ဖြစ်၍ အဆိုပါ ရော့ခ်အဖွဲ့၏ အပြုအမူသည်-
၁။ ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများ ကျင့်ဝတ်နှင့် ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်၊
၂။ ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်၊
၃။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ပင်မ ထေရဝါဒ ဗုဒ္ဓဘာသာ ၅-နိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားသော ဘာသာတရား ယဉ်ကျေးမှုအစဉ်အလာများကို မထီမဲ့မြင် ပြုရာရောက်သည်၊
၎။ ထေရဝါဒဗုဒ္ဓဘာသာဝင် ကမ္ဘာ့လူဦးရေ သန်းရာပေါင်းများစွာနှင့် ၄င်းတို့၏ ယုံကြည်မှု အခွင့်အရေးကို စော်ကားရာ ရောက်သည်၊
ထို့ကြောင့်
ထိုသို့သော အပြုအမူမျိုးကို မြန်မာနိုင်ငံအပါအဝင် ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့က ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် လုံးဝ လက်မခံနိုင်ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ကိုယ်စား မြန်မာနိုင်ငံ မဘသ အဖွဲ့ကြီးက ထုတ်ပြန်ကြေညာလိုက်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။




Viewing all articles
Browse latest Browse all 2129

Trending Articles