Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊(NLDပါတီဗဟိုဌာနချုပ်) ထုတ်ပြန်သင့်သော ကြေညာချက်”

$
0
0



၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာ၊ ဌာနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပသော ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များသည် သံဃာတော်များ မဆိုထားဘိ သာမန်အရပ်သား ဗုဒ္ဓဘာသာဝင်များသည်ပင် မခံမရပ်နိုင်ဖြစ်ကြရသည်ကို တွေ့ရှိခံစားရပါသည်။
စာရေးဆရာတစ်ဦး၊ နိုင်ငံရေးပါတီဝင်တစ်ဦးအနေဖြင့် လုံးဝမပြောသင့် မပြောထိုက်သည့် ဝစီကံမြောက် ကျူးလွန်မှုကြီးပင်ဖြစ်ပါသည်။
NLD ပါတီက စေလွှတ်ခြင်း၊ NLD ပါတီကိုယ်စားပြုသွားရောက်ဟောပြောခြင်းများ မဟုတ်ကြသော်လည်း စာရေးဆရာထင်လင်းဦးသည် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း ဖြစ်သောကြောင့် စာရေးဆရာထင်လင်းဦးနှင့် ပတ်သက်၍ NLD ပါတီမှာ တာဝန်ရှိသည်ဟု ခံယူပါသည်။
ထို့ကြောင့်
စာရေးဆရာထင်လင်းဦးကိုယ်စား NLD ပါတီ ဌာနချုပ်က အနူးအညွတ်တောင်းပန်ပါသည်။
စာရေးဆရာထင်လင်းဦးကိုလည်း သံဃာတော်များကျေနပ်လောက်အောင် တောင်းပန်ခိုင်းပါမည်။
စာရေးဆရာ ထင်လင်းဦးအပါအဝင် အခြား NLD ပါတီဝင် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသို့ မဟောပြောမိစေရေးအတွက်လည်း တာဝန်ယူပါသည်။
စာရေးဆရာတစ်ယောက်မဆိုထားဘိ မိရိုးဖလာအဆင့်သာရှိသေးသော သာမန်ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင် မကျူးလွန်ဝံ့သော၊ နိုင်ငံရေးပါတီဝင်တစ်ယောက်မဆိုထားဘိ သာမန်အရပ်သားပြည်သူတစ်ယောက်ပင် မကျူးလွန်ဝံ့သော ဝစီကံမြောက် ပြစ်မှုကြီးကို ကျူးလွန်ခဲ့သော စာရေးဆရာထင်လင်းဦးကို NLD ပါတီဝင် အဖြစ်မှလည်းကောင်း၊ NLD ပါတီ-ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အဖြစ်မှလည်းကောင်း ယနေ့မှစ၍ ထုတ်ပယ်လိုက် ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
(NLD ပါတီ ဗဟိုဌာနချုပ်ကိုယ်စား ပြေလည်နိုင်သော နည်းလမ်းကို ရှာဖွေကြည့်ခြင်းမျှသာ ဖြစ်ပါသည်။)
ဝီရသူ(မစိုးရိမ်)
20.11.2014
PM 1:53

Viewing all articles
Browse latest Browse all 2129

Trending Articles